Pages

Tuesday, August 3, 2010

Putra ပန်းပြပွဲ

ပန်းပြပွဲရောက်သွားတယ်။  ပုခုံးနာနေတာကို သွားနှိပ်မိတော့ ပိုဆိုးသွားတော့ ခေါင်းလှည့်လို့မရဘူး။  
ဒါနဲ့ဘဲ မစွမ်းမသန်လိုလိုနဲ့ ပန်းပြပွဲဆီအရောက်သွားခဲ့သေးတယ်။  ပစ္စည်းတွေထည့်ရင်း ကျွန်မလက်စွဲတော် ကင်မရာလေးမပါသွားဘူး။ ဗွီဒီယိုကင်မရာနဲ့ရိုက်တော့ သိပ်စိတ်တိုင်းမကျဘူး။ မရှိတာထက်စာရင်တော့တော်သေးတာပေါ့လို့ဖြေသိမ့်လိုက်တယ်။
ပန်းအစစ်တွေနဲ့အလှဆင်ထားတဲ့ ပုံလေးတွေတွေ့ရတယ်၊ အရမ်းလှတယ်၊ တစ်နှစ်တစ်ခါလုပ်တယ် ပြောတာဘဲ။  ဒီအလုံးလေးက သူတို့တွေအိမ်တိုင်းလိုလိုအမြတ်တနိုးချိတ်ဆွဲ ထားတဲ့ပန်းအိုး ကနေပွင့် လာတဲ့အလုံးချောင်းလေးပေါ့၊ အထိပ်လေးကအဖုံးလိုအဖွင့်လေးနဲ့။  ကျွန်မအတုထင်လို့ သွားကိုင် ကြည့်လိုက်သေးတယ်။ အပင်အစစ်း)

လိုချင်စရာသစ်ခွတွေ တစ်ပုံတစ်အောဘဲ...  နေရာစုံတောင်မကြည့်နိုင်ဘူး။ ဈေးလဲပေါတယ်၊  ကျွန်မ ရောက်ခဲ့တဲ့နေရာတိုင်းက ဈေးနဲ့ယှဉ်ကြည့်ရင်အများကြီးသက်သာသလို သစ်ခွမျိုးတွေလဲစုံတယ်။ ချင်းတောင်ရောက်တုန်းကတွေ့ခဲ့တဲ့သစ်ခွနီတွေလဲတွေ့တယ်။  အရောင်စုံအသွေးစုံနဲ့  အနားကကို မခွာ ချင်တော့ဘူးတစ်ကယ်။
ကလေးတွေလဲကြိုက်၊ လူကြီးတွေလဲစိတ်ဝင်စားစရာကောင်းအောင် ပန်းတွေနဲ့အသီးနှံတွေနဲ့ လုပ်ထားတဲ့အရုပ်လေးတွေကလဲ နိုင်ငံခြားသားအများစုကိုဆွဲဆောင်နိုင်တယ်။ အသီးနှံစုံ ခင်းကျင်းပြထားတာလဲ တစ်ထိုင်တည်းကို အိုးယူပီးသွားချက်စားချင်တာ။
ဒါကတော့အခုမှတွေ့ဖူးတဲ့ ၀ါးပွင့်ပါ။  ၀ါးပင်ကပွင့်တဲ့အပွင့်တဲ့...  ၀ါးပွင့်က တွေ့ရခဲတယ်ပြောတာဘဲ။ 

ပဲတောင့်ရှည်၊ သံပုရာသီး၊ ချဉ်ပေါင်ရွက်၊ ငရုတ်သီးမျိုးစုံနဲ့ ဌက်ပျောဖူး၊  အစုံဘဲ ရိုက်လာခဲ့သလောက်ဘဲ တင်ထားပေးတယ်။ 

photos credit to **nemo**

4 Comments:

အနှိုင်းမဲ့ said...

အပင်လေးတွေ..အပွင့်လေးတွေက စိမ်းစိမ်းစိုစိုနဲ့လှလိုက်တာ...
ဝါးပွင့်ကအပွင့်ပွင့်တယ်ဆိုတာတောင် အခုမှကြားဖူးတာ..ကြားဖူးတာနဲ့တစ်ပြိုင်နက် မြင်ပါမြင်ဖူးပြီးသွားပြီ...ကျေးဇူးပါ ကုးကူးရေ.. :)

လုလု said...

ကူးလေးရေ့  လှလိုက်တဲ့ပုံလေးတွေ။ စိမ်းစိုလှပသာယာလိုက်တာ။ ပြီးတော့ ၀ါးပွင့်လေးတွေလည်း အခုမှ တွေ့ဖူးတယ်။ မြန်မာအဆိုမှာတော့ ၀ါးပွင့်ရင် မကောင်းဘူး ပြောကြတယ်။ ဒါပေမယ့် တွေ့ဖူးရတာ အမြတ်ပဲနော်။ ၂ ကျပ်ခွဲမပါပေမယ့် ပါတဲ့ဟာနဲ့ မှတ်တမ်းတင်ပြီး မျှဝေပေးတာ ကျေးဇူးနော် ညီမလေးရေ။

rose of sharon said...

ပန်းကလေးတွေလှလိုက်တာနော်.. လိုချင်လိုက်တာ

SHWE ZIN U said...

ညီမ ရေ

လှလိုက်တဲ့ ပုံလေးတွေ ကျေးဇူးဘဲ သားရေကိုကျသွားတာဘဲ

ညီမစီ အခုမှရောက်တော့ တယ် အမ လင့်ပြောင်းချိတ်တော့ ကျန်သွားတာ အခုမှ ပြန်ချိတ်ရမယ် ညီမ လည်း ပြောင်းချိတ်ထားပေးအုန်းနော်

http://www.shwezinu.com

ခင်တဲ့
ရွှေစင်ဦး

Post a Comment

ကူးကူးရေ...

 
Powered by Blogger