Pages

Monday, February 23, 2009

တူနာငါး ကုန်းဘောင်ကြော်

တူနာငါးအသားတွေကိုခဲထားတဲ့အထုပ်လိုက်ဝယ်လာထားတာသတိရလို့ကြော်စားတယ်။
အသားလေးတွေကနုပြီးမွှနေတာ၊ advicer chef ကတော့ပြောပါတယ်၊လတ်လတ်ဆတ်
ဆတ်ဘဲဝယ်စားပါ၊ Frozen လုပ်ထားတာမစားပါနဲ့လို့။ ကျွန်မကသွေးမြင်ရင်မစားချင်တော့
တာကဘာအကျင့်လဲမသိဘူး၊ အထူးသဖြင့်တူနာကသွေးများတယ်လေ.ဈေးမှာဆိုခုတ်သား
တွေတောင်မှသွေးတွေနီနေတုန်း၊ ထားပါလေ..အဲဒါနဲ့ဘဲတူနာကို တောက်တောက်စင်းမလို့
စိတ်ကူးရှိပေမယ့်မထင်မှတ်ဘဲအသားတွေကနူးညံ့ပီးလက်နဲအသာဖဲ့ရင်တောင်ရတာနဲ့ဖဲ့ပီး
ဆား၊အချိုမှုန့်နဲနဲ၊ငါးငံပြာရည်နဲနဲ၊ ဂျင်းနဲနဲကိုအကုန်နှံ့အောင်နယ်ပြီးခဏထားပြီးနောက်မှာ
ဆီပူပူမှာထည့်လှိမ့်လိုက်ပါတယ်။ ပြီးမှကြက်သွန်ဖြူကိုတောက်တောက်စင်းပြီးထည့်မွှေ၊
ငရုတ်သီးအနီတောင့်လတ်လတ်ဆတ်ဆတ်ကိုအကွင်းလိုက်လှီးပြီးထည့်၊ကြက်သွန်နီဥကြီးကို
ပါးပါးလှီးပြီးထည့်၊ အားလုံးမွှေလိုက်တော့မိနစ်ပိုင်းအတွင်းမှာဘဲတူနာငါးကုန်းဘောင်ကြော်ရ
ပါပီ။အရသာကကြက်သားကြော်လိုဘဲနူးပြီးအရမ်းစားလို့ကောင်းတာ..အသားလုံးကြော်နဲ့
တထပ်တည်းအရသာတူတယ်လို့ဘဲပြေပါရစေတော့.. ကဲ..လုပ်စားကြမလား.....




2 Comments:

subuueain said...

မစားဖူးဘူး။ စားချင်တယ် :)

Co2zenith said...

စိတ်ဝင်စားတရ်ဆိုတာ သိရလို့ 
အ၇မ်းကို ၀မ်းသာပါတရ် စန္ဒကူးမေ၊၊
တူနာငါး ကုန်းဘောင်ကြော် နည်းကို သေချာမှတ်သွားတရ်
တကယ်စိတ်ဝင်တစား ကို မှတ်သွားတရ်နော်။
ဘယ်ဆိုင်မှာ ကောင်းလည်း သိလားဟင်...

:P

Post a Comment

ကူးကူးရေ...

 
Powered by Blogger