Skip to main content

Posts

Showing posts from October, 2009

၂၇-၁၀-၂၀၀၉

ဒီနေ့ .. ကျွန်မ အသက် တစ်နှစ်ပိုကြီးလာတယ်... ခံစားချက်တွေဘယ်သူမှနားမလည်နိုင်ခဲ့သလို သူများအပေါ်ထားခဲ့တဲ့ မေတ္တာ စေတနာတွေလဲ သဲထဲရေသွန်ပါဘဲ.. ကျွန်မ အားနည်းချက်တွေ ခုတုံးလုပ်ခံခဲ့ရသလို အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့အရာတွေလဲ အမှန်ခြစ်ရာမထင်ခဲ့ပါဘူး။ ဒီနေ့လိုမျိုးကိုဖြတ်ကျော်ဖို့ ခက်ခက်ခဲခဲမွေးခဲ့ရတဲ့ မိဘ ကအလေးထားစောင့်နေကြသလို ပိုးမွေးသလို ဂရုတစ်စိုက်ကြည့်နေကြတဲ့ မောင်လေးနဲ့ညီမလေးက မျှော်နေတယ်။ အချို့က မသိသလို မာယာခင်းနေကြတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာဖို့ မြော်လင့်ဆုတောင်းခဲ့ပေမယ့် ပိုပိုဆိုးလာတာဘာကြောင့်လဲလို့ မမေးတော့ပါဘူး။  အထူးသဖြင့် ဒီနှစ်အတွင်းမှာ စိတ်ရော လူပါ အရမ်းပင်ပန်းခဲ့ရတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် မျက်နှာလွဲခဲပစ်လို လွှဲပစ်လိုက်ချင်တာပါဘဲ။ အသက်တစ်နှစ်ပိုကြီးလာတယ်။ သောက်နေ ကျဆေးတွေထက်ပိုများလာတယ်၊ ဒါအပြင် ဆေး အာနိသင်ပိုပြင်းလာတယ်။ မျက်နှာ ပေါ်က ဆေးဒဏ် တွေ ကို ဟိုဖုန်းဒီကွယ်လုပ်ရတော့ အပြင်ထွက်ခါနီးအချိန်ပိုကုန်လာတယ်။ အထူးသဖြင့် ဒီလစကတည်းက အိမ်က အရမ်းစိုးရိမ်နေတာ ကျွန်မမွေးတဲ့လရောက် ခါနီးတိုင်း အမြဲ အသဲအသန်ဖြစ်နေကျရှိလို့လဲပါမယ်။ ဒီလစကတည်းက တော်တော်လေးကို ချူချာနေပေမယ့်

ဒူးရင်းယိုဌာပနာ မုန့်

ဒူးရင်းသီးရာသီကမကုန်သေးပါဘူး။ သူများလက်ဆောင်လာပေးလဲ တစ်လုံးဆို အကုန်မစားနိုင်တာနဲ့ မစားရဲ တာကြောင့် ရေခဲသေတ္တာထဲမှာ သောင်တင်နေတာ ကြာလာတော့ မျက်စိစူးလာပါတယ်။ ဒါကြောင့် ဒူးရင်းသီးတွေကို အသားချည်းနွှာပီး ဒူးရင်းယိုလုပ်ထားမလားစဉ်းစားပါတယ်.. မလုပ်တတ်တာနဲ့ နောက်တစ်မျိုးလုပ်ဖို့ အကြံက (မီးလင်းသလိုဖျတ်ကနဲ့) ရလာတာနဲ့... ဒူးရင်းသီးအသားဖတ်တွေကို နွှာ၊ သကြား၊ ထညက် နဲနဲ၊ နွားနို့ ထည့်ပီး ဘလန်ဒါနဲ့ကြိတ်လိုက်ပါတယ်။ ဆီနဲနဲထပ်ထည့်ပီး ဒယ်အိုးထဲမှာ မီးအေးအေးနဲ့ အနှစ်ဖတ်တွေသာ ထွက်လာတဲ့အထိ တည်ထားပါတယ်.. အိုးတော့နဲနဲကပ်မယ်။ ခဏခဏ မွှေပေးနိုင်ရင်တော့မစိုးဘူး။ ဒါပေမယ့် အနှစ်ရည်တွေဆိုတော့ ပွက်..ပွက် နဲ့ လက်စင်ရင်ပူတယ်.. မီးဖိုတစ်ဝိုက် စင်ရင်လဲ ညစ်ပတ်တာတောင့် အဖုံးအုပ်ထားလိုက်ပါတယ်.. မီးကိုအေးအေးးး လေးဘဲထားပါ.. အိုးဖင်တော့ နဲနဲကပ်ပီးညိုလာအောင် အရည်တွေစစ် အသားအနှစ်ဖတ်တွေ သာကျန်အောင်တည်ပီး မွှေ၊ ပီးရင်တော့ အအေးခံထားပါ.. ဂျုံ လေးခွက်၊ ဆော်ဒါ အနည်းငယ် yeast တဆေး အနည်းငယ် ဇကာကုံးလေးနဲ့စစ်ပီး... ရေနွေးလေးနဲ့နယ်ပါ..မုန့်အသားအတွက် ဂျုံကိုစိတ်ရှည်လက်ရှည်နယ်ပါလေ.. တဆေးပါတဲ့အတွက် ဂျုံမှုန့် လေးတွေကို မုန့်ပြားလုပ်မယ့်

ကြက်အသည်းမြစ် အစပ်ကြော်

ကြက်အသည်းအမြစ်ကြိုက်ကြလား။ ကူးတော့ ကြိုက်တယ်။ အိမ်မှာ ကြက်ကောင်လိုက်ချက်ရင် အသည်း၊ အမြစ် နဲ့ ဦးနှောက်ကိုဘဲရွေးစားတယ်။ ကျန်တဲ့အပိုင်းတွေတော့သိပ်မကြိုက်ဘူး။ ကြက်အသည်းမြစ်ကလဲ သီးသန့် သတ်သတ်ရောင်းတာတွေ့နေပေမယ့် မချက်တတ်ရင်ညှီမှာ သိနေတော့ တစ်ခါမှမ၀ယ်ဖြစ်ခဲ့ဘူး။ အခုတစ်လောတော့ သမရိုးကျစားနေတာလေးတွေထက် ခံတွင်းတွေ့တာလေးရှာချက်စားဖို့ ကီလိုဝက် ၀ယ်လာခဲ့ပါတယ်။ အမြစ်ကိုတော့ ဆားနဲ့သေချာနယ်ပီးရေထပ်ဆေးပါတယ်။ နောက်ဆုံးတစ်ရေမှာတော့ အသည်းတွေပါ ထည့်ပီး ဖွဖွလေးရေဆေးလိုက်ပါတယ်။ အိုးထဲထည့်ပီး ရေသင့်တော်ရုံထည့်၊ နနွင်းနဲနဲ၊ ဆားနဲနဲ နဲ့ ဂျင်းကိုထုချေပီး ထည့်ပြုပ်လိုက်ပါ။ ရေခန်းခါနီးမှာဆိုရင်တော့ အသည်းမြစ်တွေလဲကျက်သွားပါပီ။ ခဏအအေးခံထားတဲ့အချိန်မှာ... ကြက်သွန်နီကို ခပ်ထူထူ လေးထောင့်လေးတွေရအောင်လှီးပါ။ ငရုတ်သီးစိမ်း အနီတောင့်တွေကို ညက်နေအောင်ထောင်း ပဲငံပြာရည် နဲနဲထည့်ပီး ခွက်ထဲထည့်ထားပါ။ နံနံပင်လေးတွေကို တောက်တောက်စင်းထားပါ။ သခွားသီး (သို့) ဇူခီနီ (သို့) ဂေါ်ရခါးသီး ရရာတစ်မျိုးမျိုးကို အချောင်းရှည်လေးတွေနဲနဲလှီးထားပါ။ ကဲ..အဆင်သင့်ဖြစ်ပီဆိုရင်တော့... အသည်းအမြစ်ကို အနေတော်လှီးထားပါ..အသည်းတွေကိုတော့ ဒီတို

ပဲဖြူသင်္ဘောသီးစိမ်းဟင်းရည်

Kidney beans လိုမျိုးအဖြူလေးတွေလဲရှိသေးတယ်။ အဲဒီပဲဖြူလေးတွေ အရသာစိမ့်နေအောင်ကောင်း လှပါတယ်။ ပဲညိုလေးတွေက ပြုပ်ပီးစားကြည့်ရင်အရသာနဲနဲလေးခါးသက်သက်ရှိပေမယ့် ပဲဖြူ တွေကတော့ ခါးသက်တဲ့အရသာမရှိပါဘူး။ ပဲကတီပါအလွမ်းပြေစားမယ်ဆိုရင်တော့ kidney beans လေးတွေ ပြုပ်သုပ် စားလို့ရပါတယ်။  ပဲဖြူလေးတွေကတော့ ပဲထောပတ်နဲ့အရသာခပ်ဆင်ဆင်ပါ။ ပြုပ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်တော့ အသင့်စားလို့ရတဲ့ ဗူးထဲမှာထည့်ပီး ရောင်းတာ supemarket တွေမှာဝယ်လို့ရပါတယ်။ ကျွန်မကတော့ တစ်ညလောက်ရေစိမ်ထားပီး ကိုယ်တိုင်ပြုပ်ပါတယ်။ အကုန်တော့ မစားနိုင်ဘူးလေ။ ရေခဲသေတ္တာထဲထည့်ထား၊ ချက်စားချင်တဲ့အချိန်ဆို ပြုပ်ထားပီးသားကိုထုတ်ချက်လိုက်ရင် ဟင်းတစ်ခွက်ရတာပေါ့။ ပဲဖြူလေးတွေကိုအမျိုးမျိုးချက်စားဖြစ်ပေမယ့် ဒီနေ့ညနေတော့ ပဲဖြူနဲ့သင်္ဘောသီးစိမ်း ဟင်းရည်လေးတစ်ခွက်ချက်နည်းပြောပြပါ့မယ်။ လိုအပ်တဲ့အရာတွေကတော့ ပဲဖြူပြုပ် (ထမင်းစားဇွန်း ၄ ဇွန်းခန့်) သင်္ဘောသီးစိမ်း ( အနေတော်တစ်လုံးကို ခြစ်ထားပီး) ကြက်သွန်နီ တောက်တောက်စင်း ပဲငံပြာရည်အနည်းငယ် ခရမ်းချဉ် သီး (အခွံနွှာ ကန့်လန့်လှီးထားပါ) ငရုတ်ကောင်းမှုန့် (အနည်းငယ်) ဆား (အနည်းငယ်) ကြက်သား cube (အတုံးလေးရဲ

ပီလောပီနံဥ ပူတင်း

ဆောင်းဦးအ၀င်မှာ မနက်ဆိုမြူတွေနဲ့မှုံရီမှိုင်းပီး ညနေ ၅ နာရီဆိုရင်မိုးချုပ်စပြုနေပီလေ။ ညတာရှည်တာလည်းကောင်း တာပါဘဲ။ အလုပ်တွေအရင်ထက် (၃) ဆလောက်ပိုများလာတာမို့ ဟင်းတစ်မယ်မယ် စီစဉ်မယ်လုပ်တိုင်း စိတ်ကူးနဲ့သာချက်ပီးသွားတယ်။ အကောင်ထည်မဖော်ဖြစ်ပါဘူး။ ဆောင်းရာသီဝင်ခါစဆိုတော့ ဈေးသွားလည်း ဟင်းသီးဟင်းရွက်တွေအရမ်းနည်းသွားပါတယ်။ ဗူးသီး (သေးသေးနဲ့ ရင့်လိုက်သေး)၊ ဂေါ်ရခါးသီး၊ ကန်ဇွန်းရွက် (import)၊ ပန်းဂေါ်ဖီ ညှိုးနွမ်း၊ ခရမ်းချဉ်သီး အ၀ါရောင်တွေနဲ့ စိတ်ညစ်ရပါတယ်။ supermarket မှာတင်ထား တဲ့အသီးနှံတွေကအစ သိပ်မလတ်ဆတ်တော့ပေမယ့်စားချင်တော့လဲ ရှိတာလေးနဲ့ဘဲ ချက်စားရတာဘဲ။ ကျွန်မကလဲ ဟင်းသီးဟင်းရွက်နဲ့ ပဲကိုသာအဓိကစားတဲ့သူဆိုတော့ နဲနဲတော့ အခက်ခဲရှိတာပေါ့လေ။ ချဉ်ပေါင် ပင်နဲ့ ငရုတ်ပင်လေးတွေ အနောက်က ပန်းခြံလေးထဲစိုက်ထားပါတယ်၊ ခေါင်းမိုးတွေ လဲတော့ ရေသလောက် မရှိ ဖြစ်နေတဲ့အချိန် မိုးက ရုတ်တရက် အသည်းသန်ရွာချတော့ ရေတွေအိုင်ပီး အပင်တွေလဲ အမြစ်ပေါလော လေးနဲ့ ဆန့်ဆန့်ကြီးကို သေပါလေရော။ ဘယ့်သူ့ပုံ အပြစ်ပြောရမှန်းမသိတော့ဘူး။လတ်လတ်ဆတ်ဆတ် ဆိုတဲ့အသုံးနှုန်းက အိမ်ရှင်မတိုင်း၊ ဟင်းချက်တဲ့ အမျိုးသမီးတိုင်း ခံတွင်းတွေ့တဲ့ စကားလုံးပါ။ ဒီ

ကျွန်မနှင့် ဆံပင်ပုံစံများ

အောက်တိုဘာလရောက်ပီဆိုရင်ကျွန်မအသက်တစ်နှစ်ကြီးပြန်ပီ။ ငယ်ငယ်ကလေးဘ၀အကြောင်းတွေအကုန်တစ်ထိုင်တည်းမမှတ်မိပေမယ့် အကြောင်းရာတိုက်ဆိုင်တိုင်း တွေးမိတိုင်းသတိတရ အောက်မေ့ ပြုံးမိပါသေးတယ်။ ကျွန်မမွေးတော့ မာမီက အသက် ၂၀ နှစ်ပဲရှိသေးတယ်။ မမွေးခင်တစ်ပတ်အလိုစနေနေ့မှာစပီး ဗိုက်နာလို့ ဆေးရုံတင်လိုက်ရတာ (မန္တလေးဆေးရုံကြီးမှာပေါ့) နောက်အပတ် စနေနေ့ မှကျွန်မကိုမွေးတယ်။ တစ်ပတ်လုံး ဆေးရုံပေါ်မှာ နာလိုက် အော်လိုက်ဖြစ်နေမယ်ထင်တာပါဘဲလေ..တွေ့မှမတွေ့ရသေးဘဲ..း) ကျွန်မကိုမွေးတော့ ၉ပေါင်ခွဲ..  ဆံပင်တွေက ကုတ်နားမှာဝဲနေအောင်ရှည်သတဲ့လေ...အဖေ့ဘက်က အဖွားအဲ တုန်းကရှိသေးတယ်..ကျွန်မကိုသူဘဲကြည့်၊ သူဘဲထိန်း၊ အလိုလိုက်လို့ ကျွန်မကဆိုးသတဲ့လေ.. ကျွန်မသိတတ်တဲ့အရွယ်မှာ အဖေ့ဘက်ကအဖိုးအဖွားမရှိတော့ပါဘူး..အသက် (၆၀)၀န်းကျင်မှာ နှစ်ယောက်လုံး သွေးတိုးနဲ့ဆုံးသွားပါတယ် (ပြင်ဦးလွင်မှာပေါ့)။ သူတို့ပေးတဲ့ အမွေ သွေးတိုး ကိုကျွန်မကျေကျေ နပ်နပ်ကြီးလက်ခံခဲ့ရပါတယ်။ အချစ်ဆုံးမြေးဦးပေကိုး... ကျွန်မသိတတ်တဲ့အရွယ် သူငယ်ချင်းအပေါင်းသင်းမရှိ ကိုဖြိုးဆိုတဲ့ ကောင်လေးတစ်ယောက်သာအဖော် အဖြစ်ရှိနေပီးတော့ အသက် (၄) နှစ်နဲ့ သူငယ်တန်းကို အိမ်ကတန်းပို့လိုက်ပါတယ