Pages

Wednesday, October 7, 2009

ပီလောပီနံဥ ပူတင်း

ဆောင်းဦးအ၀င်မှာ မနက်ဆိုမြူတွေနဲ့မှုံရီမှိုင်းပီး ညနေ ၅ နာရီဆိုရင်မိုးချုပ်စပြုနေပီလေ။ ညတာရှည်တာလည်းကောင်း တာပါဘဲ။ အလုပ်တွေအရင်ထက် (၃) ဆလောက်ပိုများလာတာမို့ ဟင်းတစ်မယ်မယ် စီစဉ်မယ်လုပ်တိုင်း စိတ်ကူးနဲ့သာချက်ပီးသွားတယ်။ အကောင်ထည်မဖော်ဖြစ်ပါဘူး။ ဆောင်းရာသီဝင်ခါစဆိုတော့ ဈေးသွားလည်း ဟင်းသီးဟင်းရွက်တွေအရမ်းနည်းသွားပါတယ်။ ဗူးသီး (သေးသေးနဲ့ ရင့်လိုက်သေး)၊ ဂေါ်ရခါးသီး၊ ကန်ဇွန်းရွက် (import)၊ ပန်းဂေါ်ဖီ ညှိုးနွမ်း၊ ခရမ်းချဉ်သီး အ၀ါရောင်တွေနဲ့ စိတ်ညစ်ရပါတယ်။ supermarket မှာတင်ထား တဲ့အသီးနှံတွေကအစ သိပ်မလတ်ဆတ်တော့ပေမယ့်စားချင်တော့လဲ ရှိတာလေးနဲ့ဘဲ ချက်စားရတာဘဲ။ ကျွန်မကလဲ ဟင်းသီးဟင်းရွက်နဲ့ ပဲကိုသာအဓိကစားတဲ့သူဆိုတော့ နဲနဲတော့ အခက်ခဲရှိတာပေါ့လေ။ ချဉ်ပေါင် ပင်နဲ့ ငရုတ်ပင်လေးတွေ အနောက်က ပန်းခြံလေးထဲစိုက်ထားပါတယ်၊ ခေါင်းမိုးတွေ လဲတော့ ရေသလောက် မရှိ ဖြစ်နေတဲ့အချိန် မိုးက ရုတ်တရက် အသည်းသန်ရွာချတော့ ရေတွေအိုင်ပီး အပင်တွေလဲ အမြစ်ပေါလော လေးနဲ့ ဆန့်ဆန့်ကြီးကို သေပါလေရော။ ဘယ့်သူ့ပုံ အပြစ်ပြောရမှန်းမသိတော့ဘူး။လတ်လတ်ဆတ်ဆတ် ဆိုတဲ့အသုံးနှုန်းက အိမ်ရှင်မတိုင်း၊ ဟင်းချက်တဲ့ အမျိုးသမီးတိုင်း ခံတွင်းတွေ့တဲ့ စကားလုံးပါ။ ဒီတော့ သူများ motor pool အနောက်က အပင်ပေါင်းစုံ အလေ့ကျပေါက်နေတဲ့ နေရာသွားပီး ကလောပီနံပင်တွေ သွားဆွဲနှုတ်လာခဲ့ပါတယ်။  :O
ချစ်သူကပြောဖူးတယ်။ ကလောပီနံကိတ် ကြိုက်တယ်တဲ့။ သူဘယ်မှာစားဖူးလဲတော့ ကျွန်မလဲမသိဘူး။ ကျွန်မကတော့ တစ်ခါမှမစားဘူး။ ကလောပီနံပင်အမြစ်တွေချိုးလိုက်တော့ ကလောပီနံဥ ရတာပေါ့။ လွယ်တယ်နော်။ အဲလိုလတ်လတ်ဆတ်ဆတ်လေးမှ ချိုတာ။
ကလောဥတွေကို မြေကြီးတွေစင်သွားအောင်ရေသေချာဆေး၊ ဓါးပါးလေးနဲ့ အခွံကိုပိုးတီလှီးသလိုလှီး။ အစွန်းကနေစပီး ဆွဲခွာလိုက်တော့ အခွံတွေ ကြောင်အိမ်လှေကားလို လွယ်လွယ်ကူကူ ခွာထွက်လာပါတယ်။
လုပ်ရိုးလုပ်နည်းကတော့ ကလောဥအစိမ်းကို အမျှင်သေးသေးရအောင်ခြစ်ပီး ဖုတ်ကြတာပါ။ ကူးကူး ကတော့ နဲနဲစတန့်ထွင်ပီးအရင်ပြုပ်လိုက်ပါတယ်။ ကိတ် လိုပွပွလေးထက် ပူတင်းလိုလေးစားကြည့်ချင်လို့ပါ။
ြုပုပ်လို့ နူးမှ အလယ်ရိုးကိုဆွဲထုတ်၊ အသားဖတ်တွေကို ဇွန်းနဲ့ခြေပီး၊ ဘလန်ဒါနဲ့ ထပ်ကြိတ်လိုက်ပါသေးတယ်။ ပီးရင်တော့ စကာနဲ့စစ်ချရပါတယ်။အထဲမှာ အရိုး မျှင်လေးတွေရှိလို့ပါ။
စစ်ပီးကျလာတဲ့အနှစ်တွေထဲကို ဂျုံမှုန့် ၁ခွက်၊ နွားနို့ (၁)ခွက်၊ သကြား စတီးဇွန်း ၃ ဇွန်း နဲ့ အုန်းနို့ ရယ်ဒီမိတ်ဗူး တစ်ဝက်ထည့်ပီး မွှေရပါတယ်။ ပွပွလေးကြိုက်ရင်တော့ ဆော်ဒါထည့်လို့ရပါတယ်။
ကူးကူးတော့ ဆော်ဒါမထည့်ပါဘူး၊ အားလုံးမွှေပီးရင်တော့ ၁၉၀ ဒီဂရီနဲ့ နာရီဝက်ဖုတ်ရပါတယ်။ ဂျုံ သာ ကျက်ဖို့ လိုတော့တာပါ။ ကလောဥက ပြုပ်ထားပီးသားမို့။ ပီးရင်တော့ ထုတ်ပီး အပေါ်ကအုန်းနို့တစ်ထပ် ထပ်လောင်းပါ။ ပီးရင် အချိုကဲဖို့အတွက် နို့ဆီ ကိုအပေါ်ကလိုက်ဖျန်းပါ။
နောက် ၁၅ မိနစ်ထပ်ထားပြီးရင်တော့ ကလောဥအရသာ နှစ်နှစ်ကာကာခံစားလို့ရတဲ့ ကလောဥကိတ်လေး ရပါပီ။    :D
ကလောဥပူတင်းမှာ အဓိက အရသာထိမ်းတာ နို့ဆီပါ။

ဒါပေမယ့် ဒီတိုင်း ပြုပ် ဆီဆား လေးနဲ့စားလဲ ကောင်းတာဘဲလေ။ ကလောဥပြုပ် ဖွာဖွာလေးတွေကြိုက်တဲ့သူရှိသလို စီးစီးလေးနဲ့ အချောင်းလိုက် ကျစ်နေတာလေးတော့ ကူးကူးအကြိုက်။

ဒီတစ်ခါတော့ မတူးပါဘူး။ အနေတော်ပါဘဲ.. မဟုတ်ရင် စန္ဒကူး ကို စန္ဒတူး လို့ ပြောင်းခေါ်မယ် တစ်ကဲကဲ လုပ်နေတဲ့သူရှိလို့ပါ။... :P

ကလောပီနံဥ (သို့) ပီလောပီနံ   ပုံကြည့်ချင်တဲ့ဆောင်း...  ဒီလင့်မှာသွားကြည့်နိုင်ပါတယ်နော်။

11 Comments:

စိမ်း... said...

မစားဖူးဘူးတော့... ကြည့်ရတာတော့ အတော်အရသာ ရှိမယ့်ပုံပဲ... ရှလွတ်... :P

ချစ်အုန်းဖေ said...

စားဖူးရင်တော့...စားကြည့်ရင်တော့ ဟဲဟဲ .. Good Luck.

Anonymous said...

စားကြည့်ဖူးဘူး ဒီအတိုင်းလည်းစားဖူးလား မစားဖူးလား စဉ်းစားလို့မရတော့ဘူး မကူးလုပ်ထားတာ စားချင်စရာ မှတ်ထားပြီး နောက်များအခါခွင့်သင့်ရင်လုပ်စားပါဦးမယ်

ထော

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ပူပူမှာ ပီလောပီနံ လတ်လတ်ဆတ်ဆတ်မှ မရဘဲ ကူးကူးရ။
ဗြဲံ စားချင်ထှာ။

(တော်လိုက်တဲ့ ကူးစ် စလုံးရောက်ရင် လုပ်ကျွေး ဒါဗြဲ)

စူးနွယ် said...

ပီလောပီနံဥဆိုတာ ကြားပဲကြားဖူးတာ
တခါမှ မမြင်ဖူးဘူး
ဘာလုပ်စားရမှန်းတောင် မသိဘူး

မိုးစက်အိမ် said...

မကူးတို. လုပ်လိုက်ရင် အစမ်းချည်းဘဲနော် မစားဘူး
တော.အရသာလည်းမသိဘူးဗျာ ငေးဘဲသွားရတယ်

T T Sweet said...

ပိလောပီနန်ဟုတ်ဘူးလား မကူးရေ ... စလုံးမှာတော့ ပရနကန်မုန့်မျိုးစုံရောင်းတဲ့ ဆိုင်လေးတွေမှာရောင်းတဲ့ ပိလောပီနန် မုန့်လေးတွေတော့ စားဘူးပါတယ်။ အုန်းသီးဆန်လေးတွေ ဖြူးလို့ ။ ကြိုက်ပါတယ် ။ ပီလောပီနန်အရသာကို ။ စည်းစည်း စိမ့်စိမ့်လေး။

စန္ဒကူးမေ said...

သိပါဝူးတီတီဆွိရာ.. ကူးကူးက ပီလောပီနံ လို့ရေးတာ ကို မဟုတ်ဘူး.. ကလောပီနံလို့ အကိုကြီးတစ်ယောက်ကလာပြောလို့ ပြောင်းလိုက်တာ.. ဘယ်ဟာမှန်လဲသိဝူး..းx

rose of sharon said...

မတူးဘူးလား... တူးသွားလဲကူးကူးကကူးကူးပါဘဲနော်

kiki said...

ပီလောပီနံ လို့ အခေါ်များတယ် ထင်တာပဲ ..
ဟိ ..ကလော ကတော့ ရှမ်းပြည်တောင်ပိုင်း .. ပီနန်က မလေးရှား မှာ ... ကလော နဲ့ ပီနန် နဲ့  ဘယ်လို ချိန်းတွေကြသလဲ တိပူး နော် ..း)
ဟိ..စတာ နော် ...

ကြည့်ရတာ စားချင်စရာကြီး တော့ ....
ဗိုက်တောင် ဆာလာပြီ ကူးကူးရေ ..
တတုံးလောက် ကျွေး ပါ .. အို ..မကျွေးလဲ စားသွားပြီ ..ဂလု ..

ကျောပိုးအိတ် said...

ပီလောပီနံ ကအမှန်ဘဲ။ ဖတ်တော့ ကလောပီနံဖြစ်သွားတာ။

ကူးလေးရယ် တော်လိုက်တာ။ စားချင်လိုက်တာနော်။
ခုတော့ တံထွေးမျိုချပြီး ပြန်သွားပြီ

Post a Comment

ကူးကူးရေ...

 
Powered by Blogger