Skip to main content

Posts

Showing posts from August, 2010

အသည်းဝေဒနာရှင်အတွက် အစားသောက်များ

ကျွန်မဌားလာတဲ့စာအုပ်လေးထဲက အစားသောက်ဇယားလေးကို တင်ပေးလိုက်ပါတယ်။ နည်းနည်းတော့ တူတာလေးတွေ ရောထည့်ထားပေးတယ်။ ပထမဆုံးကတော့ ကိုကြီးကျောက် လဲစိတ်ဝင်စားရင် စမ်းကြည့် လို့ ရအောင်ပါ။ ဒီအစားသောက်တွေကတော့ ဆေးနေရာအစားထိုးဖို့မဟုတ်ပါဘူး။ (ပြောသာပြောတာ လင့်ခ် ဖို့သွားကြည့်တော့ သူက ပိုစ့်အသစ်တောင်တက်... အသည်းခွဲဇတ်လမ်းလေးရေး အလွမ်းတွေ ဝေနေ တယ်) အသည်းရောဂါသည်တွေအ၀ါနဲ့ကင်းလို့မရဘူး၊ ရွှေဖရုံသီး၊ သင်္ဘောသီး အစရှိတဲ့အ၀ါရောင် အသီးတွေ စားပေးရမယ်။ ကင်ဆာရောဂါ ကာကွယ်လိုသူများနဲ့ ဖြစ်နေတဲ့သူများကတော့ ကယ်လိုရီအများကြီးပါတဲ့အစာ၊ ပရိုတင်း အများကြီးပါတဲ့ဟာ နဲ့ အဆီနဲနဲစားသောက်တဲ့အကျင့်ကိုလိုက်ပေးရမှာဖြစ်ပြီးတော့ တတ်နိုင်သလောက် အသီးရွက်နဲ့ အသီးအနှံလတ်လတ်ဆတ်ဆတ်ကိုသာ စားပေးရမှာဖြစ်ပါတယ်တဲ့။ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားသောက်တွေတတ်နိုင်သလောက် ရှောင်ရပါမယ်။ အသည်းဝါ၊ နဲ့အသည်းရောဂါသည်တွေလဲ သိပ်မကွဲခြားဘဲ ကယ်လိုရီပမာဏများများပါဝင်တဲ့အစာနဲ့ အဆီနဲနဲ အစားသောက်ကို လေ့ကျင့်စားပေးရမှာဖြစ်ပါတယ်။ ကင်ဆာရောဂါကာကွယ်ဖို့အတွက်အဓိက ကတော့ ဗီတာမင် အေ နဲ ဘီ ပါဝင်တဲ့အစာတွေများများစား ပေး ပါ။ အဲဒါတွေကတော့.. Vitamin A မြင့်မားသောပမ

ငါးနှစ်ကောင်၊ စာအုပ်(၃)အုပ်နှင့် အပင်နှစ်ပင်

နှစ်အတော်ကြာ စာအုပ်ဖတ်တဲ့အကျင့်ကိုဖျောက်ထားတာကြာပြီ။  ကျောင်းစာရယ်၊ ဘလော့ပေါ်ကစာတွေ ရယ်ကလွဲလို့ အခြားစာအုပ်တွေဖတ်ကိုမဖတ်ဖြစ်တော့တာ။  အွန်လိုင်းက စာအုပ်တွေလဲဖတ်မယ်တစ်ကဲကဲ နဲ့ ဒေါင်းလုဒ် လုပ်ထားတာလဲ တစ်မျက်နှာနှစ်မျက်နှာလောက်ဖတ်ပြီးတာနဲ့ recycle bin ထဲရောက်တာဘဲ။  အရင်က စာအုပ်ဖတ်တာဝါသနာပါတာထမင်းမေ့ဟင်းမေ့၊ ဘာကြောင့်မှန်းကိုယ့်ကိုကိုယ်မသိဘူး၊ စာအုပ် ကိုင်မိတာနဲ့အိပ်ချင်တာဘဲ။  ဒီအပတ်တော့ရုံးက library ကိုဝင်ပြီး(၂) နာရီလောက်ကြာမှစာအုပ် (၃)အုပ်နဲ့ထွက်လာခဲ့တယ်။ စာအုပ်တွေ အများကြီး၊ အသစ်တွေရော အဟောင်းတွေရော၊ ကိုယ်စိတ်ဝင်စားလောက်မယ့်စာအုပ်လိုက်ရှာတာ.. ကိုယ့် ကိုယ်တိုင်ဘာကို စိတ်ဝင်စားမှန်းမသိတော့ တော့လဲခက်သား။    Healing wonder of diet ကိုအရင်ဆုံးစဖတ်တယ်၊ တော်တော်လေးကောင်းတယ်။ နောက်မှ ရောဂါအလိုက် စားရမယ့် နေ့စဉ် menu လေးတွေတင်ပေးအုံးမယ်။  စာအုပ်ဖတ်ပြီး ပေါင်မုန့်တောင်ကိုယ်တိုင်လုပ်ပြီး စားဖို့ အထိကိုကြံစဉ်နေပြီ။  ကျွန်မအတွက်တော့သွေးတိုးရှိတော့ ကော်ဖီ၊ လက်ဖက်ရည် နဲ့ အခြား soft drink တွေ ရှောင်ကိုရှောင်ရမယ်၊ ပြီးတော့ဟင်းခတ်အစာပလာတွေလဲရှောင်ရမယ်တဲ့။  အဓိက ကတော့ sodium ပါတဲ့ အစားသောက်တွေအကုန်ရှော

ပဲပြားဆုပ်လုံး

သတ်သတ်လွတ်စားချင်သူများအတွက် ပဲပြားဆုပ်ကြော်ပါ။ ဒီမှာက ပဲပြားလတ်လတ်ဆတ်ဆတ်ရတယ်။ ရုံးကလူတွေသတ်သတ်လွတ်တွေချည်းမို့ ကျောင်းတစ်ခုက ပဲပြား၊ ပဲနို့၊ ဂျယ်လီပဲတိုဖူး၊ နဲ့ အခြားသတ်သတ်လွတ်ချက်စရာ ပေါင်းစုံလုပ်ပြီးတစ်ပတ်တစ်ခါ လာရောင်း တယ်။ မြန်မာပြည်ကပဲပြားလိုမျိုး လေးထောင့်အတုံးလေး.. တွေကိုတော့ ဈေးမှာဝယ်လို့ရတယ်၊ မှတ်မိသေးတယ်၊ တစ်ခါတစ်ခါဆို ပဲပြားတုန်းလေးတွေပေါ် တြိဂံပုံတွေ အသည်းပုံလေးတွေ ဖော်ထားတာ ပါသေးတယ်။ ဒါပေမယ့် ဒီက university တစ်ခုကကျောင်းသား တွေလုပ်ပြီးလာရောင်းတဲ့ ပဲပြားအတုံးကြီးကြီးကတော့ ၀ယ်တဲ့သူလက်ထဲရောက်တဲ့အထိ နွေးနေ တုန်းဘဲ။ အရမ်းကိုလတ်ဆတ်တယ်။  သူတို့လဲ စီးပွားရေးအရမ်းကောင်းတယ်၊ တစ်ပတ်ကို တစ်ခါထုတ်တဲ့ပဲပြားတင်အသားတင်အမြတ်ငွေက $1500 လောက်ရှိတယ်။ ကျွန်မအတွက်တော့ တစ်တုံးဝယ်ရင်အများကြီးမို့မကုန်တော့ သိမ်းထားလဲကြာရင်စားမကောင်းတော့ဘူး။ ဒါကြောင့် ၀ယ်တာရှားတယ်၊ တစ်ခါတစ်လေ သူငယ်ချင်းမလေးတစ်ယောက်နဲ့ ၀ယ်ပြီးတစ်ယောက် တစ်ဝက် ခွဲကြတယ်၊ တစ်တုံးကြီးကို $ 2. တစ်ဝက်ကိုအနေတော်လှီး ဆီအိုးကပ်လေးနဲ့ကြော်ပီးရေခဲသေတ္တာထဲထည့်၊ ကျန်တဲ့တစ်ဝက်ကိုတော့ တောက်တောက်စင်းပြီး ဂျုံမှုန့် နှစ်ဇွန်း ဆားအနည်းငယ် ပဲငြံ

ကျန်းမာရေး လိုက်စားသည်။

တစ်ပတ်အတွင်း ထမင်းဟင်းနှင့်ဝေးးးး.....

Passport အသစ်လဲသည်။

ကျွန်မပတ်စပို့က သက်တမ်း (၆)လဘဲကျန်တော့တယ်။ ဒီကြားထဲခရီးသွားလာစရာရှိအခက်ခဲဖြစ်မှာစိုးတာ နဲ့ သက်တမ်းတိုးဖို့သံရုံးကိုရောက်သွားတယ်။  နိုင်ငံရပ်ခြားရောက်ပြီး ၄ နှစ်ကျော်ကာလမှာ သံရုံးရောက် တာ၊ စုစုပေါင်း (၂) ခါဘဲရှိသေးတယ်။  ရောက်ရောက်ခြင်းမှာ အခွန်ကိစ္စနဲ့ ဒီနိုင်ငံရောက်ကြောင်းသွားအသိပေး တာ။ နောက်တစ်ခေါက်တော့ X နဲ့ --/ သွားပီးမဲပေးတာလေ။ နောက်ပိုင်းတစ်နှစ်တစ်ခါအခွန်ဆောင်တိုင်း ရုံးက ကားဆရာကိုလွှတ်ပီးစာရေး၊ ပိုက်ဆံထည့်ပီးသွားဆောင်လိုက်တာဘဲ။  အရင်တစ်ခေါက်သက်တမ်းတိုးတော့ သူငယ်ချင်း KG ရှိတော့အရမ်းကိုအဆင်ပြေတယ်၊ သူဘဲ ဖောင်သွားယူလာပေး၊ ကျွန်မကဖြည့် ဆက်ပီးတော့ သူဘဲ အကုန်လိုက်လုပ်ပေးထားတော့ သွားစရာမလိုဘဲပြီးသွားတယ်။ ဒီတစ်ခေါက်လဲ သက်တမ်းတိုးဖို့ ဖောင်လူလွှတ်ယူခိုင်းတော့ ကိုယ်တိုင်လာခိုင်းတာနဲ့ သံရုံးကိုအရောက် လှမ်း ရပါတယ်။  သံရုံးရှိတဲ့ နေရာ ကျွန်မနေတဲ့နေရာနဲ့ဝေးတာကြောင့် မသွားချင်ဘူး၊ ကားတွေများ လူတွေထူထပ် တဲ့နေရာ ခေါင်းမူးတယ်။၊  မနက် (၆)နာရီထွက် ဟိုကို ၉ နာရီမှရောက်တယ်၊ သံရုံးမဖွင့်သေးတော့ အနားက KFC မှာသွားထိုင်စောင့်နေရတယ်။ သံရုံးရောက်တော့ အားလုံးလူအသစ်တွေ၊ မြန်မာတွေလဲသိပ်မရှိတော့ မတန်းစီရဘူး၊ ဒါေ

Putra ပန်းပြပွဲ

ပန်းပြပွဲရောက်သွားတယ်။  ပုခုံးနာနေတာကို သွားနှိပ်မိတော့ ပိုဆိုးသွားတော့ ခေါင်းလှည့်လို့မရဘူး။   ဒါနဲ့ဘဲ မစွမ်းမသန်လိုလိုနဲ့ ပန်းပြပွဲဆီအရောက်သွားခဲ့သေးတယ်။  ပစ္စည်းတွေထည့်ရင်း ကျွန်မလက်စွဲတော် ကင်မရာလေးမပါသွားဘူး။ ဗွီဒီယိုကင်မရာနဲ့ရိုက်တော့ သိပ်စိတ်တိုင်းမကျဘူး။ မရှိတာထက်စာရင်တော့တော်သေးတာပေါ့လို့ဖြေသိမ့်လိုက်တယ်။ ပန်းအစစ်တွေနဲ့အလှဆင်ထားတဲ့ ပုံလေးတွေတွေ့ရတယ်၊ အရမ်းလှတယ်၊ တစ်နှစ်တစ်ခါလုပ်တယ် ပြောတာဘဲ။  ဒီအလုံးလေးက သူတို့တွေအိမ်တိုင်းလိုလိုအမြတ်တနိုးချိတ်ဆွဲ ထားတဲ့ပန်းအိုး ကနေပွင့် လာတဲ့အလုံးချောင်းလေးပေါ့၊ အထိပ်လေးကအဖုံးလိုအဖွင့်လေးနဲ့။  ကျွန်မအတုထင်လို့ သွားကိုင် ကြည့်လိုက်သေးတယ်။ အပင်အစစ်း) လိုချင်စရာသစ်ခွတွေ တစ်ပုံတစ်အောဘဲ...  နေရာစုံတောင်မကြည့်နိုင်ဘူး။ ဈေးလဲပေါတယ်၊  ကျွန်မ ရောက်ခဲ့တဲ့နေရာတိုင်းက ဈေးနဲ့ယှဉ်ကြည့်ရင်အများကြီးသက်သာသလို သစ်ခွမျိုးတွေလဲစုံတယ်။ ချင်းတောင်ရောက်တုန်းကတွေ့ခဲ့တဲ့သစ်ခွနီတွေလဲတွေ့တယ်။  အရောင်စုံအသွေးစုံနဲ့  အနားကကို မခွာ ချင်တော့ဘူးတစ်ကယ်။ ကလေးတွေလဲကြိုက်၊ လူကြီးတွေလဲစိတ်ဝင်စားစရာကောင်းအောင် ပန်းတွေနဲ့အသီးနှံတွေနဲ့ လုပ်ထားတဲ့အရုပ်လေးတွေကလဲ နိုင်ငံခြားသားအမျာ