Pages

Saturday, October 17, 2009

ဒူးရင်းယိုဌာပနာ မုန့်

ဒူးရင်းသီးရာသီကမကုန်သေးပါဘူး။ သူများလက်ဆောင်လာပေးလဲ တစ်လုံးဆို အကုန်မစားနိုင်တာနဲ့ မစားရဲ တာကြောင့် ရေခဲသေတ္တာထဲမှာ သောင်တင်နေတာ ကြာလာတော့ မျက်စိစူးလာပါတယ်။
ဒါကြောင့် ဒူးရင်းသီးတွေကို အသားချည်းနွှာပီး ဒူးရင်းယိုလုပ်ထားမလားစဉ်းစားပါတယ်.. မလုပ်တတ်တာနဲ့
နောက်တစ်မျိုးလုပ်ဖို့ အကြံက (မီးလင်းသလိုဖျတ်ကနဲ့) ရလာတာနဲ့...
ဒူးရင်းသီးအသားဖတ်တွေကို နွှာ၊ သကြား၊ ထညက် နဲနဲ၊ နွားနို့ ထည့်ပီး ဘလန်ဒါနဲ့ကြိတ်လိုက်ပါတယ်။
ဆီနဲနဲထပ်ထည့်ပီး ဒယ်အိုးထဲမှာ မီးအေးအေးနဲ့ အနှစ်ဖတ်တွေသာ ထွက်လာတဲ့အထိ တည်ထားပါတယ်..
အိုးတော့နဲနဲကပ်မယ်။ ခဏခဏ မွှေပေးနိုင်ရင်တော့မစိုးဘူး။ ဒါပေမယ့် အနှစ်ရည်တွေဆိုတော့ ပွက်..ပွက် နဲ့ လက်စင်ရင်ပူတယ်.. မီးဖိုတစ်ဝိုက် စင်ရင်လဲ ညစ်ပတ်တာတောင့် အဖုံးအုပ်ထားလိုက်ပါတယ်..
မီးကိုအေးအေးးး လေးဘဲထားပါ.. အိုးဖင်တော့ နဲနဲကပ်ပီးညိုလာအောင် အရည်တွေစစ် အသားအနှစ်ဖတ်တွေ သာကျန်အောင်တည်ပီး မွှေ၊ ပီးရင်တော့ အအေးခံထားပါ..
ဂျုံ လေးခွက်၊
ဆော်ဒါ အနည်းငယ်
yeast တဆေး အနည်းငယ်
ဇကာကုံးလေးနဲ့စစ်ပီး... ရေနွေးလေးနဲ့နယ်ပါ..မုန့်အသားအတွက် ဂျုံကိုစိတ်ရှည်လက်ရှည်နယ်ပါလေ..
တဆေးပါတဲ့အတွက် ဂျုံမှုန့် လေးတွေကို မုန့်ပြားလုပ်မယ့် နေရာမှာဖြူးပီး နယ်ပါ...
ပီးရင်တော့ ၊၊  ဒလိမ့်တုံး နဲ့ဖြစ်ဖြစ် ပုလင်းလေးနဲ့ဖြစ်ဖြစ် အပြားလေးရအောင်လှိမ့်ပါ.. ကပ်နေရင် ဂျုံမှုန့် ထပ်ဖြူးပါ.. အနေတော် ဘဲဥပုံအပြားရှည်ကြီးရရင်တော့ (အောက်တွင်ရှု) ကျိုထားတဲ့ ဒူးရင်းသီးအနှစ်တွေ ကိုအလယ်မှာ အချောင်းလေးရအောင်ထည့်ပါ.. သီဟိုစေ့၊ almond၊ နေကြာစေ့ ကြိုက်တာထည့်ပါ..
ကူးကတော့ အဆင်သင့် နေကြာစေ့အစိမ်းလေးတွေသာရှိလို့ အဲဒါဘဲထည့်ပါတယ်။..
ပြီးရင်တော့ ဂျုံမုန့်သားအပြားကို ပိတ်လိုက်ပါ... ဖုတ်လို့ရပါပီ...
၂၈၀ ဒီဂရီနဲ့ မိနစ် ၃၀ ဖုတ်ပါမယ်..
ပီးရင်ခဏဆွဲထုတ်ပါ... ထောပတ်ဆီ လိုက်သုတ်ပါ..ပီးရင်ထပ်ဖုတ်ပါ...
ရွရွ..ကြွကြွလေးနဲ့ ဒူးရင်းသီး မုန့်လေးပါ...
အပြင်ထုတ်ပီး နဲနဲလေးလက်နဲ့ကိုင်လို့ ရတာနဲ့ ဓားပါးလေးထက်ထက် နဲ့ လှီးပါ..း)




10 Comments:

Moe Cho Thinn said...

လုပ်တတ်လိုက်တာ ညီမရယ်။
ဒူးရင်းသီးဆို အရမ်းကြိုက်တာမို့ အားရပါးရ စားပါရစေ။ :)

မြူးသျှရီ said...

ကူကူးးးးစ်
မုန့် လာစားတယ်သိလား
ဘူဒူမှဟုတ်ဖူး ရုံလေးကြိုက်တဲ့
မင်းသားသိလား ချစ်သူက သူနဲ့ လုံးဝထပ်တူကိုဆင်တာ
ဒါကြောင့်သိလား

ကျောပိုးအိတ် said...

ဒူးရင်းသီးကို ဘယ်လိုလုပ်လုပ်ကြိုက်တယ်။
း)

WWKM said...

ဒူးရင်းသီး အရမ်းကြိုက်တယ် ကူးကူးရေ.
ဒူးရင်သီးယိုလည်း ကြိုက်တာပဲ။
ကူးကူး လုပ်ထားတာလေးက စားချင်စရာလေး။
သွားရည်ယိုသွားတယ်။း))

စိမ်း... said...

ဒါမျိုးတွေလည်း လုပ်တတ်တယ်... အံ့ရော...
ဒူးရင်းသီးတော့ စိမ်းလည်းကြိုက်တယ်...:)

SDL said...

ဒူးရင်းသီး အစိမ်းမကြိုက်ပေမယ့် ဒါလေးတော့ စားချင်တယ်။

Min Thant said...
This comment has been removed by the author.
moemoestar said...

ဒူးရင်းသီးဆို အရမ်းကြိုက်...

ဆောင်း said...

I miss durian! ;-)

လင်းဦး(စိတ်ပညာ) said...

ဒူရင်းသီးတော အနံ့မကြိုက်ဘူး။ စားတော့စားတယ်....

Post a Comment

ကူးကူးရေ...

 
Powered by Blogger