Pages

Tuesday, February 5, 2013

မုန်လာသီးချဉ်ရည် (ရွက်စား)

ဒီဇင်ဘာရန်ကုန်ပြန်ပီးပြန်ရောက်တော့စိုက်ထားတဲ့ရွက်စားမုန်လာအသေးတွေအပွင့်တွေ ပွင့်လို့အသီးတောင်ထွက်နေပီ...ပြန်ရောက်ပီးတစ်ပတ်အတွင်းခရီးစဉ်ရှိသေးတာနဲ့ ဒီတစ်ခေါက် ခရီးကပြန်လာရင်တော့ နှုတ်ပစ်ပီးအသစ်လေးတွေထပ်စိုက်မယ်လို့ စိတ်ကူးနဲ့ မှန်းကြည့်ပီး.... ကျွန်မရောက်ခဲ့တဲ့နေရာမှာ ထုံးစံအတိုင်း အသီးရွက်ဈေး သွားလှည့်ကြည့်ရင်းနဲ့ မုန်လာသီးလေးတွေကို အထုပ်လေးတွေနဲ့ စနစ်တစ်ကျထုပ် ပြီး ရောင်းနေတာတွေ့တာနဲ့ ၀မ်းသာအားရ..အဲဒါစားလို့ရသလား... ဘယ်လိုချက်စားလဲ ဆိုပီးစပ်စုခဲ့ပါတယ်..သူတို့က တော့ Himbabao လို့ခေါ်တဲ့ မြှောင်မြှောင်ရှည်ရှည်အသီးလေးတွေနဲ့ soup ချက်စားကြတယ်။
ပြန်ရောက်တော့ ခြံထဲကိုဝမ်းသာအားရပြေးသွားပီး ရွက်စားမုန်လာသီးလေးတွေကို ခူးလာခဲ့တယ်။  အဲဒီ Himbabao က တီကောင်နဲ့တူလို့မစားရဲတာကြောင့် ကင်ပွန်းပင်က ရှိတဲ့ နှစ်ညွန့်ကို ဖြတ်ပီး ရောပြွန်းပီးအချဉ်ရည်ဟင်းချက်တာ
ကောင်းမှကောင်းပါဘဲ။ ငရုတ်သီး တောင့်လေးတွေနဲ့တူလို့ facebook ပေါ်တင်တော့ အားလုံးက မစားဖို့ ၀ိုင်းတားကြတယ်...
အမှန်ကတော့ ငရုတ်သီးမဟုတ်ရပါ...  ရွက်စားမုန်လာသီးလေးတွေပါ။
အချဉ်ဟင်းချက်လိုက်တော့ အရမ်းကိုအရသာရှိလို့ နောက်ဆို အသီးလေးတွေထွက် လာမှဘဲစားတော့မယ်။  အချဉ်တည်ရင်လဲအရမ်းစားလို့ကောင်းတဲ့အကြောင်းလဲ အဲဒီက နယ်ခံတစ်ယောက် က ဖောက်သည်ချလိုက်သေးတယ်။  အရသာကလဲ ပဲသီးလေးတွေလိုပါဘဲ.. စိမ့်တယ်။
ဒါကတော့ ရွက်စားမုန်လာသီးချဉ်ရည်ဟင်းတည်နေတုန်း ရိုက်ထားတာပါ။
ကင်ပွန်းချဉ်နဲနဲ
ကြက်သွန်၊ ဖြူနီ
ငါးငံပြာရည်
ငရုတ်သီးအစိမ်း ၄ တောင့်
ငါးငပိအနည်းငယ်
ငါးပြုပ်အနည်းငယ်
သံလွင်ဆီ အနည်းငယ်ပါ...
အားလုံးကိုရောသမမွှေနယ်ပီး တည်လိုက်ရုံပါဘဲ။ လွယ်တယ်နော်။း))


6 Comments:

အဖြူရောင်နတ်သမီး said...

လမ်းကြုံလို့ ဝင်ကြိတ်သွားတယ် ကူးရေ..း)

ဘေဘီ said...

ရေနွေးဖျောပြီ ချဉ်စပ် သုပ်စားကြည့် အရမ်းကောင်းပဲ
နှမ်းလှော်ထောင်းနဲ့ သုပ်နော် ဂေါ်ရခါးသုပ်လေး အရမ်းကောင်းတယ်

စန္ဒကူး said...

ကြိတ်ပါနတ်သမီးလေးရေ....း))

ဘေဘီ.. ကောင်းပီ..ကူးလုပ်စားကြည့်အုံးမယ်... နည်းသစ်တစ်မျိုးပေါ့.. ကျေးဇူးနော်..

Anonymous said...

အဲဒီအသီးလေးတွေကိုပုဇွန်ခြောက်၊ငါးပိလေးနဲနဲနဲ့ လည်းနှပ်စားကြတယ်။ နယ်မှာတော့ပုဇွန်ခြောက်မပါပဲငါးပိလေးနဲနဲနဲ့ အိအိလေးနှပ်စားကြတယ်။
စားလို့ ကောင်းတယ်။ ကူးလည်းကြိုက်မှာ။ ကိုယ်လည်းကြိုက်တယ်။
အိုင်အိုရာ

Ma Tint said...

မုန်လာသီးကင်ပွန်း ရောသမမွှေ ချဉ်ရည်ဟင်းလေး
အားပေးသွားတယ် စန္ဒကူးရေး)
တီတင့်အိမ်မှာ ဒီကနေ့ထောင်းတဲ့ အညာထောင်းလေးနဲ့ဆိုရင်....:P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

Hey there just wanted to give you a quick heads up.
The text in your article seem to be running
off the screen in Internet explorer. I'm not sure if this is a format issue or something to do with browser compatibility but I thought I'd
post to let you know. The design look great though! Hope you
get the problem resolved soon. Many thanks

my site; ranger forum

Post a Comment

ကူးကူးရေ...

 
Powered by Blogger