Skip to main content

Posts

Showing posts from May, 2010

တောင်ပေါ်ချင်းပြောင်းဖူးပြုပ်

ကျွန်မအဖေဘက်က အဖိုးက အိန္ဒိယဘက်ကနေ မြန်မာပြည်ဆင်းလာပြီး စစ်လာကူတိုက်တဲ့အထဲမှာ ပါလာပီး အဖွားနဲ့အိမ်ထောင်ကျပါတယ်။ နှစ်ယောက်စလုံး မြန်မာပြည်ထဲဝင်လာတော့ အဖွားအမျိုးတစ်ချို့ နဲ့ မြန်မာပြည်နိုင်ငံသားခံယူလိုက်တယ်။  ချင်းတောင်/ဟားခါးမှာ အခြေကျနေထိုင်ပီးနောက် မအူပင် ပြီးတော့ ပြင်ဦးလွင်မှာ နှစ်ယောက်လုံးရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတယ်။  အဲဒီတော့ ကျွန်မအမေဘက်က အဖိုးဖွားဆွေမျိုးတွေက အောက်ပြည်အောက်ရွာသားတွေမို့  အစားစုံစားခဲ့ ဖူး သလို အဖေဘက်က အမျိုးတွေဆီသွားလည်ရင် တောင်ပေါ်တက်ရပြန်တာမို့ သူတို့စားလေ့ရှိတဲ့အစာ တွေလဲ ကျွန်မခုံမင်နေတတ်ပြန်တယ်။  မှတ်မှတ်ရရ ၁၉၈၈ အရေးခင်းကြောင့်ကျောင်းပိတ်ထားတဲ့အချိန် အဖေက အမျိုးတွေဆီသွားလည်ကြမယ် ဆိုပြီး ချင်းတောင်ကိုခေါ်သွားပါတယ်။ မန္တလေးကနေမုံရွာ.. မုံရွာ - ကလေး.. ကလေး - စီးရင်း   စီးရင်းက နေတီးတိန်.. ဖလန်း  ဟားခါးထိ သွား လည်ကြတယ်။ ကျွန်မအရမ်းငယ်သေးတယ်.. ညီမလေးက လမ်းလျှောက်တတ်ခါစလေး..၊ ကျွန်မက အဖေနဲ့ တောင်တက်တဲ့ကားအမိုးပေါ်မှာ ထိုင်တယ်။   ငယ်ငယ်ကတည်းက အဖေက ဘယ်သွားသွားခေါ်သွားလို့ ကျွန်မကို ယောကျာ်းလေးလိုဝတ်ပေးလေ့ရှိ တယ်။ အဲဒီတုန်းက မဲဇာလမ်းလား..ဘာလား မေ့သွားပြီ.. ဒမြတွေအရမ်းေ

အနီရည်တစ်ခွက် ကျမ်းမာရေးအတွက်

 မြန်မာမှာတော့ နိုကိုဥ လို့ခေါ်မလား။ Sugar beet (or) Beetroot ဖျော်ရည်သောက်သုံးပေးခြင်း ဖြင့် ထူးခြားတဲ့ အာနိသင်အကျိုးကျေးဇူးရနိုင်တဲ့သူများကတော့.... ၁။  သည်းခြေကျောက်တည်သူများ နဲ့ ကျောက်ကပ်ကျောက်တည်တတ်တဲ့သူများ ၂။  အစာအိမ်လမ်းကြောင်း နှင့်အစာအိမ် ဝေဒနာရှိသူများ  (အထူးသဖြင့် ၀မ်းချုပ်၊ ဆီးချုပ်) ၃။ အမျိုးသမီးများ ဓမ္မတာ ပုံမှန်မလာသူများ၊ နာကျင်ကိုက်ခဲသူများ နှင့် သားအိမ်/မျိုးဥအိမ်   အလုံးအကြိတ်ရှိသူများ ၄။  သွေးတိုးရောဂါ ဝေဒနာရှင်များ - သွေးတိုးကို ၂၄ နာရီအတွင်း ပုံမှန်ဖြစ်အောင် ပြန်ထိမ်းထားပေးနိုင်။ ၅။  သွေးနီဥ အားနည်းသူများ၊ သွေးအားနည်းသူများ နဲ့ ၆။ ကင်ဆာရောဂါဆိုးကိုပါ  ထိထိရောက်ရောက် ကာကွယ်တားဆီး နိုင်ပြီး ခန္တာကိုယ်စွမ်းအင် မြှင့်တင်ပေး နိုင်သလို ၇။ အမျိုးသမီးတို့အကြိုက် အသားရည်ပါ အမြဲစိုပြေ လှပနေစေသတဲ့။ အရင်က salad ထဲမှာ ဖြစ်ဖြစ်၊ ပြုပ်စားတာဖြစ်ဖြစ်စားဖူးပေမယ့် အစိမ်းသက်သက် ဖျော်ရည်လုပ်သောက် ခြင်းအကျိုးကျေးဇူးတွေသိလာတဲ့နောက်မှာ အရသာကိုတွေးပီးတော့တောင်မခံစားနိုင်ပါဘူး။ ဟင်းနုနွယ်အရွက် အပြင်းစားလို အနံ့ဆိုးလို့ပါ။  လှီးလိုက်ရင် နေရာတစ်ကာ နီရဲနေတော့တာ... ကောင်းပီ။  ဒါဆို ဘယ်လို လ

ကင်မ်ချီ (Sandakuu Made)

ဒီတစ်ပတ်တော့ မဖြစ်မနေ စမ်းသပ်ချင်နေတဲ့ ကိုးရီးယားကင်မ်ချီလုပ်ဖြစ်ပါတယ်။ အရင်ဆုံး  ကိုးရီးယားစတိုးဆိုင်ကိုပြေးပီး ငရုတ်သီးမှုန့် သွားဝယ်ရပါတယ်။ ဒီမှာကျောင်းလာတက်နေတဲ့ကျွန်မ ဆရာရဲ့အမျိုးသမီးက ကင်မ်ချီအမြဲလုပ်ပေးတယ်၊ သူတို့အိမ်နီးနားချင်းတွေ လဲ ကိုးရီးယားတွေများတော့ သူက ကင်မ်ချီလုပ်တိုင်းကျွန်မအတွက်ဗူးလေးနဲ့ထည့်ပေးတယ်။ အခုနောက်ပိုင်းတော့သူလဲခါးနာလို့ မလုပ်နိုင်တော့ဘူး။ ကျွန်မက သူ့ကိုဘယ်လိုလုပ်ရလဲမေးတိုင်း  အာ... မလုပ်နဲ့ ဒီမှာလုပ်ပေးမယ်.. မပူနဲ့ ဘယ်တော့စားချင်လဲ..ဘဲမေးလေ့ရှိတယ်။ ကျွန်မလဲ သူနေမကောင်းတော့ အားနာနေတာတစ်ကြောင်း၊ အခုတစ်လော ကင်မ်ချီအရမ်းစားချင်တာတစ်ကြောင်း ကိုယ်တိုင်စမ်းသပ် လုပ်ဖို့ ဖြစ်လာတော့တာ။  မမလု ဆီမှာ ကင်မ်ချီလုပ်နည်းရေးထားပေးတယ်၊ သူ့ဆီကနေ အခြေခံအချက်လက်တွေ သွားယူ၊ ပီးတော့ အင်တာနက်မှာ ဟိုရှာဒီရှာ နဲ့ အလွယ်ဆုံးနဲ့ကိုယ့်စိတ်ကြိုက် အရသာတွေ့မယ့်ပုံဆံမျိုးဖြစ်တောင်ဖန်တီးယူလိုက်ပါတယ်။ မုန်လာထုပ် (၂)ထုပ် ခါကြက်ဥ တစ်လုံး ကင်မ်ချီလုပ်တဲ့ ငရုတ်သီးမုန့် ၂ဇွန်း ဆား ကြမ်း (၂) ဇွန်း ငါးငံပြာရည် အနဲငယ် ငရုတ်သီးအစိမ်းတောင့်ကြီး (၁၀) တောင့်  (ကြက်သွန်မိတ်လိုအပင်ကြီးတွေအစား ငရုတ်

ပိန္နဲသီးသုပ် အုန်းနို့အနှစ်ဆမ်း

ရွာအလွမ်းပြေပိန္နဲသီးသုပ်စားရအောင်။  ကျွန်မအဖွားရွာမှာတော့ သွားလည်တိုင်း အဖွားရဲ့ နောက်ယောက်ျား အဖိုးက ပိန္နဲသီးပြုပ်ကို ကြက်သွန်စိမ်းနဲ့ သုပ်သုပ်ကျွေးတယ်။ ဒီမှာတော့ သူတို့ရိုးရာအစားစာထဲမှာ ပိန္နဲသီးကိုအုန်းနို့နဲ့ဂျင်းနဲ့ချက်တာ ခဏခဏတွေ့ ရတယ်။  ကျွန်မကတော့ ပန္နဲသီးတစ်လုံးစိတ်ကြိုက်သွားဝယ်၊ အခွံနွှာ၊ အတုံးကြီးကြီး တုံးပီ နူးအောင်ပြုပ်လိုက် တယ်။ အစေးတွေကတော့ရှောင်မရဘူးနော်။  ဆီလေးဆောင်ထား၊ လက်မှာရော၊ ထည့်ဆေးတဲ့ဇလုံမှာရော အစေးတွေကပ်နေတယ်၊ ပိန္နဲသီးက အခွံနွှာတုံးထား နဲနဲလေသလပ်ရင် ညိုလာတယ်။ ဒီကရောင်းတဲ့အသီးတွေက သူတို့ ပါးပါးလှီးထားပီးသား၊ ပီးတော့ ဘာအရည်နဲ့ဆေး ထားလဲမသိဖြူဖွေး နေတာ။ ပိန္နဲသီးပြုပ်ထားတဲ့အတုံးတွေကို အအေးခံပီး ပါးပါးလှီး၊ ဒါမှမဟုတ် လက်လေးနဲ့နွှာထားပါ။ ကျွန်မတော့ သူငယ်ချင်းတွေလဲကျွေးမှာမို့ သေသေချာချာဓါးပါးလေးနဲ့လှီးထားပါတယ်။ ကြက်သွန်ဖြူနီကို ဆီချက် ကြွပ်ကြွပ်လေးသတ်ထား၊ ဆီစစ်ထားပါ  မြေပဲထောင်း ငရုတ်သီးစိမ်း (၆) တောင့် အုန်းနို့ စစ်စစ်ကို ကြိုပီး အနှစ်ရအောင်လုပ်ထား ဆားအနဲငယ်.. သံလွင်ဆီအနဲငယ်   အားလုံးသမအောင်မွှေပီး အုန်းနို့အနှစ်လေးပါအပေါ်ယံဖြူးပီး ဇွန်းလေးနဲ့ထပ်မွှေလိုက်ပါ။ အုန်းနို့အနှစ

မာမီ နှင့် ကျွန်မ

ကျွန်မအမေနဲ့ရင်းရင်းနှီးနှီးနေလေ့မရှိဘူး။  ငယ်ငယ်ကတည်းကအကျင့်ဖြစ်နေတော့။ ကျွန်မဆေးရုံတက်နေတဲ့အချိန်တွေ၊ နေမကောင်းဖြစ်တဲ့အချိန်တွေတော့ မာမီ့ကိုပိုသတိရတယ်။ ကျွန်မခံစားနေရတာတွေသူကြည့်ပီး အမြဲငိုနေလေ့ရှိတယ်။  တစ်ခါတစ်လေ ပါးပါးကိုပြောတတ်သေးတယ်၊ ဗိုက်ထဲပြန်သွင်းထားလို့ရရင် သွင်းထားချင်ပါတယ်တဲ့။း) အဲဒါမောင်လေးနဲ့ညီမလေးက ဒီလောက်အကောင်ကြီးကြီး ရှည်ရှည်ကိုဘယ်လိုပြန်ခွေခေါက်သွင်းမလဲလို့ ပြန်ပြောလေ့ရှိတယ်။ မာမီက သူနာပြုဆရာမတော့မဟုတ်ဘူး၊ ဒါပေမယ့် ဆေးအကြောင်း အကုန်နားလည်တယ်။ တစ်ခုခုဖြစ်ရင် သူ့ကိုမေးပီးဆေးသောက်ရုံဘဲ။ သူဘယ်အချိန်မှာစက်ချုပ်သင်ခဲ့လဲကျွန်မမသိဘူး၊ ဒါပေမယ့် ကျွန်မတို့အခုချိန်ထိအ၀တ်စား သူချုပ်ပေးနေ တုန်းဘဲ။  ရွာမှာမွေးပီး မြို့မှာကြီးပေမယ့် စိုက်ပျိုးရေး၊ မွေးမြူရေးအရမ်းဝါသနာပါတယ်။  အိမ်မှာဆို ပန်းပင်၊ သစ်ခွပင်၊ သီးပင်စားပင်တွေနဲ့ ဘဲ/ကြက်တွေအများကြီးဘဲ။ ခွေးလေးတွေလဲပါတယ်။ ညီမလေးကတော့ မာမီနဲ့နဲနဲဆင်တူတယ်၊ ကျွန်မကတော့ ပန်းတွေပွင့်ရင်လိုက်လိုက်ခြွေတတ်တယ်၊ ဖျက်ဆီးရေးသမားပေါ့၊ မာမီက ရွာမှာမွေးတော့ ဘယ်လဘယ်ရက်မွေးလဲသူမသိဘူး၊ ပါးပါးကတော့ ရွာမှာရေကြီးတဲ့လမွေးတယ် ဆိုပီးနောက်လေ့ရှိတယ်။ တရ

ဆံတု

ကျွန်မစာဖတ်တတ်တဲ့အရွယ်မှာ ကျောင်းအားတဲ့ရက်တွေဆို စာအုပ်ဘဲသည်းမဲဖတ်တာ၊ ထမင်းမေ့ ဟင်းမေ့ဘဲ။  အကျင့်ဖြစ်သွားတာလဲပါမယ်။  အမေကအလုပ်သွား၊ အဖေလဲခရီးထွက်တော့ မာမီက အပြင်မသွားခင်မှာစာအုပ်တွေဌားထားပေးတယ်၊ မဟော်သထာ၊ ကာတွန်းစာအုပ်တွေနဲ့ ပုံပြင်စာအုပ်တွေပေါ့။  ကျွန်မငယ်ငယ် မင်းသမီးအရမ်းဖြစ်ချင်တယ်၊ မင်းသမီးတောင်မှ ခါးမှာအတောင်ပံအကော့လေးနဲ့စင်ပေါ် ကတဲ့မင်းသမီးပေါ့။  ကာတွန်းစာအုပ်တွေထဲက မြန်မာ့သမိုင်းရာဇ၀င်ထဲက ဗာရာနသီမင်းတို့၊ မင်းသမီး လေးတွေကတာတို့ ဆိုရင်အရမ်းကိုသဘောကျတာ၊  ကျွန်မတို့နေတဲ့အိမ်နားမှာ ချောင်းတစ်ခုရှိတယ်၊ ဗေဒါပင်တွေအများကြီးဘဲ။ အချို့အပင်တွေသူများလာဆွဲပီး သယ်သွားတဲ့အခါ ချောင်းစပ်နားမှာကျန်ခဲ့တဲ့အပင်တွေက ရေနဲ့မထိ အပင်သေတော့ ဗေဒါပင်အမြစ် တွေလဲ ခြောက်ပီး မသိရင် ဆံပင်အတုလိုဖြစ်ကျန်ခဲ့တယ်လေ။ အဲဒါတွေကို မာမီမရှိရင် ကျွန်မသွားကောက်၊ ပီးရင်တော့ ဆံပင်အတုတွေလုပ်...သဘောတွေအကျကြီးကို ကြနေတာ.. ပီးရင် ကျွန်မရဲ့အရုပ်မတွေမှာ မြန်မာမင်းသမီးတွေလိုဆံပင်အရှည်ကြီးတွေတပ်ပေး၊ ပိတ်စ ဟိုတစ်ပိုင်းဒီတစ်ပိုင်းကိုဖြတ် ထမိန်အရှည်ကြီးချုပ်၊ အမြီးရှည်ရှည်လေးပေါ့..  မနေ့က ကျွန်မ burmeseclassic မှာ ကျိုက်ထီးရိုးဆံတော်ရ

ငရုတ်သီးတောင့်ရှည်ပဲပုပ်အစာသွပ်

သူငယ်ချင်းတစ်ယောက်ပို့ပေးလိုက်တဲ့ရှမ်းပဲပုပ်ပြားအခြောက်လေးတွေနဲ့ ငရုတ်သီးအစိမ်းတောင့်ကြီးတွေနဲ့ ချက်ဖို့အကြံရတာကြောင့်အကောင်ထည်ဖော်ကြည့်တယ်။ ငရုတ်ပွကြီးတွေကိုအစာသွပ်တာစားဖူးတယ်။ ဒီတစ်ခါတော့စပ်စပ် စိမ့်စိမ့်လေးဖြစ်အောင် ဒီငရုတ်သီးအစိမ်း တောင့်ရှည်တွေနဲ့ဘဲ ပဲပုပ်ညက်ညက်အစာသွပ်ဖို့ကြံစည်လိုက်တယ်။ ငရုတ်တောင့်ရှည်တွေဒီမှာတော့နှစ်မျိုးရှိတယ်၊ တစ်မျိုးကအရမ်းစပ်တယ်၊  အခုသုံးတဲ့တစ်မျိုးကတော့သိပ်မ စပ်ဘူး။ အခွံလဲထူတော့ ချက်လိုက်ရင်အရသာလေးကတစ်မျိုးလေး..စားလို့ကောင်းတယ်။ အထဲကအနှစ်အတွက်တော့ ရှမ်းပဲပုပ်ပြားတွေ ရေနဲ့စိမ်ထားပီး ပါးပါးလှီးထားတယ်။ သတ်သတ်လွတ် သမား တွေအတွက်လဲအဆင်ပြောတာပေါ့။ ကြက်သွန်ဖြူနီနဲ့ဂျင်းကို ညက်ညက်ထောင်းပီး ဆီသတ်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်ထည့်ပီး ခရမ်းချဉ်သီးကိုညက်ညက်ကြိတ်ပီးထည့်မွှေပါတယ်။ ပီးရင်တော့ ပါးပါးလှီးထားတဲ့ပဲပုပ်တွေထည့်မွှေ၊ အပေါ့ငံအတွက် ဆားသင့်တော်ရုံထည့်၊ ပဲပုပ်ချက်ထားတာကြေလောက်ပီဆိုရင်တော့ ငရုတ်သီးစိမ်းတောင့်တွေကိုရေဆေးပီးအညှာချွေ၊ နှစ်ပိုင်းပိုင်းပီးအလံက အစေ့နဲ့အူတိုင်ကိုထုတ်ပစ်ပါ။ ပီးရင်တော့ ပဲပုပ်ထဲထည့်ရောမွှေလိုက်ပါ.. ပဲပုပ်တွေ ငရုတ်သီးအခြမ်းထဲအလိုလိုဝင်သွားပါ

ဘာလီ အက အလှ

ဘာလီရဲ့နောက်ဆုံးညစာလေးကိုတော့ ဘာဘီအကအလှလေးနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ သူတို့တွေကတဲ့အထဲမှာတော့ မျက်လုံးဟိုရွှေ့ဒီရွှေ့နဲ့ကတာ စိတ်အ၀င်စားဆုံးဘဲ.. ညဖက်ဆိုရင်တော့ကြောက်ဖို့ကောင်းမှာ... လှုပ်နေတော့ပုံတွေမငြိမ်ဘူးဖြစ်သွားတယ်။

Tanah-lot Temple ဘာလီ

Karisna ကနေပြန်အထွက်မှာတော့ ကားက Tanah-lot Temple ဆီဦးတည်လိုက်ပါတယ်။ အဲဒီရောက်တော့ ကားမောင်းသမားကပြောပါတယ်။ အမျိုးသမီးတွေဆို ဗိုက်နာတတ်တဲ့ရက်မျိုးနဲ့တိုက်ဆိုင် ရင် temple ကိုမသွားပါနဲ့တဲ့။  အန္တရာယ်များတယ်ဆိုပါတယ်။  အထဲကိုလမ်းလျှောက်သွားတယ်။ လမ်းတစ်လျှောက်ဘေးဆိုင်ခန်းတွေအများကြီးဘဲ။  ဈေးလဲအရမ်းသက်သာတယ်။ အဲဒီနားရောက်တော့ temple က ပင်လယ်အစပ်နားမှာ ဆောက်ထားတာ၊  စကားပန်းလေး ပန်ပေးတဲ့နေရာပေါ့။ ကျွန်မရိုက်တဲ့ပုံလေးကမှာဖျက်မိလို့ ပုံကို ဒီက ခဏ ယူသုံးပါတယ်။  အ၀င်နားမှာ လူတွေဝိုင်းနေလို့သွားကြည့်တာ လင်းနို့အကြီးကြီးတွေ့တယ်၊ ဇောက်ထိုးနေနေတာ၊ ဌက်ပျောသီး ပန်းကန်လဲအနားမှာချထားတယ်၊ သူ့ကိုကျွေးရင်စားတယ်၊ သူ့ပုံက ပျင်းနေတဲ့ပုံဘဲ။ အစားစားပီး လျှာကထုတ်သေးတယ်။ ကျွန်မက အကောင်တွေလျှာထုတ်တာတွေ့ရင်အသည်းယားတယ်။ သူ့ လျှာကိုသွားဆွဲထားတော့ ပြန်သွင်းလို့မရဘူး၊  ခဏပါ၊ ပီးတော့ ပြန်လွှတ်ပေးလိုက်တယ်..း)  ဒါတွေကတော့ temple နားကရှုခင်းတစ်ချို့ပါ။ အယုံကြည်တော့မရှိဘူး။ ဒါပေမယ့် စည်းကမ်းကိုတော့လေးစားလိုက်နာသင့်တယ်ထင်တာဘဲ။ ကျွန်မအရှေ့မှာ လှေခါးထစ်တွေဆင်းရင်းနဲ့ အသားလွတ်ချော်လဲကျတဲ့ အမျိုးသမီးတစ်ယောက်တွေ့တယ်။  သူတ

ဝေဟင်ပေါ်မှ ဘာလီကိုရှုစားခြင်း

လိပ်ကျွန်းကနေပြန်ရောက်တော့ ပင်လယ်ကမ်းခြေနားက စားသောက်ဆိုင်တွေမှာခဏနားပီး ထမင်းစားကြ တယ်။  အားလုံးပြင်ဆင်ထားပီးသားဆိုတော့ ၀င်စားလိုက်ရုံဘဲ။ ဟင်းတွေကလည်းအများကြီး၊ ထမင်းကလဲ ပူပူ နွေးနွေးနဲ့။ နေပူပူသဲသောင်ပြင်က လေအေးအေးတော့တိုက်သေးတယ်။ ထမင်းစားသောက်ပီးလို့ အသီးဖျော် ရည်လေးနဲ့ ခဏအနားယူတဲ့အချိန်မှာတော့ ကျွန်မတို့အဖွဲ့ထဲကလူတွေက ကမ်းခြေက water sports တွေဆော့ ကြပါတယ်။ ဆားငံရေကြောက်တာကြောင့်သူများတွေကိုဘဲငေးနေရတာပေါ့လေ။ ဒါဘဲ ကျွန်မ ဘော့စ်က လေထီးနဲ့မိုးပေါ်မှာ လွင့်နေတာပြပီး အဲဒါစီးမလားတဲ့။  ကျွန်မက No... thanks!.. ကြောက်လို့မဟုတ်ဘူးလေ၊ လိပ်ကျွန်းကပြန်လာတော့ ခြေထောက်ကသဲတွေနဲ့ ရေပြန်ဆေးရတာနဲ့ သဲမှုန်မွှား တွေကိုယ်မှာကပ်ရင် allergic ဖြစ်တာ ကြောင့်ငြိမ်နေတာ.. နောက်ဆုံးတော့ သူများအတင်း တိုက်တွန်း တာနဲ့ကောင်းကင်ပေါ်ရောက်သွားပါတယ်။ အဲဒီက အကိုကြီးတွေက ပြန်အဆင်းမှာ လက်အိတ်အပြာကိုဆွဲ..အနီလက်နဲ့အပြာကိုဆွဲ.. တစ်ချို့က ဘာမှမဆွဲနဲ့.. နောက်ဆုံးတော့ ကိုယ်လုပ်ချင်ရာလုပ်လိုက်တယ်။ ရေထဲကို စောက်ထိုး landing လုပ်ခါနီးဘဲ..း) သူတို့ကက ပုပုလေးတွေ၊ ဟီး... ကိုယ်ဘဲရှည်တာလား သူတို့ပုလားတော့မသိဘူး၊ အနားလာရပ်ရင် ခေါင်းက ရ