Skip to main content

Posts

Showing posts from April, 2012

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါကြောင့် မှိုလေးတွေနဲနဲတက်ေ

ချစ်သူ မွေးနေ့

April 7..... မွေးနေ့ကျရောက်တဲ့ချစ်သူတစ်ယောက်လိုအင်ဆန္ဒပြည့်ဝပြီး အောင်မြင်တဲ့ဘ၀ပိုင်ဆိုင်နိုင်ပါစေ။ အမှတ်တရ.... ချစ်သူဖြစ်ပြီးနောက်ပိုင်းပြန်တွေ့တဲ့တစ်ရက်မှာ သူကြိုက်တဲ့ ပဲကတီပါပြုပ်ရယ်၊ ချဉ်ပေါင်ကြော်ရယ်... တစ်ခါမှဟင်းမချက်ခဲ့တဲ့ ကျွန်မ၊ သူငယ်ချင်းကိုမေးမြန်း၊ ကိုယ်တိုင်ချက်ပြီး သူငယ်ချင်းတွေနဲ့အတူ Picnic ကိုယူသွားတော့.... အရည်တွေရွှဲနေတဲ့ ပဲကတီပါပြုပ်သုပ် နဲ့ ချဉ်တူးနေတဲ့ချဉ်ပေါင်ကြော်ကို စားပြီး ပြုံးနေတဲ့ပုံရယ်.. ကောင်းလား လို့မေးတော့ ပြုံးပီးကောင်းတယ်လို့ပြောနေတဲ့ပုံရိပ်တွေ နှစ်ပေါင်းကြာနေပေမယ့် မမေ့နိုင်သေးပါဘူးချစ်သူ။ ချစ်သူနဲ့ဝေး..... တစ်ယောက်တည်းနေရတဲ့အခါ..ကိုယ်မချက်မဖြစ်လို့ ချက်စားထားတာလေးတွေ..လုပ်ဖြစ်တာလေးတွေ ဘလော့ပေါ်တင်တိုင်း.. ပေါက်ကရတွေချက်မစားနဲ့နော်လို့ ပြုံးစိစိသတိပေးတာတွေ.. ကိုယ့်အရည်းအချင်းကိုသူသိနေတဲ့ပုံနဲ့။  ပဲပုပ်လုပ်လိုက်၊ ချဉ်ဖတ်လုပ်လိုက်နဲ့....  မောင်ကြိုက်တာလေးတွေများတစ်ခါတစ်လေလောက်ကြိုးစား မချက်ကြည့်ဘူးလားလို့မေးတော့ ကျွန်မအကျယ်ကြီးအော်ရီမိတယ်.. သူ့အကြိုက်နဲ့ ကျွန်မအကြိုက်က တစ်ကယ့်ကိုဆန့်ကျင်ဘက်... ယုံပါချစ်သူ..... ချစ်သူ အကြိုက်ဆုံးအစာက မုန့်ဟ

ပဲပုပ် လုပ်ရအောင်

  ပဲပုပ်လုပ်ဖို့ကြိုးစားနေတာကြာပြီ။ တစ်ခါမှမအောင်မြင်တာနဲ့ဘဲ...လက်လျှော့ထားတာ ၅ လ လောက်ရှိပြီ။ အရင်လကရန်ကုန်ပြန်ပီးပဲပုပ်အစိုလေးတွေသယ်လာသေးတယ်။ ဒီရောက်မှာ ခရမ်းချဉ်သီးနဲ့ ဂျင်းနဲ့ ချက်စားတာ စိမ့်နေတာဘဲ။ ပဲပုပ်အခြောက်တွေထက် ပဲပုပ်အစိုကိုပိုနှစ်ခြိုက်တယ်။ ပဲပုပ်အစိုလုပ်နည်းမျိုးစုံရှိပေမယ့် ကျွန်မနိုင်ငံခြားရောက်ကာစ ချင်းအမျိုးသမီး ဆရာကတော်တစ်ယောက်လုပ်ပေးတဲ့ပဲပုပ်အရသာ ကျွန်မဘယ်တော့မှမမေ့ဘူး။ အရသာက မဆိုစလောက်လေးခါးပြီး စိမ့်လိုက်တာအရမ်းဘဲ.. လတ်လဲလတ်ဆတ် တယ်။ အဲဒီပဲပုပ်မျိုးလုပ်ဖို့စမ်းနေတာမအောင်မြင်ဘူး။ သူထမင်းခေါ်ကျွေးပြီး နောက်လဲဝေးတော့မရောက်ဖြစ်တော့ဘူး။ နှစ်ပတ်လောက်နေ တော့ သူတို့ အခြားနိုင်ငံပြောင်းသွားပီ။ ဒီတစ်ခါတော့ ကျွန်မနေတဲ့နေရာသိပ်မဝေးတဲ့ ကျောင်းမှာ ပညာတော်သင်လာတဲ့ ချင်းမိသားစုထပ်ရောက်တာနဲ့သူ့ဇနီးသည်ဆီမှာပဲပုပ်လုပ် ပေးဖို့သွားတောင်းဆိုပါတယ်.. ပဲပုပ်လုပ်ဖို့ကတော့ soy-bean ပဲကို တစ်ညရေစိမ်၊ pressure cooker နဲ့ နူးနေအောင်ပြုပ်ရပါတယ်။ ပြုပ်ပြီးရင် ရေကိုစင်အောင်စစ်၊ အအေးခံ... သဖန်းရွက်တွေကို ရေဆေး၊အ၀တ်နဲ့သုတ်ပီး ပြုပ်ထားတဲ့ပဲတွေကိုထည့်..လုံအောင် အုပ်ပြီး အထုပ်သေးသေးလေးတွေထုပ်ပြီ