Skip to main content

Posts

Showing posts from May, 2011

စိုက်ခင်း

မြေဆွ၊ အပင်ပျိုး၊ အပင်စိုက်ရတာ စိတ်ဝင်တစားလုပ်နေတာမို့ပင်ပန်းတယ်မထင်ရဘူး ဒါပေမယ့် ခြင်၊ ဖြုတ်၊ ပုရွက်ဆိတ်တွေကိုက်တာတော့ တော်တော်ခံရတယ်.... နေတိုင်းရေလောင်းပေးပေမယ့် မိုးရွာတာနဲ့မတူဘူး။ သဘာဝမိုးရွာရင်တော့ အပင်တွေ မြန်မြန်ထိုးတက်လာတယ်။  အပင်နဲ့အတူ မြက်ပင်တွေရော သန်လာပါတယ်။  ကျွန်မ ခြံလေးကိုတစ်ယောက်တည်းအပင်ရိုင်းတွေရှင်းဖို့တော့မတတ်နိုင်သလိုအချိန်လဲ မရှိ တာမို့ တစ်လတစ်ခါ ခြံအလုပ်သမားတစ်ယောက်ကိုခေါ်ရှင်းခိုင်းရတယ်။  အခုတော့ မုန်ညှင်း၊ ကိုက်လံ၊ ချဉ်ပေါင်၊ ပူတီနံ.. တွေကတော့ စားလို့ရနေပြီ။  တစ်ကယ်တမ်း ကြီးလာတော့လဲ မစားရက်ပါဘူး.. ကိုယ်အပင်ပန်းခံ စိုက်ထား၊ နေ့တိုင်းမပျက် ရေ သွားလောင်း၊ ခြင်ကိုက်ခံပြီး ပျိုးထားတဲ့အပင်တွေမို့။  ကန်ဇွန်းဥနီ၊ အ၀ါ တွေလဲ စားလို့ ရနေပြီ။  တစ်ခါတစ်လေတော့ ပြုပ်စားတယ်။  ချဉ်ပေါင်တွေထွားလာတာဝမ်းအသာ ဆုံးဘဲ။   ရုံးပတေသီးပင် (ရုံးပတေသီးအခြောက်တစ်တောင့်မာမီပို့ပေးလို့စိုက်ထားတာ)  မုန်ညှင်းဖြူ  ရွက်စားမုန်လာ (ဒုတိယအသုတ်)  ခရမ်းချဉ်သီး (ပထမဦးဆုံးအသီးလေး) နှင့် အပင်  ချဉ်ပေါင် (အရိုးဖြတ်စိုက်တာပါ၊  အစေ့နဲ့စိုက်တဲ့အပင်တွေ မကြီးနိုင်သေးပါ)  ပန်းသံပုရာ (ချဉ်စုတ်နေတာဘဲ၊ သံပုရာသီးအ

ပဲပင်ပေါက် ဖောက်ရအောင်

  အလွယ်ဆုံးနဲ့အဟာရလဲရှိ၊ အရသာလဲ ပြည့်စုံတဲ့ ပဲပင်ပေါက်ကို ကိုယ်တိုင်ဖောက်ကြည့် ရအောင်။ ဈေးမှာ ပဲပင်ပေါက်ဝယ်စားသိပ်လွယ်တာပေါ့။ ဈေးလဲပေါတယ်။ တစ်ထုပ်တစ်ထုပ်ဆိုအကြီးကြီးဘဲ...  ပဲစေ့လေးတွေကနေဖောက်တဲ့ပဲပင်ပေါက်ကို သူတို့ဘယ်လိုများလုပ်ကြသလဲ သွားကြည့်ဖူးသလား.. ဈေးက ပဲပင်ပေါက်အသည်တွေ သန့်/မသန့် မသိတဲ့ရေတွေ အကြိမ်ကြိမ် လောင်းပေး  တစ်ရက်နှစ်ရက်ဆိုအပင်လေးတွေပေါက်လာပြီ..အဲဒါကို ပလတ်စတစ်အိတ်အကြည် လေးတွေထဲထည့်ပြီး ရောင်းကြတယ်။  ကိုယ်စားဖို့ဝယ်ပြီးရင်လဲ ရေဆေးပစ်တာမို့ ဘယ်လိုလုပ်သလဲဆိုတာကအရေးသိပ်မကြီးဘူးမဟုတ်လား။ ကဲ..ဒါပေမယ့် ပဲပင်ပေါက်ကို ရေနွေးဖျောစား၊ အစိမ်း သတ်သတ် ငပိချက်နဲ့ တို့စရာ အဖြစ်စားစား၊ အသုပ်ထဲမှာဘဲသုပ်စားစား.. လတ်လတ်ဆတ်ဆတ် ကိုယ်တိုင် ဖောက် တဲ့ပဲပင်ပေါက်က ပိုပြီးအရသာရှိသလို.. ဆီနဲနဲလေးနဲ့ ကြော်စားရင်အရသာလေးက တစ်မူထူးနေတာ လုပ်ဖူးတဲ့သူတွေသိမှာပါနော်... ပဲပင်ပေါက်ကို မကြာခဏစားပေးခြင်းကလဲခန္တာကိုယ်မှာဘက်တီးရီးယားပိုးကြောင့်ဖြစ် တတ်တဲ့ ဆိုးကျိုးတွေကာကွယ်ပေးတယ်။ အရမ်းလဲလွယ်တဲ့နည်းလမ်းလေးပေမယ့် မသိသူတွေရှိခဲ့သော်၊ စိတ်ဝင်စားသူများရှိခဲ့ သော် ပဲပင်ပေါက်ကိုယ်တိုင်ဖောက်လို့ရအောင် တင်ပေးလိုက