Pages

Tuesday, May 25, 2010

အနီရည်တစ်ခွက် ကျမ်းမာရေးအတွက်





 မြန်မာမှာတော့ နိုကိုဥ လို့ခေါ်မလား။ Sugar beet (or) Beetroot ဖျော်ရည်သောက်သုံးပေးခြင်း ဖြင့် ထူးခြားတဲ့ အာနိသင်အကျိုးကျေးဇူးရနိုင်တဲ့သူများကတော့....
၁။  သည်းခြေကျောက်တည်သူများ နဲ့ ကျောက်ကပ်ကျောက်တည်တတ်တဲ့သူများ
၂။  အစာအိမ်လမ်းကြောင်း နှင့်အစာအိမ် ဝေဒနာရှိသူများ  (အထူးသဖြင့် ၀မ်းချုပ်၊ ဆီးချုပ်)
၃။ အမျိုးသမီးများ ဓမ္မတာ ပုံမှန်မလာသူများ၊ နာကျင်ကိုက်ခဲသူများ နှင့် သားအိမ်/မျိုးဥအိမ်   အလုံးအကြိတ်ရှိသူများ
၎။  သွေးတိုးရောဂါ ဝေဒနာရှင်များ - သွေးတိုးကို ၂၄ နာရီအတွင်း ပုံမှန်ဖြစ်အောင် ပြန်ထိမ်းထားပေးနိုင်။
၅။  သွေးနီဥ အားနည်းသူများ၊ သွေးအားနည်းသူများ နဲ့
၆။ ကင်ဆာရောဂါဆိုးကိုပါ  ထိထိရောက်ရောက် ကာကွယ်တားဆီး နိုင်ပြီး ခန္တာကိုယ်စွမ်းအင် မြှင့်တင်ပေး နိုင်သလို
၇။ အမျိုးသမီးတို့အကြိုက် အသားရည်ပါ အမြဲစိုပြေ လှပနေစေသတဲ့။

အရင်က salad ထဲမှာ ဖြစ်ဖြစ်၊ ပြုပ်စားတာဖြစ်ဖြစ်စားဖူးပေမယ့် အစိမ်းသက်သက် ဖျော်ရည်လုပ်သောက် ခြင်းအကျိုးကျေးဇူးတွေသိလာတဲ့နောက်မှာ အရသာကိုတွေးပီးတော့တောင်မခံစားနိုင်ပါဘူး။
ဟင်းနုနွယ်အရွက် အပြင်းစားလို အနံ့ဆိုးလို့ပါ။  လှီးလိုက်ရင် နေရာတစ်ကာ နီရဲနေတော့တာ...
ကောင်းပီ။  ဒါဆို ဘယ်လို လုပ်သောက်မလဲ.. လွယ်ပါတယ်။
အောက်မှာရှိတဲ့အသီးတွေနဲ့ ကိုယ်ကြိုက်တဲ့အရသာဖြစ်အောင် ရောထည့်ပီး ဘလန်ဒါနဲ့ ကြိတ်မွှေလိုက်ရင် ကျမ်းမာရေးအတွက် အင်မတန်အထောက်ကူပြုတဲ့ အနီသစ်သီးဖျော်ရည်ရပါပီ။ 
နောက်ဖေးသွားတဲ့အခါနဲ့ အပေါ့ပါးသွားတဲ့အခါ အရောင်က အနီရောင်ပြောင်းသွားလို့ လန့်လဲ မသွားနဲ့ အုံး။ တစ်ရက်ကို ရေသန့်ဗူးလတ်တစ်ဗူးစာ လောက်သောက်ပေးရင် လုံလောက်ပါပီ။
  • နိုကို + ဌက်ပျောသီး + ထောပတ်သီး + ဖရဲသီး
  • နိုကို + ခါကြက်ဥ + ပန်းသီး + သရက်သီး
  • နိုကို + ဌက်ပျောသီး + သစ်တော်သီး+ ပန်းသီး
  • နိုကို + ထောပတ်သီး + သရက်သီး + ဒူးရင်းသြဇာ
  • နိုကို+ လိုင်ချီးစ် + သခွားမွှေး 
အဆင်ပြေသလို ရှိတဲ့အသီးတွေရောထည့်ပီး မွှေသောက်ပါလေ..


 


9 Comments:

စူးနွယ်လေး said...

ကူးကူးရေ...အဲဒါက နိုကိုဥ ဟုတ်ဘူးလေ....
cabbage turnip အစိမ်းရောင်အလုံးကို နိုကိုဥလို့ ခေါ်တယ်ထင်တယ်...ဂေါ်ရခါးသီးလိုကြော်စားကြတယ် လေ....
ဒီဟာကိုတော့ အဆင်သင့်လုပ်ပြီးသားဖျော်ရည်ဗူးပဲ သောက်ဖူးတယ်...ကိုယ့်ဟာကိုတော့မလုပ်ဖူးဘူး...အကျိုးကျေးဇူးတွေလည်း ခုမှသိတယ်...တခေါက်လောက်တော့ စမ်းကြည့်ဦးမှ

စန္ဒကူး said...

ဘယ်လိုခေါ်လဲသိဝူးရယ်.. မေမြို့မှာ အဒေါ်တို့က နိုကိုဥ ဆိုလို့.. လိုက် ဥ တာ.. ဟဲဟဲ..

ဏီလင်းညို said...

ကူးကူးရေ.........

မုန်လာဥနီ ဖျော်ရည်တော့ သောက်ဖူးတယ်.......း))
အဲ့ဟာတော့ မသောက်ဖူးသေးဘူးရယ်ဗျ........။

အနံဆိုးရင် မသောက်ချင်လေ......ဟိဟိ.....း))


ခင်မင်တဲ့
ဏီလင်းညို

sosegado said...

နိုကိုဥ က Kohlrabi ထင်တယ်၊ ကူးရဲ့ပုံကို ကြည့်ရတာ မတွေ့ဘူးသေးတဲ့ နိုကိုဥပဲ၊ နိုကိုဥ အစိမ်းကို အမေ ပါးပါးလှီးကြော်ပေးတာကြိုက်တယ်၊ အနီကိုရှမ်းပြည်ဘက်မှာတွေ့ဘူးတယ်၊ ဖျော်ရည်မသောက်ဖူးဘူး၊ သုတရရှိပါတယ်၊

သိင်္ဂါကျော် said...

ဟုတ်တယ်.. နိုကိုဥ အစိမ်းပဲ မြင်ဖူးတယ်.. ဒါမျိုးတစ်ခါမှ မမြင်ဖူးဘူး.. ဘာမျိုးလဲ မသိဘူးနော်..။
သောက်တော့ ကြည့်ချင်သား..

Andy Myint said...

Beetroot ကိုသြော်ဖီမှာ စားသလား မမေးနဲ့။ ဘာဂါထဲ ထည့်စားကြတယ်။

ThuHninSee said...

အဲဒီအသီးကို ဖျော်သောက်ရတာ အခုမှသိတယ်။
ကျောက်ကပ်အတွက် ကောင်းတယ်ဆို..
စမ်းအုံးမယ်။ ကျေးဇူးအထူးတင်

ချစ်အုန်းဖေ said...

နီကိုအုပါ။

Anonymous said...

နီကိုရဲ မဟုတ်ဘူးလား။ ဟီး :D

Post a Comment

ကူးကူးရေ...

 
Powered by Blogger