Skip to main content

စိုက်ခင်း

မြေဆွ၊ အပင်ပျိုး၊ အပင်စိုက်ရတာ စိတ်ဝင်တစားလုပ်နေတာမို့ပင်ပန်းတယ်မထင်ရဘူး ဒါပေမယ့် ခြင်၊ ဖြုတ်၊ ပုရွက်ဆိတ်တွေကိုက်တာတော့ တော်တော်ခံရတယ်....
နေတိုင်းရေလောင်းပေးပေမယ့် မိုးရွာတာနဲ့မတူဘူး။ သဘာဝမိုးရွာရင်တော့ အပင်တွေ မြန်မြန်ထိုးတက်လာတယ်။  အပင်နဲ့အတူ မြက်ပင်တွေရော သန်လာပါတယ်။  ကျွန်မ ခြံလေးကိုတစ်ယောက်တည်းအပင်ရိုင်းတွေရှင်းဖို့တော့မတတ်နိုင်သလိုအချိန်လဲ မရှိ တာမို့ တစ်လတစ်ခါ ခြံအလုပ်သမားတစ်ယောက်ကိုခေါ်ရှင်းခိုင်းရတယ်။  အခုတော့ မုန်ညှင်း၊ ကိုက်လံ၊ ချဉ်ပေါင်၊ ပူတီနံ.. တွေကတော့ စားလို့ရနေပြီ။  တစ်ကယ်တမ်း ကြီးလာတော့လဲ မစားရက်ပါဘူး.. ကိုယ်အပင်ပန်းခံ စိုက်ထား၊ နေ့တိုင်းမပျက် ရေ သွားလောင်း၊ ခြင်ကိုက်ခံပြီး ပျိုးထားတဲ့အပင်တွေမို့။  ကန်ဇွန်းဥနီ၊ အ၀ါ တွေလဲ စားလို့ ရနေပြီ။  တစ်ခါတစ်လေတော့ ပြုပ်စားတယ်။  ချဉ်ပေါင်တွေထွားလာတာဝမ်းအသာ ဆုံးဘဲ။  
ရုံးပတေသီးပင် (ရုံးပတေသီးအခြောက်တစ်တောင့်မာမီပို့ပေးလို့စိုက်ထားတာ)
 မုန်ညှင်းဖြူ
 ရွက်စားမုန်လာ (ဒုတိယအသုတ်)
 ခရမ်းချဉ်သီး (ပထမဦးဆုံးအသီးလေး) နှင့် အပင်
 ချဉ်ပေါင် (အရိုးဖြတ်စိုက်တာပါ၊  အစေ့နဲ့စိုက်တဲ့အပင်တွေ မကြီးနိုင်သေးပါ)
 ပန်းသံပုရာ (ချဉ်စုတ်နေတာဘဲ၊ သံပုရာသီးအစားသုံးတာပါ)
 ပူတီနံ
 ကိုက်လံ
 မုန်လာဥနီ
 ခရမ်းကျွတ်သီးပင် (၂ပတ်သား)
 တိုင်ဝမ်ကန်ဇွန်း
ခြံထဲမှာ တစ်ကယ်တမ်းလုပ်ဖြစ်တာ တနင်္ဂနွေနေ့တစ်ဝက်ပါ။အခုတစ်လောတော့ ခြံ လဲမရှင်းနိုင်သေးပါဘူး။ ပုခုံးနဲ့လက်တစ်ခြမ်းက သိပ်လှုပ်မရလို့ အနားယူနေရတယ်။
ဟင်းလဲ သေချာမချက်စားဖြစ်သေးတာမို့၊ နောက်မှဘဲ ဆက်တင်ပေးပါ့မယ်။
ဒါကတော့အရင် (၂) ပတ်လောက်တုံးကပုံပါ။ 

Comments

  1. အစုံပါလား ကူကူးရ .. ပျော်စရာကြီး

    ReplyDelete
  2. Oh, I wish I could have small plantation like you, KuuKuu!
    Mon Petit Avatar

    ReplyDelete
  3. အဲလိုအပင်လေးတွေစိုက်ရတာ ပျော်စရာကောင်းလိုက်တာနော်။

    ReplyDelete
  4. မျက်စိကိုအေးသွားတာပဲ မကူးကူးရေ....။ ကိုယ်ပိုင်စိုက်ခင်း လေးနဲ့  အေးချမ်းလိုက်တာ။

    ကျန်းမာရေးကို ဂုစိုက်ဗျိုး သွေးတိုး မပေါ့နဲ့ နော်..။

    ReplyDelete
  5. ကောင်းလိုက်တာ။ ငယ်ငယ်တုန်းက အဖွားရဲ့ စိုက်ခင်းတွေကို သတိရမိတယ်။
    ကိုယ်ပိုင်စိုက်ခင်းကဆိုတော့ လတ်ဆပ်တယ်။

    ReplyDelete
  6. ပုံတွေကြည့်ရင်းနဲ့ အမေ့ခြံက စိုက်ခင်းတွေကို သတိယလာတယ်၊

    ReplyDelete
  7. ဟုတ်ပ ကူးကူးရယ် ခြံကလေးကြည့်ရတာ ပျော်စရာ
    စိတ်ချမ်းသာဖို့ကောင်းမှကောင်း
    မျက်စိကိုအေးနေတာဘဲ
    ကိုယ်တိုင်စိုက်လို့ စားရတာ ၀ယ်စားရတာထက် ပိုပြီးချိုမြိန်တယ်လေ နော်

    ReplyDelete
  8. အပင်စိုက်ဝါသနာပါတော့ တိတ်တိတ်လေးလာချောင်းရင်းရင်းပျော်သွားတယ်
    အပင်တွေအများကြီးမို့အားကျလိုက်တာ

    ReplyDelete
  9. အပင်လေးတွေကို ကြည့်ပြီး စိတ်ချမ်းသာလိုက်တာဗျာ။ စိုက်ပျိုးရေးကို ၀ါသနာပါလို့ ကိုယ်တိုင်စိုက်ပျိုးထားသလို ခံစားရပါတယ်။ အားကျတယ်ဗျာ။ ရွာက ဟင်းချက်စရာ စိုက်ခင်းတွေကိုတောင် မြင်ယောင်မိတယ်။ ချဉ်ပေါင်ရွက်တွေက သန်သန်မာမာပဲဗျာ...ပျော်ရွှင်မှု့လေးတွေရလို့ လာရကျိုးနပ်ပါတယ်။

    ReplyDelete
  10. စိမ်းနေတာပဲ။ အပင်တွေ အများကြီးပဲနော်။ ကြည့်ရတာ မခူးရက်ပုံပဲ။ စိုက်ရုံပဲမို့လားး)

    ခင်မင်လေးစားလျက်

    ReplyDelete
  11. ခူးတယ်.. အိမ်နီးချင်းတွေလဲပေးတယ်..
    မုံညှင်း၊ ကန်ဇွန်း၊ ကိုက်လံ၊ ချဉ်ပေါင် နဲ့ မုံလာပင်ပေါက်တွေစားလို့ရနေပြီ..
    ကန်ဇွန်းဥနီလဲစားလို့ရပြီ..း))

    ReplyDelete
  12. နေကောင်းပါစေ

    ReplyDelete
  13. I am curious to find out what blog platform you are working with?
    I'm experiencing some small security problems with my latest blog and I'd like to find something more secure.

    Do you have any recommendations?

    Here is my web site ... http://mainframebrasil.com.br

    ReplyDelete
  14. kuu kuu yard ka gyi tae naw...kg lite tar... canada mar so tot apin tway ko just summer p site loz ya mar pop naw or 12 yar thee site tar lar..apin tway ayan sone loz

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ