Pages

Saturday, May 1, 2010

ဝေဟင်ပေါ်မှ ဘာလီကိုရှုစားခြင်း

လိပ်ကျွန်းကနေပြန်ရောက်တော့ ပင်လယ်ကမ်းခြေနားက စားသောက်ဆိုင်တွေမှာခဏနားပီး ထမင်းစားကြ တယ်။  အားလုံးပြင်ဆင်ထားပီးသားဆိုတော့ ၀င်စားလိုက်ရုံဘဲ။ ဟင်းတွေကလည်းအများကြီး၊ ထမင်းကလဲ ပူပူ နွေးနွေးနဲ့။ နေပူပူသဲသောင်ပြင်က လေအေးအေးတော့တိုက်သေးတယ်။ ထမင်းစားသောက်ပီးလို့ အသီးဖျော် ရည်လေးနဲ့ ခဏအနားယူတဲ့အချိန်မှာတော့ ကျွန်မတို့အဖွဲ့ထဲကလူတွေက ကမ်းခြေက water sports တွေဆော့ ကြပါတယ်။ ဆားငံရေကြောက်တာကြောင့်သူများတွေကိုဘဲငေးနေရတာပေါ့လေ။
ဒါဘဲ ကျွန်မ ဘော့စ်က လေထီးနဲ့မိုးပေါ်မှာ လွင့်နေတာပြပီး အဲဒါစီးမလားတဲ့။  ကျွန်မက No... thanks!..
ကြောက်လို့မဟုတ်ဘူးလေ၊ လိပ်ကျွန်းကပြန်လာတော့ ခြေထောက်ကသဲတွေနဲ့ ရေပြန်ဆေးရတာနဲ့ သဲမှုန်မွှား တွေကိုယ်မှာကပ်ရင် allergic ဖြစ်တာ ကြောင့်ငြိမ်နေတာ.. နောက်ဆုံးတော့ သူများအတင်း တိုက်တွန်း တာနဲ့ကောင်းကင်ပေါ်ရောက်သွားပါတယ်။

အဲဒီက အကိုကြီးတွေက ပြန်အဆင်းမှာ လက်အိတ်အပြာကိုဆွဲ..အနီလက်နဲ့အပြာကိုဆွဲ..
တစ်ချို့က ဘာမှမဆွဲနဲ့.. နောက်ဆုံးတော့ ကိုယ်လုပ်ချင်ရာလုပ်လိုက်တယ်။ ရေထဲကို စောက်ထိုး landing လုပ်ခါနီးဘဲ..း) သူတို့ကက ပုပုလေးတွေ၊ ဟီး... ကိုယ်ဘဲရှည်တာလား သူတို့ပုလားတော့မသိဘူး၊ အနားလာရပ်ရင် ခေါင်းက ရင်ဘတ်နားမှာဘဲးP
အပေါ်ရောက်တော့ ဘာလီကျွန်းလေးကိုအပေါ်စီးအကုန်တွေ့ရတယ်။ အပေါ်မှာ လေတွေတိုက်နေမယ် ထင်တာ လေအရမ်းငြိမ်နေတယ်။ ပျော်စရာကြီးပါ။  အဲဒီအပျော်အတွက် ရင်းလိုက်ရတာ အပြန်တလမ်း လုံး allergic ဖြစ်တာပါ။း)


အဲဒီကနေပြန်အထွက်မှာတော့ Krisna ကိုရောက်သွားတယ်၊ ပူလိုက်အိုက်လိုက်တာလေ၊ ချွေးတွေ စီးကျတယ်။ အထဲက air con မရှိဘူး၊ လေအေးပေးတဲ့ပန်ကာတွေလောက်သာ မနိုင်ဘူး။  ဈေးဝယ်ဖို့ ရောက် လာပေမယ့် ပူလိုက်လွန်းတာကြောင့်ဘာမှထိချင်ကိုင်ချင်စိတ်မရှိခဲ့ဘူး။ ကလစ်ဝယ်တယ်၊ မောင်လေးမှာ လိုက်တဲ့ဟာလေးတွေဝယ်တယ်။ ပီးတော့ ကားပေါ်ပြန်တက်ထိုင်နေတော့တာ။သူတို့ပြောတာတော့ ဈေးစစ် ဖို့မလိုဘူး၊ ဈေးတော်တဲ့နေရာတဲ့၊ ဒါပေမယ့် သွားမယ့်သူများသတိပေးလိုက်မယ်၊ အဲဒီနေရာမှာဝယ်တာထက် ဟိန္ဒူဘုရားကျောင်းက ဈေးလမ်းမမှာဝယ်တာအများကြီးပိုသက်သာပါတယ်။ အရမ်းပူလွန်းတာကြောင့် အိကျီ လဲချင်လို့ ဘာလီတံဆိပ်လေးပါတဲ့ အိကျီပါးပါးလေးတွေ ၂ထည်ဝယ်တယ်။ ကားပေါ်အရင်ဆုံးပြေးတက်၊ တံခါးပိတ်ပီး အိကျီလဲ။  အဲဒီနေ့က အပူကို အခုထိမှတ်မိတယ်။  ကျွန်မအကြောက်ဆုံးရာသီဥတု က ပူအိုက် နေတာကိုပါ။ 

5 Comments:

Anonymous said...

ပျော်စရာကြီး လေထဲမှာ ဒါပေမယ့် စီးရဲဘူး...ကြောက်တယ်...:)

စူးနွယ်

T T Sweet said...

လေထီးစိးရတာပျော်စရာကြီးနေမယ် ...သမီးကို ပို့ချင်တယ် ...
ဘာလီ ... မရောက်ဖူးသေးဘူး ... သွားလည်ချင်သေးတယ်။ ငယ်ငယ်က လိုက်အော်ဘူးတဲ့ ဖြုသီရဲ့ အင်ဒိုနီးရှား ပိုလာဘာလီ သီချင်းလေးသတိရတယ်။

sosegado said...

စီးကြည့်ချင်တာ၊ မစီးခဲ့ရဘူး၊ ဘာလီ တရုတ်စကား ဖယောင်း ပန်းပွင့်တွေ ဝယ်ဖြစ်မယ်ထင်ပါတယ်၊

စန္ဒကူး said...

ဟုတ်တယ်.. ကူးလဲ ဖြူသီ သီချင်းလေးကို မို့မို့နဲ့ပြန်ဆို ထားတာလေး ပိုလာဘာလီကျွန်းဆိုတာ..
အရမ်းကြိုက်တယ်။
တရုတ်စကားဖယောင်းပွင့်လေးတွေဝယ်တယ်..
ကလစ်လေးနဲ့..း)

SHWE ZIN U said...

ပျော်စရာကြီး
စီးချင်တယ်

Post a Comment

ကူးကူးရေ...

 
Powered by Blogger