Pages

Saturday, August 21, 2010

ပဲပြားဆုပ်လုံး

သတ်သတ်လွတ်စားချင်သူများအတွက် ပဲပြားဆုပ်ကြော်ပါ။
ဒီမှာက ပဲပြားလတ်လတ်ဆတ်ဆတ်ရတယ်။ ရုံးကလူတွေသတ်သတ်လွတ်တွေချည်းမို့ ကျောင်းတစ်ခုက ပဲပြား၊ ပဲနို့၊ ဂျယ်လီပဲတိုဖူး၊ နဲ့ အခြားသတ်သတ်လွတ်ချက်စရာ ပေါင်းစုံလုပ်ပြီးတစ်ပတ်တစ်ခါ လာရောင်း တယ်။
မြန်မာပြည်ကပဲပြားလိုမျိုး လေးထောင့်အတုံးလေး.. တွေကိုတော့ ဈေးမှာဝယ်လို့ရတယ်၊ မှတ်မိသေးတယ်၊ တစ်ခါတစ်ခါဆို ပဲပြားတုန်းလေးတွေပေါ် တြိဂံပုံတွေ အသည်းပုံလေးတွေ ဖော်ထားတာ ပါသေးတယ်။ ဒါပေမယ့် ဒီက university တစ်ခုကကျောင်းသား တွေလုပ်ပြီးလာရောင်းတဲ့ ပဲပြားအတုံးကြီးကြီးကတော့ ၀ယ်တဲ့သူလက်ထဲရောက်တဲ့အထိ နွေးနေ တုန်းဘဲ။ အရမ်းကိုလတ်ဆတ်တယ်။ 
သူတို့လဲ စီးပွားရေးအရမ်းကောင်းတယ်၊ တစ်ပတ်ကို တစ်ခါထုတ်တဲ့ပဲပြားတင်အသားတင်အမြတ်ငွေက $1500 လောက်ရှိတယ်။
ကျွန်မအတွက်တော့ တစ်တုံးဝယ်ရင်အများကြီးမို့မကုန်တော့ သိမ်းထားလဲကြာရင်စားမကောင်းတော့ဘူး။ ဒါကြောင့် ၀ယ်တာရှားတယ်၊ တစ်ခါတစ်လေ သူငယ်ချင်းမလေးတစ်ယောက်နဲ့ ၀ယ်ပြီးတစ်ယောက် တစ်ဝက် ခွဲကြတယ်၊ တစ်တုံးကြီးကို $ 2.
တစ်ဝက်ကိုအနေတော်လှီး ဆီအိုးကပ်လေးနဲ့ကြော်ပီးရေခဲသေတ္တာထဲထည့်၊ ကျန်တဲ့တစ်ဝက်ကိုတော့ တောက်တောက်စင်းပြီး
ဂျုံမှုန့် နှစ်ဇွန်း
ဆားအနည်းငယ်
ပဲငံပြာရည်
ဂျင်း ထောင်းထားတဲ့အရည်
နံနံပင် အချဉ် (နံနံပင်လတ်လတ်ဆတ်ဆတ်မရှိလို့ ထိုင်းကလာတဲ့ ဗူးလေးတွေပါ)
အရောင်တင်ငရုတ်သီးမှုန့်အနည်းငယ်..
အားလုံးသမအောင်ရောမွှေပြီးလုံးထားလိုက်ပါ။  တစ်ညလောက်ရေခဲသေတ္တာထဲထည့်ထားပြီး စားချင်တဲ့ အချိန် ထုတ်ပီး ကြော်စားရုံပါဘဲ။  ကြော်ပြီးဘဲချက်စားစား ၊ ဘယ်လိုစားစား အရသာလဲရှိ၊ ကျမ်းမာရေး အတွက်လဲ သင့်တော်တဲ့ ပဲပြားဆုပ်လေး၊ စီးနေတာဘဲ.. ငါးဖယ်ဆုပ်လိုမျိုးဘဲ (ငါးနံ့တော့ရ၀ူးလေ)။  ပဲပြားကိုဒီတိုင်းကြီးစားနေရ ရင် ကြာတော့ ပျင်းလာရောလား..ဒါကြောင့် နောက်တစ်မျိုး စမ်းကြည့်တာပေါ့။  ကျွန်မတော့ ကြော်ခါနီးမှာ အကြော်မှုန့်အရည်နဲ့ ထပ်နှစ်ပီး ကြော်လိုက်တယ်.. ပိုပြီး ရွရွလေးဖြစ်တာပေါ့။း))

3 Comments:

အဖြူရောင်နတ်သမီး said...

အခုလို ဥပုသ်လတွေမှာ သက်သတ်လွတ်စားသူတွေအတွက်
ပိုအဆင်ပြေတာပေါ့နော်...
အမလည်း စားချင်တယ်...
မွမွလေး နဲ့ မွှေးမွှေးလေး...

Anonymous said...

ကြိုက်တယ်မမကူး
လာလာဖတ်တယ် ရုံးကဆိုတော့မန့်ဖို့အဆင်မပြေလို့
ထော

လုလု said...

ကူးကူးလေးရေ့ 
မမလည်း ပဲပြားဆို သိပ်ကြိုက်။ အခု ကူးကူးလုပ်ထားတဲ့ ပဲပြားဆုပ်လုံးကြော်လေး စားသွားပြီနော်။

Post a Comment

ကူးကူးရေ...

 
Powered by Blogger