Pages

Thursday, October 15, 2009

ကြက်အသည်းမြစ် အစပ်ကြော်

ကြက်အသည်းအမြစ်ကြိုက်ကြလား။ ကူးတော့ ကြိုက်တယ်။ အိမ်မှာ ကြက်ကောင်လိုက်ချက်ရင် အသည်း၊ အမြစ် နဲ့ ဦးနှောက်ကိုဘဲရွေးစားတယ်။ ကျန်တဲ့အပိုင်းတွေတော့သိပ်မကြိုက်ဘူး။ ကြက်အသည်းမြစ်ကလဲ သီးသန့် သတ်သတ်ရောင်းတာတွေ့နေပေမယ့် မချက်တတ်ရင်ညှီမှာ သိနေတော့ တစ်ခါမှမ၀ယ်ဖြစ်ခဲ့ဘူး။
အခုတစ်လောတော့ သမရိုးကျစားနေတာလေးတွေထက် ခံတွင်းတွေ့တာလေးရှာချက်စားဖို့ ကီလိုဝက် ၀ယ်လာခဲ့ပါတယ်။
အမြစ်ကိုတော့ ဆားနဲ့သေချာနယ်ပီးရေထပ်ဆေးပါတယ်။ နောက်ဆုံးတစ်ရေမှာတော့ အသည်းတွေပါ ထည့်ပီး ဖွဖွလေးရေဆေးလိုက်ပါတယ်။
အိုးထဲထည့်ပီး ရေသင့်တော်ရုံထည့်၊ နနွင်းနဲနဲ၊ ဆားနဲနဲ နဲ့ ဂျင်းကိုထုချေပီး ထည့်ပြုပ်လိုက်ပါ။
ရေခန်းခါနီးမှာဆိုရင်တော့ အသည်းမြစ်တွေလဲကျက်သွားပါပီ။
ခဏအအေးခံထားတဲ့အချိန်မှာ...
ကြက်သွန်နီကို ခပ်ထူထူ လေးထောင့်လေးတွေရအောင်လှီးပါ။
ငရုတ်သီးစိမ်း အနီတောင့်တွေကို ညက်နေအောင်ထောင်း ပဲငံပြာရည် နဲနဲထည့်ပီး ခွက်ထဲထည့်ထားပါ။
နံနံပင်လေးတွေကို တောက်တောက်စင်းထားပါ။
သခွားသီး (သို့) ဇူခီနီ (သို့) ဂေါ်ရခါးသီး ရရာတစ်မျိုးမျိုးကို အချောင်းရှည်လေးတွေနဲနဲလှီးထားပါ။
ကဲ..အဆင်သင့်ဖြစ်ပီဆိုရင်တော့...
အသည်းအမြစ်ကို အနေတော်လှီးထားပါ..အသည်းတွေကိုတော့ ဒီတိုင်းဘဲထားလိုက်ပါတယ်။
ဆီပူလာရင်တော့အသည်းအမြစ်တွေကို နီညိုရောင်သန်းလာအောင်ကြော်ပေးပါ။
အပေါ်ယံလေးတွေကြွပ်လာပီဆိုရင် ကြက်သွန်နီလှီးထားတာကိုထည့်မယ်။
ငရုတ်သီးစိမ်းညက်ညက်ထောင်းထားတာကိုပဲငံပြာရည်နဲ့စိမ်ထားတာလေးထည့်မယ်..
နှံ့အောင်မွှေပီး နံနံပင်တောက်တောက်စင်းထားတာကိုပါ တဆက်တည်းဆက်မွှေပါ။
မဆလာ ထည့်ပါ..
ပီးရင်တော့ ဇူခီနီ အချောင်းရှည်လှီးထားတာကို နောက်ဆုံးမှထည့်မွှေပီးမီးပိတ်လိုက်ပါ..အဖုံးအုပ်ထားပါ..
အေးလောက်တဲ့အခါမှ အိုးထဲကနေထုတ်၊ ပုကန်းထဲထည့်ပီး သုံးဆောင်လို့ရပါပီ။
စပ်စပ် မွှေးမွှေးလေးနဲ့ အသည်းအမြစ်ကြော်ပါ..
အချဉ်ရေလေးနဲ့ဘဲဖြစ်ဖြစ်..ပဲနီလေးဟင်းချိုနဲ့ဖြစ်ဖြစ် အရမ်းကိုလိုက်ဖက်လှပါတယ်..

ပုံကြီးချဲ့ကြည့်လျှင်ပိုပီး yummy tasty...... immmm






8 Comments:

subuueain said...

ကူးရေ မရောက်တာကြာလို့ ကူးလက်ရာလေးလာတီးသွားပြီနော်.. :-))

Anonymous said...

ကြက်အသည်းအမြစ် အစပ်ကြော် စားသွားသည် ၂ခုစလုံးစားပေမယ့် အသည်းကိုပိုကြိုက်လို့ အသည်းပဲစားဖြင့်တာများတယ် ထောသခွားသီးတို့ဘာတို့တော့ ထည့်မချက်ဘူး နောက်တစ်ခါချက်မှ မကူးနည်းအတိုင်းချက်ကြည့်တော့မယ် ခုတော့မှတ်သွားတယ် :)

ထောထော

မြူးသျှရီ said...

ကူးကူးစ်
လာစားတယ်သိလား
အဟီ ဖြေရခက်တဲ့ မေးခွန်းလေးတွေ မမေးပါနဲံ့လားဟင်

moemoestar said...

အသည်းအမြစ်ကို အဲဒီလိုမျိုး အသီးနဲ့ ချက်မစားဖူးဘူး
ချက်စားကြည့်မယ်နော်...

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ွှကြိုက်ချင်းတူနေပီကူးစ်ရေ
နာ့လဲအိမ်မှာကြက်သားချက်ရင် အမြစ်လုစားတယ်
မောင်လေးကအသဲလုစားတယ်
ဟဟ

မိုးစက်အိမ် said...

တော်တော်စားကောင်းမဲ့ ပုံပါဘဲဗျာ သခွားသီးလေးက
ပါသေးရဲ့  ရှယ်ဘဲ :)

ကျောပိုးအိတ် said...

စပ်မယ်နဲ့ တူတယ်နော်။
အိတ်လေးက အချဉ်ဘဲစားတာ။ အစပ်သိပ်မစားဘူး။
ဒါမယ့်ချက်ကျွေးတဲ့လူ အမောပြေအောင်တော့ စားသွားတယ်နော်။
ရှုးရှဲရှုးရှဲ

ကျော်လင်း said...

အိပ်မရလို့  ညကြီးမင်းကြီး ဒီဆိုဒ် ကို ဝင်မိပါတယ်... ဗိုက်ထဲမှာတောင် ဂွီ သွားပြီ။ :(

Post a Comment

ကူးကူးရေ...

 
Powered by Blogger