Pages

Wednesday, May 5, 2010

ငရုတ်သီးတောင့်ရှည်ပဲပုပ်အစာသွပ်

သူငယ်ချင်းတစ်ယောက်ပို့ပေးလိုက်တဲ့ရှမ်းပဲပုပ်ပြားအခြောက်လေးတွေနဲ့ ငရုတ်သီးအစိမ်းတောင့်ကြီးတွေနဲ့ ချက်ဖို့အကြံရတာကြောင့်အကောင်ထည်ဖော်ကြည့်တယ်။
ငရုတ်ပွကြီးတွေကိုအစာသွပ်တာစားဖူးတယ်။ ဒီတစ်ခါတော့စပ်စပ် စိမ့်စိမ့်လေးဖြစ်အောင် ဒီငရုတ်သီးအစိမ်း တောင့်ရှည်တွေနဲ့ဘဲ ပဲပုပ်ညက်ညက်အစာသွပ်ဖို့ကြံစည်လိုက်တယ်။
ငရုတ်တောင့်ရှည်တွေဒီမှာတော့နှစ်မျိုးရှိတယ်၊ တစ်မျိုးကအရမ်းစပ်တယ်၊  အခုသုံးတဲ့တစ်မျိုးကတော့သိပ်မ စပ်ဘူး။ အခွံလဲထူတော့ ချက်လိုက်ရင်အရသာလေးကတစ်မျိုးလေး..စားလို့ကောင်းတယ်။
အထဲကအနှစ်အတွက်တော့ ရှမ်းပဲပုပ်ပြားတွေ ရေနဲ့စိမ်ထားပီး ပါးပါးလှီးထားတယ်။ သတ်သတ်လွတ် သမား တွေအတွက်လဲအဆင်ပြောတာပေါ့။
ကြက်သွန်ဖြူနီနဲ့ဂျင်းကို ညက်ညက်ထောင်းပီး ဆီသတ်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်ထည့်ပီး
ခရမ်းချဉ်သီးကိုညက်ညက်ကြိတ်ပီးထည့်မွှေပါတယ်။
ပီးရင်တော့ ပါးပါးလှီးထားတဲ့ပဲပုပ်တွေထည့်မွှေ၊ အပေါ့ငံအတွက် ဆားသင့်တော်ရုံထည့်၊
ပဲပုပ်ချက်ထားတာကြေလောက်ပီဆိုရင်တော့
ငရုတ်သီးစိမ်းတောင့်တွေကိုရေဆေးပီးအညှာချွေ၊ နှစ်ပိုင်းပိုင်းပီးအလံက အစေ့နဲ့အူတိုင်ကိုထုတ်ပစ်ပါ။
ပီးရင်တော့ ပဲပုပ်ထဲထည့်ရောမွှေလိုက်ပါ.. ပဲပုပ်တွေ ငရုတ်သီးအခြမ်းထဲအလိုလိုဝင်သွားပါလိမ့်မယ်။
နဲနဲနွမ်းလောက်ပီဆိုရင်တော့ ငရုတ်သီးစိမ်းပဲပုပ်အစာသွပ်..ပြင်းပြင်းရှိန်းရှိန်းလေးရပါပီ။
အများကြီးမစားပါနဲ့ အကြောတက်မယ်..သွေးတက်မယ်..
အကြာကြီးအထားခံလို့ နဲနဲစီစားလို့ရပါတယ်။

6 Comments:

စူးနွယ်လေး said...

ဒီလိုဟင်းမျိုးဆို သိပ်ကြိုက် :)

subuueain said...

ကြိုက်တယ်ကူးကူးရေ စားပြီးအိပ်ရုံဘဲ

ဆောင်းနှင်းရွက် said...

စားလည်း စားချင်တယ် ...
စပ်မှာ လည်း ကြောက်တယ် ...

mae said...

တော်လိုက်တာ.. ရှာရှာကြံကြံလုပ်တတ်တယ်

T T Sweet said...

စားချင်စဖွယ်လေး ... ပုံလေးက ... သွားရေကျသွားပါသည်။

မြစ်ကျိုးအင်း said...

ဆီစိုစိုလေးနဲ့ဆိုတော့ စားချင်စရာပဲ
စပ်မယ်နဲ့တူတယ်နော်။

Post a Comment

ကူးကူးရေ...

 
Powered by Blogger