Pages

Wednesday, February 18, 2009

ကလောရွက်သုပ် (ပီလောပီနန်ရွက်)

ပီလောပီနံရွက်၊(သို့) ကလောပီနန်ရွက်ကိုသုပ်စားတယ်။ အရသာကမဆိုစလောက်လေးခါး
သက်သက်နိုင်တယ်။ ကလောပင်ရွက်နုလေးတွေကိုလတ်လတ်ဆတ်ဆတ်ခူးပြီးပြုပ်၊ တို့စရာ
အနေနဲ့ဖြစ်ဖြစ်၊ အခုလိုသုပ်စားတာဖြစ်ဖြစ်၊အရမ်းစားလို့ကောင်းပါတယ်။ အရွက်က ရေနဲ့ထိ
နူးအိသွားတာမျိုးမဖြစ်လို့သဘောကျတာလဲပါတယ်။ ဒီမှာကတော့ကလောဥတွေအမြဲလိုလို
ရတတ်တယ်။ သူတို့ကတော့အခွံနွှာ၊ဖြစ်ပြီးတော့ casava cake ဆိုပြီးရောင်းကြတယ်။ တစ်
ချို့ကတော့စပါးလင်၊ သကြားနဲ့ပြုပ်ပြီးသရေစာအဖြစ်စားကြတယ်။ ကျွန်မကတော့အရွက်ကို
ဈေးက၀ယ်လာပြီးပြုပ်ပြီးသကာလ၊ မြေပဲဆန်၊ ကြက်သွန်ကြော်ဆီချက်၊ မန်ကျည်းနှစ်၊ ငရုတ်
သီးစိမ်းနဲ့ကောင်းကောင်းကြီးကိုသုပ်စားပစ်တာပါဘဲ။
မှတ်ချက်။ နဲနဲကြာကြာပြုပ်ရပါတယ်၊ ပြီးတာနဲ့ရေအေးလောင်းချပြီးအရည်ညှစ်သုပ်စားပါ။

9 Comments:

khin oo may said...

စိတ်ဝင်စားစရာဘဲ။ ကောင်းမဲ့ပုံ

Shinmin said...

တခါမှ မစားဖူးဘူး ကူးကူးရေ၊ အသုပ်ဆိုစားချင်နေတယ်။

စန္ဒကူးမေ said...

စားလို့အရမ်းကောင်း.. လုပ်စားကြည့်

Co2zenith said...

တစ်ညလုံး မအိပ်ဖြစ်လို့ မိုးလင်းကတည်းက ဗိုက်ထဲမှာ ဆန္ဒပြနေတာ ကော်ဖီပဲဖျော်တတ်လို့  မသိချင်ယောင်ဆောင်နေတာလေ
ခု မစန္ဒကူးမေ အိမ်ရောက်တော့ မရတော့ဘူး... :P
ကွိုင်စပြီ။

Anonymous said...

collardနဲ့တူလားဟင်..အရွက်လေးကြည့်ရတာ ဆင်နေလို့။
အဲဒီအရွက်လေးစားလို့ကောင်းတယ်။

Anonymous said...

how to call for this leaf?

စန္ဒကူးမေ said...

အင်္ဂလိပ်လိုတော့ Cassava Leaves.. လို့ခေါ်ပါတယ်။

sin dan lar said...

တစ်ခါမှ မမြင်ဖူးဘူး အဲဒီအရွက်က ချွဲသလားဟင်... စကားပြောချွဲ(နွဲ့) တဲ့သူကို
"ပီလောပင် ပက်ကျိတက်"လို့ ပြောလေ့ရှိလို့

စန္ဒကူးမေ said...

မချွဲပါဘူး..၀ါးလို့ကောင်းပါတယ်.. နဲနဲမှကိုမချွဲတာ..

Post a Comment

ကူးကူးရေ...

 
Powered by Blogger