Pages

Sunday, May 29, 2011

စိုက်ခင်း

မြေဆွ၊ အပင်ပျိုး၊ အပင်စိုက်ရတာ စိတ်ဝင်တစားလုပ်နေတာမို့ပင်ပန်းတယ်မထင်ရဘူး ဒါပေမယ့် ခြင်၊ ဖြုတ်၊ ပုရွက်ဆိတ်တွေကိုက်တာတော့ တော်တော်ခံရတယ်....
နေတိုင်းရေလောင်းပေးပေမယ့် မိုးရွာတာနဲ့မတူဘူး။ သဘာဝမိုးရွာရင်တော့ အပင်တွေ မြန်မြန်ထိုးတက်လာတယ်။  အပင်နဲ့အတူ မြက်ပင်တွေရော သန်လာပါတယ်။  ကျွန်မ ခြံလေးကိုတစ်ယောက်တည်းအပင်ရိုင်းတွေရှင်းဖို့တော့မတတ်နိုင်သလိုအချိန်လဲ မရှိ တာမို့ တစ်လတစ်ခါ ခြံအလုပ်သမားတစ်ယောက်ကိုခေါ်ရှင်းခိုင်းရတယ်။  အခုတော့ မုန်ညှင်း၊ ကိုက်လံ၊ ချဉ်ပေါင်၊ ပူတီနံ.. တွေကတော့ စားလို့ရနေပြီ။  တစ်ကယ်တမ်း ကြီးလာတော့လဲ မစားရက်ပါဘူး.. ကိုယ်အပင်ပန်းခံ စိုက်ထား၊ နေ့တိုင်းမပျက် ရေ သွားလောင်း၊ ခြင်ကိုက်ခံပြီး ပျိုးထားတဲ့အပင်တွေမို့။  ကန်ဇွန်းဥနီ၊ အ၀ါ တွေလဲ စားလို့ ရနေပြီ။  တစ်ခါတစ်လေတော့ ပြုပ်စားတယ်။  ချဉ်ပေါင်တွေထွားလာတာဝမ်းအသာ ဆုံးဘဲ။  
ရုံးပတေသီးပင် (ရုံးပတေသီးအခြောက်တစ်တောင့်မာမီပို့ပေးလို့စိုက်ထားတာ)
 မုန်ညှင်းဖြူ
 ရွက်စားမုန်လာ (ဒုတိယအသုတ်)
 ခရမ်းချဉ်သီး (ပထမဦးဆုံးအသီးလေး) နှင့် အပင်
 ချဉ်ပေါင် (အရိုးဖြတ်စိုက်တာပါ၊  အစေ့နဲ့စိုက်တဲ့အပင်တွေ မကြီးနိုင်သေးပါ)
 ပန်းသံပုရာ (ချဉ်စုတ်နေတာဘဲ၊ သံပုရာသီးအစားသုံးတာပါ)
 ပူတီနံ
 ကိုက်လံ
 မုန်လာဥနီ
 ခရမ်းကျွတ်သီးပင် (၂ပတ်သား)
 တိုင်ဝမ်ကန်ဇွန်း
ခြံထဲမှာ တစ်ကယ်တမ်းလုပ်ဖြစ်တာ တနင်္ဂနွေနေ့တစ်ဝက်ပါ။အခုတစ်လောတော့ ခြံ လဲမရှင်းနိုင်သေးပါဘူး။ ပုခုံးနဲ့လက်တစ်ခြမ်းက သိပ်လှုပ်မရလို့ အနားယူနေရတယ်။
ဟင်းလဲ သေချာမချက်စားဖြစ်သေးတာမို့၊ နောက်မှဘဲ ဆက်တင်ပေးပါ့မယ်။
ဒါကတော့အရင် (၂) ပတ်လောက်တုံးကပုံပါ။ 

14 Comments:

Vista said...

အစုံပါလား ကူကူးရ .. ပျော်စရာကြီး

Anonymous said...

Oh, I wish I could have small plantation like you, KuuKuu!
Mon Petit Avatar

Evy said...

အဲလိုအပင်လေးတွေစိုက်ရတာ ပျော်စရာကောင်းလိုက်တာနော်။

...အလင်းစက်များ said...

မျက်စိကိုအေးသွားတာပဲ မကူးကူးရေ....။ ကိုယ်ပိုင်စိုက်ခင်း လေးနဲ့  အေးချမ်းလိုက်တာ။

ကျန်းမာရေးကို ဂုစိုက်ဗျိုး သွေးတိုး မပေါ့နဲ့ နော်..။

Shinlay said...

ကောင်းလိုက်တာ။ ငယ်ငယ်တုန်းက အဖွားရဲ့ စိုက်ခင်းတွေကို သတိရမိတယ်။
ကိုယ်ပိုင်စိုက်ခင်းကဆိုတော့ လတ်ဆပ်တယ်။

အပြုံးပန်း said...

ပုံတွေကြည့်ရင်းနဲ့ အမေ့ခြံက စိုက်ခင်းတွေကို သတိယလာတယ်၊

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပ ကူးကူးရယ် ခြံကလေးကြည့်ရတာ ပျော်စရာ
စိတ်ချမ်းသာဖို့ကောင်းမှကောင်း
မျက်စိကိုအေးနေတာဘဲ
ကိုယ်တိုင်စိုက်လို့ စားရတာ ၀ယ်စားရတာထက် ပိုပြီးချိုမြိန်တယ်လေ နော်

Kyaw Hnin Se Lwin said...

အပင်စိုက်ဝါသနာပါတော့ တိတ်တိတ်လေးလာချောင်းရင်းရင်းပျော်သွားတယ်
အပင်တွေအများကြီးမို့အားကျလိုက်တာ

ရွှေညာသားလေး said...

အပင်လေးတွေကို ကြည့်ပြီး စိတ်ချမ်းသာလိုက်တာဗျာ။ စိုက်ပျိုးရေးကို ၀ါသနာပါလို့ ကိုယ်တိုင်စိုက်ပျိုးထားသလို ခံစားရပါတယ်။ အားကျတယ်ဗျာ။ ရွာက ဟင်းချက်စရာ စိုက်ခင်းတွေကိုတောင် မြင်ယောင်မိတယ်။ ချဉ်ပေါင်ရွက်တွေက သန်သန်မာမာပဲဗျာ...ပျော်ရွှင်မှု့လေးတွေရလို့ လာရကျိုးနပ်ပါတယ်။

မေသိမ့်သိမ့် ကျော် said...

စိမ်းနေတာပဲ။ အပင်တွေ အများကြီးပဲနော်။ ကြည့်ရတာ မခူးရက်ပုံပဲ။ စိုက်ရုံပဲမို့လားး)

ခင်မင်လေးစားလျက်

စန္ဒကူး said...

ခူးတယ်.. အိမ်နီးချင်းတွေလဲပေးတယ်..
မုံညှင်း၊ ကန်ဇွန်း၊ ကိုက်လံ၊ ချဉ်ပေါင် နဲ့ မုံလာပင်ပေါက်တွေစားလို့ရနေပြီ..
ကန်ဇွန်းဥနီလဲစားလို့ရပြီ..း))

Pinky said...

နေကောင်းပါစေ

Anonymous said...

I am curious to find out what blog platform you are working with?
I'm experiencing some small security problems with my latest blog and I'd like to find something more secure.

Do you have any recommendations?

Here is my web site ... http://mainframebrasil.com.br

Anonymous said...

kuu kuu yard ka gyi tae naw...kg lite tar... canada mar so tot apin tway ko just summer p site loz ya mar pop naw or 12 yar thee site tar lar..apin tway ayan sone loz

Post a Comment

ကူးကူးရေ...

 
Powered by Blogger