Skip to main content

Posts

Showing posts from February, 2013

ကျွန်မလည်းအလှပြင်သည် (၂)

အသက်လဲသုံးဆယ်စွန်းလာတာနဲ့အမျှအရင်ကအိမ်မှာနေတဲ့အချိန်နဲ့ ဈေးသွားတဲ့အချိန်ကလွဲလို့ မျက်နှာပြောင်နေတတ် တဲ့အကျင့်က ပျောက်သွားတယ်။ အလှပြင်ပီးသောမျက်နှာအပိုင်းစများ..း)) အခုနောက်ပိုင်းတော့ အပြင်ထွက်တာနဲ့အလှပြင်သွားရမှ.. အ၀တ်အစားက အဓိက မကျဘူး။ မျက်နှာပြောင်နဲ့ဆို သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်ရပါ့။ သူတို့ကလစ်ရင်လစ်သလို ဖုန်းနဲ့ ဓာတ်ပုံရိုက်၊ facebook ပေါ်တန်းရောက်တော့ ကိုယ့်ကိုကြည့်ပီး... အဝေးက သူငယ်ချင်းတွေရော မိသားစုတွေက ပါ နေမကောင်းတဲ့ရုပ်လို့လှမ်းထင်ကြေးပေးကြ၊ စိတ်ပူပီး ခေါ်မေးတာနဲ့ဘဲ..... အပြင်ထွက်ပြီဆိုရင်တော့ အလှမပြင်ဘဲမထွက်တော့ဘူး။  အလှပြင်ပစ္စည်းဆိုတာလဲ ဈေးကြီးတိုင်းကောင်းတာမဟုတ်သလို ကိုယ်နဲ့ သင့်တင့်မှ လဲ သုံးလို့ ကောင်းမယ်မဟုတ်လား။ ကျွန်မအတွက်တော့ အလှပြင်ပစ္စည်းကို ဈေးကြီးကြီးပေးမ၀ယ်ရဲဘူး။  ၀ယ်ခဲ့ရင်တောင်သုံးရတာစိတ်မချမ်းသာဘူး။  တစ်ကယ်လည်းကောင်းမယ်၊ အသားရေလဲမပျက်ဆီးဘူးဆိုရင်တော့ ပေးရတာတန်ပါတယ်။ ရုံးမှာ အလုပ်တူလုပ်တဲ့သူတွေရော၊ သူငယ်ချင်းတွေရော.. မောင်လေး၊ ညီမလေး တို့က အစ လက်ဆောင်တွေပြောင်းသွားတယ်..အရင်က အရုပ်လေးတွေပေးပေမယ့် အခုတော့အလှပြင်ပစ္စည်းလေးတွေအစားထိုးဝင်လာတယ်..အလြှ

Winterlude 2013

မုန်လာသီးချဉ်ရည် (ရွက်စား)

ဒီဇင်ဘာရန်ကုန်ပြန်ပီးပြန်ရောက်တော့စိုက်ထားတဲ့ရွက်စားမုန်လာအသေးတွေအပွင့်တွေ ပွင့်လို့အသီးတောင်ထွက်နေပီ...ပြန်ရောက်ပီးတစ်ပတ်အတွင်းခရီးစဉ်ရှိသေးတာနဲ့ ဒီတစ်ခေါက် ခရီးကပြန်လာရင်တော့ နှုတ်ပစ်ပီးအသစ်လေးတွေထပ်စိုက်မယ်လို့ စိတ်ကူးနဲ့ မှန်းကြည့်ပီး.... ကျွန်မရောက်ခဲ့တဲ့နေရာမှာ ထုံးစံအတိုင်း အသီးရွက်ဈေး သွားလှည့်ကြည့်ရင်းနဲ့ မုန်လာသီးလေးတွေကို အထုပ်လေးတွေနဲ့ စနစ်တစ်ကျထုပ် ပြီး ရောင်းနေတာတွေ့တာနဲ့ ၀မ်းသာအားရ..အဲဒါစားလို့ရသလား... ဘယ်လိုချက်စားလဲ ဆိုပီးစပ်စုခဲ့ပါတယ်..သူတို့က တော့ Himbabao လို့ခေါ်တဲ့ မြှောင်မြှောင်ရှည်ရှည်အသီးလေးတွေနဲ့ soup ချက်စားကြတယ်။ ပြန်ရောက်တော့ ခြံထဲကိုဝမ်းသာအားရပြေးသွားပီး ရွက်စားမုန်လာသီးလေးတွေကို ခူးလာခဲ့တယ်။  အဲဒီ Himbabao က တီကောင်နဲ့တူလို့မစားရဲတာကြောင့် ကင်ပွန်းပင်က ရှိတဲ့ နှစ်ညွန့်ကို ဖြတ်ပီး ရောပြွန်းပီးအချဉ်ရည်ဟင်းချက်တာ ကောင်းမှကောင်းပါဘဲ။ ငရုတ်သီး တောင့်လေးတွေနဲ့တူလို့ facebook ပေါ်တင်တော့ အားလုံးက မစားဖို့ ၀ိုင်းတားကြတယ်... အမှန်ကတော့ ငရုတ်သီးမဟုတ်ရပါ...  ရွက်စားမုန်လာသီးလေးတွေပါ။ အချဉ်ဟင်းချက်လိုက်တော့ အရမ်းကိုအရသာရှိလို့ နောက်ဆို အသီးလေးတွေထွက် လာမှဘဲစားတော