Skip to main content

မာမီ နှင့် ကျွန်မ

ကျွန်မအမေနဲ့ရင်းရင်းနှီးနှီးနေလေ့မရှိဘူး။  ငယ်ငယ်ကတည်းကအကျင့်ဖြစ်နေတော့။
ကျွန်မဆေးရုံတက်နေတဲ့အချိန်တွေ၊ နေမကောင်းဖြစ်တဲ့အချိန်တွေတော့ မာမီ့ကိုပိုသတိရတယ်။
ကျွန်မခံစားနေရတာတွေသူကြည့်ပီး အမြဲငိုနေလေ့ရှိတယ်။  တစ်ခါတစ်လေ ပါးပါးကိုပြောတတ်သေးတယ်၊ ဗိုက်ထဲပြန်သွင်းထားလို့ရရင် သွင်းထားချင်ပါတယ်တဲ့။း)
အဲဒါမောင်လေးနဲ့ညီမလေးက ဒီလောက်အကောင်ကြီးကြီး ရှည်ရှည်ကိုဘယ်လိုပြန်ခွေခေါက်သွင်းမလဲလို့ ပြန်ပြောလေ့ရှိတယ်။
မာမီက သူနာပြုဆရာမတော့မဟုတ်ဘူး၊ ဒါပေမယ့် ဆေးအကြောင်း အကုန်နားလည်တယ်။ တစ်ခုခုဖြစ်ရင် သူ့ကိုမေးပီးဆေးသောက်ရုံဘဲ။
သူဘယ်အချိန်မှာစက်ချုပ်သင်ခဲ့လဲကျွန်မမသိဘူး၊ ဒါပေမယ့် ကျွန်မတို့အခုချိန်ထိအ၀တ်စား သူချုပ်ပေးနေ တုန်းဘဲ။ 
ရွာမှာမွေးပီး မြို့မှာကြီးပေမယ့် စိုက်ပျိုးရေး၊ မွေးမြူရေးအရမ်းဝါသနာပါတယ်။  အိမ်မှာဆို ပန်းပင်၊ သစ်ခွပင်၊ သီးပင်စားပင်တွေနဲ့ ဘဲ/ကြက်တွေအများကြီးဘဲ။ ခွေးလေးတွေလဲပါတယ်။
ညီမလေးကတော့ မာမီနဲ့နဲနဲဆင်တူတယ်၊ ကျွန်မကတော့ ပန်းတွေပွင့်ရင်လိုက်လိုက်ခြွေတတ်တယ်၊
ဖျက်ဆီးရေးသမားပေါ့၊
မာမီက ရွာမှာမွေးတော့ ဘယ်လဘယ်ရက်မွေးလဲသူမသိဘူး၊ ပါးပါးကတော့ ရွာမှာရေကြီးတဲ့လမွေးတယ် ဆိုပီးနောက်လေ့ရှိတယ်။
တရုတ်သွေးနွယ်တဲ့မာမီက အသားဖြူတယ်၊ ကျွန်မတို့မောင်နှမ (၃)ယောက်ကတော့ သူ့လောက်မဖြူဘူး။  
အသိမိတ်ဆွေတွေကတော့ သမီးနှစ်ယောက်အမေ့အလှကိုမမှီဘူးပြောနေတုန်းဘဲ၊ ခုထိဘဲ။
ကျွန်မ ကျောင်းပီး အလုပ်လုပ်တဲ့အချိန်ထိ တစ်ခါမှဈေးမသွားခိုင်းဖူးဘူး၊ လိုတဲ့အ၀တ်စားအသုံးဆောင် သူဘဲ ၀ယ်ပေးလေ့ရှိတယ်၊ ကျွန်မလဲတစ်ခါတစ်လေ လိုက်သွားတယ်၊ ဒါပေမယ့် အမေတွေရဲ့ထုံးစံ ဈေးစစ်တာတွေ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဆို ကျွန်မက ဆက်မလိုက်တော့ဘူး။
ချစ်သူက နောက်သလိုလိုနဲ့ မာမီ့ကို ပြောရမယ်၊ သမီးကိုလောကကြီးအကြောင်းဘာမှမသင်ပေးဘူးတဲ့လေ။ 
တစ်ကယ်တမ်းတော့လဲဟုတ်တယ်၊ လိုလေသေးမရှိအကုန်လုပ်ပေးတော့ ကျွန်မဘာဆိုဘာမှ မယ်မယ်ရရ မသိခဲ့သလို၊ စည်းကမ်းလဲတင်းကျပ်လွန်းတော့ သူငယ်ချင်းလဲမရှိခဲ့ပြန်ဘူး၊ သူငယ်ချင်းရှိတာလေးနဲနဲက တော့ သူဆင်ဆာဖြတ်ထားတဲ့သူတွေပေါ့။ အဲဒီသူငယ်ချင်းတွေကိုအစ ကူးကူး ကို ဒီလိုပြော၊ အဲဒါစားတာ တွေ့ရင် မစားခိုင်းနဲ့၊ ဟိုမသွားခိုင်းနဲ့၊ မတဲ့ တဲ့အစာတွေစာရင်းက ဒီလို.. အဲဒါတွေယောင်လို့တောင် မကျွေး နဲ့၊ စသည်ဖြင့် အကုန်လိုက် ထိမ်းချုပ်တတ်ပါသေးတယ်။
ကျောင်းတုန်းက ကျွန်မဆီရောက်တဲ့ သူငယ်ချင်းတွေကစာဆိုလဲ သူကအရင်ဖောက်ဖတ်ပီးသား၊ ပီးမှ ကော် လေးနဲ့ပြန်ကပ်ပီးကျွန်မကိုပေးတတ်တယ်၊ အဲတုန်းကတော့ အရမ်းကိုစိတ်ဆိုးခဲ့တယ်၊ စကားမပြောဘူး၊
ပီးတော့ သူငယ်ချင်းတွေအဖွဲ့လိုက် အပြင်သွားကြတယ်၊ Picnic ထွက်ကြပီဆိုလဲ မလိုက်ခိုင်းဘူး၊
ကျွန်မကတော့ ဘာမှမတတ်နိုင်တော့အစာငတ်ခံဆန္ဒပြပါတယ်၊  အိပ်ရာထဲခွေအိပ်နေပီး ဘာမှမစားဘူး၊   ၁ရက် ၂ရက်ဆိုရင်တော့ မာမီကပြန်လာချော့ပါတယ်၊ အဲဒါလဲမစားပါဘူး၊ နောက်တော့ ဗိုက်အရမ်းစာတော့ မှ ထစားပါတယ်၊ ပီးရင်စကားမပြောဘူး၊ တစ်ပတ်နီးပါဘဲ...
ကျောင်းတုန်းက အဆောင်မှာနေတော့ အခန်းထဲက အိပ်ရာကအစ၊ အ၀တ်စားတွေ အသုံးဆောင်တွေ ကျောင်းမဖွင့်ခင်အကုန်လာပြင်ဆင်သွားပေးတယ်၊ ကျောင်းပိတ်လို့ပြန်ခါနီးဆို အဆောင်လိုက်လာပီး အကုန် သိမ်းဆည်း လိုတာထုပ်ပိုးပြင်ဆင်ပေးပီး အိမ်ပြန်ခေါ်သွားတယ်၊ သူငယ်ချင်းတွေက ကျွန်မကို အားကျတယ်၊  သူတို့လဲအဲလိုအမေမျိုးလိုချင်သတဲ့။ ကျွန်မကတော့ ကိုယ့်စိတ်ကြိုက်လုပ်ခွင့်မရတော့ စိတ်ထဲမှာအင်တင် တင်ရယ်၊  အဲဒီနောက်ပိုင်းတော့ အကျင့်လိုလိုဖြစ်လာပီး မာမီမရှိရင် ကျွန်မဘာမှမလုပ်တတ်တော့ဘူး။
အဆောင်မှာနေတုန်း သူများတွေချက်တာတွေလိုက်ကြည့်ပီး ဒီနွေအိမ်ပြန်ရင်တော့ အိမ်မှာ ချက်အုန်းမှ ဆိုပီး တေးထားပေမယ့် အိမ်ရောက်လဲမီးဖိုချောင်ပေးမ၀င်ပြန်တော့ နောက်ဆုံးထုံးစံအတိုင်း မာမီဟင်းချက်နေတာ ဘေးကဘဲထိုင်ကြည့်ရင်း အချိန်ကုန်ပြန်တယ်..  မီးဖိုချောင်ကိစ္စဆို ကျွန်မကိုခိုင်းတာတော့ ပဲပင်ပေါက် အမြစ်ချွေတာ၊  ဒါတောင်ပါးပါးက အေ၇ှ့က ကာဆီးကာဆီးလုပ်သေးတယ်..  သူကလဲကျွန်မကိုခိုင်းရင် မကြိုက်ဘူး။ စောင်ခေါက်တာတောင်မှ လေးတဲ့စောင်အထူကြီးတွေဆို မခေါက်ခိုင်းဘူး။
မောင်လေးနဲ့ညီမလေးကတော့ သူတို့လွပ်လပ်သင့်သလောက် လွပ်လပ်ခဲ့ဖူးတယ်၊ အိမ်ကစ္စတွေလဲ တတ်သင့်သလောက်လုပ်ခဲ့ဖူးတယ်၊  ကျွန်မကတော့ သိပေမယ့် ဘာမှမလုပ်ခဲ့ရဘူး၊  အလိုလိုနေရင်းအိမ်မှာ အငယ်ဆုံးလိုဖြစ်နေခဲ့တာ... အခုထိပါဘဲ။
တစ်ယောက်တည်းနေတဲ့အခါတော့ အစုံပလုံချက်ပြုပ်တော့တာဘဲ.. ဒါပေမယ့် အဆင်မပြေပါဘူး၊ ၁ နှစ်ကျော် ကျော်လောက်မှ အကျင့်သားဖြစ်လာတာ.. အိမ်မှာ ကလားကာ တပ်တာကအစ၊ အိမ်တွင်းအပြင် ဆင်တွေ ကမောက်ကမဖြစ်နေတာ...  ညီမလေးလာလည်တုန်းက.. မာမီက ဖုန်းဆက်ပီး နင့်အမ အိကျီတွေ ဘယ်လိုစီထည့်ထားပေး၊ ဘယ်ဟာက ဘယ်နေရာ၊ မီးဖိုချောင်သုံးပစ္စည်းစီတာကအစ သူက လှမ်းခိုင်းနေပါ သေးတယ်။
ကိုယ်တိုင်မလုပ်ခဲ့ရပေမယ့် မာမီ ကအိမ်ထောင်ရှင်မ ပီသ လွန်လွန်းးး လို့.. ကျွန်မလဲ အတုမြင်အတတ်သင် အကုန်လိုက်လုပ်နေတာဘဲ... 
ငယ်ငယ်ကနေအခုထိ မိဘစကားမလွန်ဆန်ရဲခဲ့ပေမယ့် ချစ်သူရတော့ ချစ်လွန်းတော့လဲ ရည်းစားခိုးထား ရဲတဲ့သတ္တိရှိနေပြန်တယ်.. 
ကျွန်မဒီလ အိမ်အရမ်းပြန်ချင်တယ်.. ဘာကြောင့်မှန်းမသိ၊ ဖုန်းဆက်ရင်လဲ သမီးဖုန်းဖိုးအရမ်းကုန်မယ်ဆို ပီး စကားအမြန်လုပြောနေတဲ့ မာမီ့ကိုတွေးရင်း စိတ်မကောင်းလဲဖြစ်မိတယ်..
ကျွန်မဆီကနေဖုန်းဆက်ရင်တစ်ကယ်လဲအရမ်းကုန်ပါတယ်၊ (၅) မိနစ်လောက်ရင် ၅၀ လောက်သွားပီ။
မောင်လေးကတော့ gtalk သုံးဖို့သင်ထားပေးတာဘဲ.. ကို TZA ဘလော့က သူ့မာမီ gtalk သုံးနည်း မှတ်စု စာအုပ်လေးတွေ့တော့ မာမီ့ကိုပိုသတိရသွားတယ်။ 
အမေများနေ့မှာ သားသမီးတွေ မရိုးနိုင်တဲ့ပုံစံအမျိုးမျိုးချစ်ပြတဲ့၊ ဂရုစိုက်ပြတဲ့မိခင်တွေအားလုံး ကျမ်းမာ ကြပါစေ။ 



Comments

  1. ကူကူးအမေက ကူကူးကို အချစ်ဆုံး ထင်ပါရဲ့။ သိပ်ဂရုစိုက်တဲ့ အမေရတာ ကံကောင်းတာပေါ့ ညီမရယ်။

    ReplyDelete
  2. မာမီရော ကူးကူးရောကြည့်ရတာ ချစ်စရာကောင်းလိုက်တာ...
း-)

    ReplyDelete
  3. ချောလိုက်တာ .. ကူးကလည်း အလှတော့ဟိ

    ReplyDelete
  4. ပုံထဲမှာ ကူးကူး မျက်လုံးလေးတွေက ၀ိုင်းနေတာပဲ ..း))
    ကူးကူးရော ကူးကူးမာမီရော ပျော်ရွှင် ချမ်းမြေ့ပါစေ ..

    ReplyDelete
  5. အမေနဲ့ သိပ်မတူပေမယ့် တစ်ယောက်တစ်မျိုးချောပါတယ်။
    ကူးကူး ငယ်ငယ်တုန်းကပုံလေးက ချစ်စရာကောင်းလိုက်တာ။
    အခုရော မျက်လုံးလေးဝိုင်းနေတုန်းပဲလား။

    ReplyDelete
  6. အမေရောသမီးရော အချောတွေပဲ :)

    ReplyDelete
  7. မမမိုးချိုသင်း.. ဟုတ်ကဲ့.. သူများလဲအဲလိုဘဲပြောတယ် ကံကောင်းတယ်တဲ့။
    စုချစ်
    vista
    စူးနွယ်
    မိုးခါး.. ကျေးဇူးပါ..း) ဟီးဟီး
    သုနှင်းရေ.. ကူးမျက်လုံး ၀ိုင်းပါတယ်.. ကြီးလာတော့ ၀ိုင်းတဲ့မျက်လုံးပြူးသွားတာပေါ့.. profile မှာတင်ထားတဲ့မျက်လုံးလေ.. ဟီး

    ReplyDelete
  8. is your mommy and Amay same or different person?

    ReplyDelete
  9. အို့ ..............

    ကူးကူးမာမီက ချောလိုက်တာနော်။
    ချောတာထက် ကျက်သရေရှိတယ် ပြောရင် ပိုမှန်မယ်နော်။

    ကူးကူးလေးက မာမီရဲ့ အလှတွေ ရထားတာကိုးးးးးးးး။
း)

    ReplyDelete
  10. အမေ နဲ့ ဝေးနေတဲ့သူတိုင်း
    ခံစားရတဲ့ ခံစားမှု့ကို
    နားလည်ပါတယ် ...

    ကူးကူးနဲ့ ကူးကူးမေမေ
    ပျော်ရွှင်စွာ နေနိုင်သွားပါစေ ...

    ReplyDelete
  11. ကျောပိုးအိတ်လေး.. ကျေးဇူးပါနော်။ မာမီက ကူးနဲ့တူဘူးရယ်.. အခုထိလဲ အမေလို့ပြောရင် သူများယုံရခက်း)))
    ဆောင်နှင်း..ဆုတောင်းလေးအတွက်ကျေးဇူးပါ

    ReplyDelete
  12. အနော်က စာတွေးရေးတဲ့ သူဆိုတော့ အစ်မ အရွယ်လောက်ချိမယ် မတ်ဒါ.. ဘယ်ဟုတ်မတုန်း ငယ်လေး ချိတေးဒါကိုး.. ဂွီ

    ဟဲ ဟဲ နောက်တာနော်.. ချိတ်ချိုးကြေး

    ReplyDelete
  13. heehee.. aku lar kyi.. gozzilaa lout shi dae.. nge dot wuu :))

    ReplyDelete
  14. ကူးမေမေက တော်တော်ချောတယ်။ ကူးငယ်ငယ်ပုံက အရမ်းချစ်စရာကောင်းတာဘဲ.. ဂျစ်တစ်တစ် ရုပ်လေးနဲ့ :) သဉ္ဇာ့အမေလည်း သဉ္ဇာ့ကိုဆို ဘယ် picnic မှ မပေးလိုက်ဘူး။ စာတွေလာရင်လည်း အရင်ဖောက်ဖတ်ပြီးမှ ပြန်ကပ်ပေးတယ်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ