Pages

Saturday, May 15, 2010

ကင်မ်ချီ (Sandakuu Made)

ဒီတစ်ပတ်တော့ မဖြစ်မနေ စမ်းသပ်ချင်နေတဲ့ ကိုးရီးယားကင်မ်ချီလုပ်ဖြစ်ပါတယ်။
အရင်ဆုံး  ကိုးရီးယားစတိုးဆိုင်ကိုပြေးပီး ငရုတ်သီးမှုန့် သွားဝယ်ရပါတယ်။
ဒီမှာကျောင်းလာတက်နေတဲ့ကျွန်မ ဆရာရဲ့အမျိုးသမီးက ကင်မ်ချီအမြဲလုပ်ပေးတယ်၊ သူတို့အိမ်နီးနားချင်းတွေ လဲ ကိုးရီးယားတွေများတော့ သူက ကင်မ်ချီလုပ်တိုင်းကျွန်မအတွက်ဗူးလေးနဲ့ထည့်ပေးတယ်။
အခုနောက်ပိုင်းတော့သူလဲခါးနာလို့ မလုပ်နိုင်တော့ဘူး။ ကျွန်မက သူ့ကိုဘယ်လိုလုပ်ရလဲမေးတိုင်း  အာ... မလုပ်နဲ့ ဒီမှာလုပ်ပေးမယ်.. မပူနဲ့ ဘယ်တော့စားချင်လဲ..ဘဲမေးလေ့ရှိတယ်။ ကျွန်မလဲ သူနေမကောင်းတော့ အားနာနေတာတစ်ကြောင်း၊ အခုတစ်လော ကင်မ်ချီအရမ်းစားချင်တာတစ်ကြောင်း ကိုယ်တိုင်စမ်းသပ် လုပ်ဖို့ ဖြစ်လာတော့တာ။  မမလု ဆီမှာ ကင်မ်ချီလုပ်နည်းရေးထားပေးတယ်၊ သူ့ဆီကနေ အခြေခံအချက်လက်တွေ သွားယူ၊ ပီးတော့ အင်တာနက်မှာ ဟိုရှာဒီရှာ နဲ့ အလွယ်ဆုံးနဲ့ကိုယ့်စိတ်ကြိုက် အရသာတွေ့မယ့်ပုံဆံမျိုးဖြစ်တောင်ဖန်တီးယူလိုက်ပါတယ်။
  1. မုန်လာထုပ် (၂)ထုပ်
  2. ခါကြက်ဥ တစ်လုံး
  3. ကင်မ်ချီလုပ်တဲ့ ငရုတ်သီးမုန့် ၂ဇွန်း
  4. ဆား ကြမ်း (၂) ဇွန်း
  5. ငါးငံပြာရည် အနဲငယ်
  6. ငရုတ်သီးအစိမ်းတောင့်ကြီး (၁၀) တောင့်  (ကြက်သွန်မိတ်လိုအပင်ကြီးတွေအစား ငရုတ်သီးထည့်တာပါ)
  7. ပန်းသီး (၁ လုံးရဲ့တစ်ဝက်)
  8. သစ်တော်သီး (၁လုံးရဲ့တစ်ဝက်)
  9. ကြက်သွန် ဖြူ (၁)လုံး
  10. ကြက်သွန်နီ (၂) လုံး အနေတော်
  11. ဂျင်း (၃) တက်
ကဲ၊ အားလုံးစုံပီဆိုရင် ကင်မ်ချီ စလုပ်ပါတော့မယ်။
  1. မုန်လာထုပ်ကို တစ်လွှာချင်း ခွာထုတ်လိုက်ပီးရေစင်အောင်ဆေးပါမယ်၊ ပီးရင်တော့ လက်နှစ်ဆစ်စာ လှီးဖြတ်ပီးရေစစ်ထားပါ။
  2. ဆားအကြမ်း (ပင်လယ်ဆား) ကို ရေနွေးလေးနဲ့ဖျော်ပီး လှီးထားတဲ့မုန်လာထုပ်တွေထဲထည့်ပီးတော့ သမသွားအောင် ဖွနယ်လိုက်ပါတယ်၊  မုန်ညှင်းချဉ်လို ဖျစ်ညှစ်နယ်ဖို့မလိုပါဘူး။
  3. အဲဒါပီးသွားရင်တော့  ဆားရည်နဲ့ရောထားတဲ့မုန်ညှင်းတွေကို ၄ နာရီလောက် ထားပါ။(ကျွန်မ နေ့လည်စာ စားချိန် ၁၂-၁ နာရီကြားမှာ လုပ်ပီး ထားခဲ့လိုက်တယ်၊ ညနေ (၅) နာရီ အိမ်ပြန်ရောက်မှ နောက်တစ်ဆင့် ဆက်လုပ်ပါတယ်။)
  4. နှပ်ထားတဲ့ မုန်ညှင်းထုပ်ကို ရေနဲ့ထပ်ဆေးလိုက်ပါတယ်၊ ဆားအရမ်းငံတယ်၊ ရေနဲ့တစ်ခါလောက်ထပ်ဆေး ရင်ရပါပီ။
  5. ဂျင်း၊ ကြက်သွန်ဖြူ ကို ညက်နေအောင်ထောင်းပီးထည့်ပါ။
  6. ငရုတ်သီးစိမ်းကို လိုသလောက်အနေထားဖြတ်ပီးထည့်။
  7. ခါကြက်ဥလေးတွေလဲ အခွံနွှာ ပါးပါးလေးခြစ်ပီးထည့်။
  8. ကင်မ်ချီလုပ်တဲ့ငရုတ်သီးမှုန့်ကို ရေနွေးလေးနဲ့ပျစ်ပျစ်ဖျော်ပီးထည့်ပါ၊
  9. ငံပြာရည်နဲနဲထည့်ပါ၊ မျှင်ငံပြာရည် ပိုကောင်းတယ်ပြောပါတယ်၊ ဒီမှာတော့ ငါးငံပြာရည်လေးဘဲ နဲနဲထည့်လိုက်ပါတယ်။ နှစ်ခုခွဲလုပ်တာ သတ်သတ်လွတ်အတွက် ငံပြာရည်မပါဘူး။
  10. ပန်းသီး နဲ့သစ်တော်သီး တစ်ဝက်ဆီ နဲ့ ကြက်သွန်နီ တွေကို ဘလန်ဒါနဲ့ ညက်နေအောင်ကြိတ်ပီး အဲဒီအရေ ပါ လောင်းထည့်လိုက်ပါ။  
  11. အခုဆိုအားလုံးစုံသွားပါပီ၊ စပီး ဖွဖွလေးနယ်ပါ၊ မုန်လာထုပ်က အရမ်းကြွပ်ပါတယ်၊ အရမ်းမွစိသွားလဲ စားလို့ မကောင်းတော့ဘူး။
    နယ်လို့သမသွားရင်တော့ အဖုံးလေလုံတဲ့ ဗူးကြီးထဲထည့်ပီး (၂၄) နာရီ အပြင်မှာထားပါ၊  
  12. (၁၂) နာရီ နဲ့တင် စားကြည့်လိုက်တော့ ချဉ်နေပီ၊  မုန်လာထုပ်ကြွပ်ကြွပ်လေးနဲ့ အရသာလေးက တစ်မျိုးလေး၊ ကိုယ်တိုင်လုပ်လို့လားမသိ၊အရမ်းကိုကောင်းတာ..း)



ထပ်ချဉ်တာလိုသေးလို့ (၂၄) နာရီအပြည့်အပြင်မှာထားလိုက်တယ်၊ ပီးရင်တော့ ရေခဲသေတ္တာထဲ ထည့်ထား လိုက်ပါတော့တယ်၊ ကဲ..လိုသလို ထုတ်စားလို့ရပီလေ...
အပျင်းပြေ ခေါက်ဆွဲပြုပ်စားတာဖြစ်ဖြစ်၊ ချက်ရမှာပျင်းလို့ခေါက်ဆွဲပြုပ်စားတာဖြစ်ဖြစ် အအီပြေလေး ကင်မ်ချီ၊ ဒါမှမဟုတ် ငပိရည်နဲ့ ချဉ်ဘတ်အစား ဘဲ စားစား၊ ထမင်းစားရင် အရန်ဟင်းအဖြစ်ဘဲစားစား.. ချဉ်စပ်လေးနဲ့ ကြွပ်ကြွပ်လေးမို့ အကြိုက်တွေ့မှာ အမှန်ဘဲ။
ကျွန်မချစ်သူလား၊ ဟင်းသီးဟင်းရွက် ကောင်းကောင်းစားလဲရရက်နဲ့ တစ်မင်ချဉ်အောင်လုပ်ပီးစားတယ်ဆို ပီး ပွစိပွစိ လုပ်နေလေရဲ့။
ဒီနေ့တော့ ထပ်ပီး  အတွန့်တက်ပြန်တယ်၊ အချဉ်လုပ်ထားတဲ့ ကင်မ်ချီ သိုး/မသိုး ဘယ်လိုသိရမလဲ၊သွား ဖွင့်ကြည့်အုံး ချဉ်နေရင်လွှင့်ပစ်လိုက်တဲ့.. ဟူးးးးးးးးးးးးးးးး  jungly ကြွားမိတာ မှားတာဘဲ။

ကျွန်မကတော့ မြန်မာပြည်က ချဉ်ဖတ်ကိုအကြိုက်ဆုံး... ဒါပေမယ့်ကျမ်းမာရေးရှုထောင့်ကကြည့်ပီးတော့ ကိုးရီးယားချဉ်ဖတ်နဲ့ လောလောဆယ် ကျေနပ်နေလိုက်အုံးမယ်.. 

7 Comments:

ကျောပိုးအိတ် said...

ကူးရေ

ခေါက်ဆွဲပြုတ်စားနေတုန်း အီလာလို့  ခဏရပ်ထားပြီး ကူးရဲ့ အိမ်လေးကို လာလည်တော့ အအီပြေ ကင်ချီလေးကို တွေ့ လို့  နှိုက်စားသွားတယ်သိလား။

အိတ်လေးလဲလေ လုပ်ကြည့်တယ်။ ဒါမယ့် ရဘူးတော့။
း((((((((((((((

စူးနွယ်လေး said...

တခါမှ မလုပ်ဖူးသေးဘူး..နောက်မှ ကူးကူးနည်းနဲ့ စမ်းကြည့်ဦးမယ်

လုလု said...

ကင်မ်ချီကို မမလုလည်း အရမ်းကြိုက်တာ။ မမလုတို့ တစ်အိမ်လုံးလည်း ကြိုက်ကြတယ်၊ ကူးကူးလေးလုပ်ထားတာ စားသွားတယ်နော်။

rose of sharon said...

ကူးကူးကင်မ်ချီလေးက နီရဲရဲလေးလှလိုက်တာ... သွားရည်တွေတကယ်ယိုတာ

SHWE ZIN U said...

ကိုရီးယား ကားထဲ က ကင်ချီ လုပ်ပုံလေး နဲ့တော့ တူသားဘဲ..

ကူးကူး ဟာ (ကင်ချီ ကိုပြောတာ) ကောင်းမဲ့ ပုံလေး

ချစ်ခင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

How is the taste different between having ငါးငံပြာရည် and without having ငါးငံပြာရည် in kimchi ?

maythu zar111 said...

ညီမလုပ်စားကြည့်တာအရမ်းကောင်းတယ်အမ

Post a Comment

ကူးကူးရေ...

 
Powered by Blogger