Pages

Friday, April 6, 2012

ချစ်သူ မွေးနေ့

April 7.....
မွေးနေ့ကျရောက်တဲ့ချစ်သူတစ်ယောက်လိုအင်ဆန္ဒပြည့်ဝပြီး အောင်မြင်တဲ့ဘ၀ပိုင်ဆိုင်နိုင်ပါစေ။
အမှတ်တရ....
ချစ်သူဖြစ်ပြီးနောက်ပိုင်းပြန်တွေ့တဲ့တစ်ရက်မှာ သူကြိုက်တဲ့ ပဲကတီပါပြုပ်ရယ်၊ ချဉ်ပေါင်ကြော်ရယ်...
တစ်ခါမှဟင်းမချက်ခဲ့တဲ့ ကျွန်မ၊ သူငယ်ချင်းကိုမေးမြန်း၊ ကိုယ်တိုင်ချက်ပြီး သူငယ်ချင်းတွေနဲ့အတူ Picnic ကိုယူသွားတော့....
အရည်တွေရွှဲနေတဲ့ ပဲကတီပါပြုပ်သုပ် နဲ့ ချဉ်တူးနေတဲ့ချဉ်ပေါင်ကြော်ကို စားပြီး ပြုံးနေတဲ့ပုံရယ်..
ကောင်းလား လို့မေးတော့ ပြုံးပီးကောင်းတယ်လို့ပြောနေတဲ့ပုံရိပ်တွေ နှစ်ပေါင်းကြာနေပေမယ့် မမေ့နိုင်သေးပါဘူးချစ်သူ။
ချစ်သူနဲ့ဝေး.....
တစ်ယောက်တည်းနေရတဲ့အခါ..ကိုယ်မချက်မဖြစ်လို့ ချက်စားထားတာလေးတွေ..လုပ်ဖြစ်တာလေးတွေ ဘလော့ပေါ်တင်တိုင်း.. ပေါက်ကရတွေချက်မစားနဲ့နော်လို့ ပြုံးစိစိသတိပေးတာတွေ..
ကိုယ့်အရည်းအချင်းကိုသူသိနေတဲ့ပုံနဲ့။ 
ပဲပုပ်လုပ်လိုက်၊ ချဉ်ဖတ်လုပ်လိုက်နဲ့....  မောင်ကြိုက်တာလေးတွေများတစ်ခါတစ်လေလောက်ကြိုးစား မချက်ကြည့်ဘူးလားလို့မေးတော့ ကျွန်မအကျယ်ကြီးအော်ရီမိတယ်..
သူ့အကြိုက်နဲ့ ကျွန်မအကြိုက်က တစ်ကယ့်ကိုဆန့်ကျင်ဘက်...
ယုံပါချစ်သူ.....
ချစ်သူ အကြိုက်ဆုံးအစာက မုန့်ဟင်းခါး... ချက်ဖို့ကြိုးစားတာအကြိမ်ကြိမ်ပါ... အောင်မြင်ခါနီးပီ...
ပဲကတီပါကို ကောင်းကောင်းသုပ်တတ်နေပီ...(ပြုတ်ရင်နဲနဲတူးတတ်တာကလွဲလို့)

ချစ်သူ့မွေးနေ့....ဒီနှစ်မှာ ပန်းတွေအပွင့်စောတယ်.. အခုတော့ ပန်းပိတောက်တွေမြေခနေပြီ.....
အရင်တုန်းက ရိုက်ထားတဲ့ပုံလေးတွေဘဲလက်ဆောင်အဖြစ်ယူနော်။...

13 Comments:

ချစ်စံအိမ် said...

မွေးနေ့မှာပျော်ရွှင်နိုင်ပါစေ
ချစ်သူစားချင်တဲ့ဟင်းတွေချက်တတ်နိုင်ပါစေ :)

rose of sharon said...

ကူးကူးချစ်သူမွေးနေ့မှာ လိုရာဆန္ဒတွေပြည့်ဝပါစေနော်....

Anonymous said...

ချစ်သူနှစ်ဦီးလုံးပျော်ရွှင်ပါစေလို့ ...
အိုင်အိုရာ

လွင်ပြင်လှိုင်းငယ် said...

မွေးနေ့လေးမှာ ပျော်ရွှင်ပါစေနော်
ချစ်သူကြိုက်တတ်တဲ့ဟင်းတွေလဲ မြန်မြန်ချက်တတ်ပါစေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကူးကူးရဲ့ ချစ်သူလေးရော ကူးကူးရော ပျော်ရွှင်ပါစေနော်။
ဘဝတစ်သက်လုံး အတူတူလက်တွဲပြီး ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် ရှိကြပြီး ကိုယ်ရော စိတ်ပါ ချမ်းသာကျန်းမာပါစေနော်။

subuueain said...

ချစ်သူ နှစ်ဦးလုံး ပျော်ရွှင်ပါစေနော်။ တို့သူငယ်ချင်းတစ်ယောက်လည်း April 7 မွေးနေ့ဘဲ။ :)
တို့ကတော့ မုန့်ဟင်းခါးရော ပဲကတ္တီပါသုတ်ပါ အရမ်းကြိုက် :)

စန္ဒကူး said...

ဆုတောင်းပေးတဲ့သူတွေအားလုံးကျေးဇူးပါနော်....
ပေးတဲ့ဆုနဲ့ပြည့်ရပါစေ..း)

မြတ်ကြည် said...

ဗွမ်း!!

san htun said...

နောက်ကျမှ ရောက်ပေမယ့် မကူးကူးချစ်သူ ကျန်းမာပျော်ရွှင်ပါစေလို့ 

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

Khin said...

ချစ်သူနဲစားဖို့မုန့်ဟင်းခါးနဲ့ပဲကတီပါပြုတ်............

Anonymous said...

Hurrah! After all I got a webpage from where I know how to genuinely take valuable information concerning my study and knowledge.



my blog - ford ranger forum

Anonymous said...

Hi there, I desire to subscribe for this web site to get hottest updates, thus where can i do it please assist.


my site: http://agrimart-corp.com/?q=node/add

Post a Comment

ကူးကူးရေ...

 
Powered by Blogger