Skip to main content

Posts

Showing posts from April, 2010

ဘာလီလိပ်ကျွန်းသို့

တရက်နားတဲ့နေ့မှာတော့ Tour ကားစီစဉ်ထားတာကြောင့် လိုက်သွားတယ်။ ဘယ်သွားမယ်မှန်းလဲမသိဘူး။ ကားစထွက်တော့ tour guide က ကားပေါ်ကနေ salamat pagi, ဆိုပီးစပြောပါတယ်။ တစ်လုံးမှနားမလည်ပါဘူး။ ဒါနဲ့ ကားတစ်စီးလုံးက ကျွန်မတို့အဖွဲ့က English please လို့ လှမ်းအော် ကြပါတယ်..အဲဒီတော့မှ ကောင်မလေးက သနားပါတယ်၊ သူက local tour group ကိုဘဲ တာဝန် ယူတာကြောင့် အင်္ဂလိပ်လိုမပြောတတ်ပါဘူးတဲ့။ အမှန်က စီစဉ်တဲ့ tour operator က ကားမှားပီးထည့်လိုက် တာပါ။ အဲတော့ တစ်လမ်းလုံးသူပြောလဲဘာမှနားမလည်ကြမယ့်အတူတူ..တစ်ယောက်က သီချင်းဆိုတတ် လားလို့မေးတော့ သူက ဆိုတတ်တယ်တဲ့။ ဒါနဲ့ဘဲ tour guide လဲဘာမှမရှင်းပြဘဲ သီချင်းဘဲဆိုပီးလိုက်လာ ပါတော့တယ်။ သူက နဲနဲလေးမှမပြောတတ်တာ sorry ကလွဲလို့။  သူ့ကိုမေးစရာရှိရင်တော့ ဒရိုင်ဘာက တဆင့်မေးရတယ်၊ ဒရိုင်ဘာက နဲနဲနားလည်တယ်။ ဒါပေမယ့် သူက ကျွန်မတို့ပြန်ခါနီးမှာ သူ အင်္ဂလိပ်စာ ကိုကြိုးစားသင်ပါတော့မယ်တဲ့၊ အခုလမ်းတစ်လျှောက်အဖြစ်ပျက်သူ့ကို အမြဲအမှတ်ရနေစေမှာ ပါတဲ့လေ။ သူလေးကတော့ ချစ်စရာလေးပါ။  အဲတော့ လေ့လာရေးသွားတဲ့နေ့ ကားပေါ်သီချင်းတစ်ကြော် ကြော်နဲ့ .... လိပ်ကျွန်းကိုသွားမှာတဲ့။ မော်တော်ဘုတ်စီးပီး ငါးတွေအစာကျွေးတာကြ

ဘာလီ အစားစာနှင့် အလှဆင်ခြင်းပညာ

လက်မှုပညာအစုံထူးချွန်တဲ့မြို့ကလေးဘာလီမှာ ဖရဲသီးကအစ အငြိမ်မနေရပါဘူး။ အခြားအသီးနှံတွေရော.. အကုန်အလှဆင်ထားတယ်။ ဘာအသီးမှန်းတောင်မသိတော့ဘူး။ ဒီနေ့တစ်ရက်တော့ စောစော ထမင်းဆင်းစားရင်း ဖရဲသီးကိုလှီးနေတာတွေ့တော့စိတ်ဝင်တစ်စားကြည့်မိတယ်။ မြန်လိုက်တာ၊ တစ်လုံးတစ်လုံးပုံဖော်ဖို့။ လုပ်နေတဲ့ကောင်လေးရဲ့လက်မဲမဲတွေကလွဲ ကျန်တာအကုန် စိတ်ဝင်စားဖို့ကောင်းတယ်။း) ဒါကတော့ သူတို့ဆီက ကောက်ညှင်းထုပ်ပါ။ လှတယ်နော်၊ လိပ်ထားတဲ့ပုံစံလေးက။  အခြား အစားသောက်တွေကတော့ ကျွန်မတို့မြန်မာအစားသောက်နဲ့အတော့်ကိုဆင်တူပါတယ်။  ညနေပိုင်းကမ်းခြေဖက် ထမင်းစားထွက်တော့ လူတွေကမ်းခြေတစ်ဝိုက် လမ်းတစ်လျှောက်လုံးအပြည့်ပါ။  ဆိုင်တိုင်းလိုလိုလူပြည့်နေတယ်။ အဓိက ကတော့ ဘာဘီကယူး ပေါ့။    အကလဲရှိတယ်။ ဟော်တယ် က သူတွေက တာလောက်တော့ မကောင်းဘူးပေါ့။ ကျွန်မစိတ်ထင် ပုဂံအကနဲ့ ခပ်ဆင်ဆင်လားလို့။ တစ်ခု လွဲနေတာ မျက်လုံးအကြည့်..  သူတို့က တီးလုံးနဲ့အညီ မျက်လုံးက ဟိုရွှေ့ဒီရွှေ့နဲ့..  ကာချယ်တွေ အပေါ် အောက်ဆိုးထားပီးတော့  အကတစ်ခုလုံးအဓိကမျက်လုံးဘဲ။ ၀မ်းသာအားရတွေ့တာတော့ ရေငန်းသီးပါ။  အကြီးကြီးဘဲ။ ချိုလဲချိုတယ်။ မာမီ့ကိုပြောပြတော့ အစေ့ယူ လာခဲ့ပါတယ်။

ဘာလီ ပန်းချီကားများ နှင့် ကျွန်းဂုဏ်ဆောင်ပန်း

ဘာလီကျွန်းရဲ့ ဂုဏ်ဆောင်စကားပန်းလေးပါ။ ပီးတော့ ပန်ချီကားတွေအများကြီးထဲက လိုချင်လွန်းလို့/ မသယ်နိုင်လို့ ထားခဲ့ရတဲ့ပန်ချီကားလေးတွေပါ။ ပန်းချီကားတွေအရမ်းအသက်ဝင်လွန်းလို့ ကျွန်မအရမ်း သဘောကျခဲ့တာပါ။  ပီးတော့ ဒီစကားပန်းလေးတွေပုံအတိုင်း ပန်းပွင့်လေးနဲ့လုပ်ထားတဲ့ ကလစ်လေးတွေ လဲရှိတယ်။ စကားပန်းလေးတွေမွှေးလဲမွှေးတယ်။ စားပွဲတိုင်းလိုလို အုန်းလက်ခြောက်လေးတွေနဲ့ ပန်းတစ်ပွင့်အလှဆင်ထားတာတွေ့ရတယ်။  နောက်ဆုံးနေ့ temple တစ်ခုသွားတော့ မြွေရှိတယ်။ အဲထဲဝင်တော့ ဆန်နဲနဲနှဖူးမှာကပ်ပေးပီး ပန်းတစ်ပွင့်ပန်ပေးတယ်။  (မျက်လုံးပြူးပြတာမဟုတ်ပါ)

Inna Grand Bali Beach တစ်နေ့တာ (၁)

ဒီပန်ဆာ (ဘာလီ) လေယဉ်ကွင်းရောက်တော့ ည(၁) နာရီကျော်ပီ။ ဟော်တယ်ကလာကြိုတဲ့ကား က လေယဉ် နောက်ကျတာမစောင့်နိုင်တော့ ပြန်သွားပီ။ ဒါနဲ့ လေယဉ်ကွင်းမှာတစ်နေတယ်။ ဌားချင်တဲ့ကားက အပြင်က ဖြစ်နေတယ်။ အဲဒါနဲ့ လေယဉ်ကွင်းက taxi သမားတွေနဲ့စကားများကြတယ်။ နောက်ဆုံးတော့ လေယဉ်ကွင်း taxi တစ်စီး အပြင်က ကားတစ်စီးဌားပီး ဟော်တယ်ကို ရောက်လာခဲ့တယ်။  5 stars တဲ့... အထဲဝင်ကတည်းက နဲနဲတော့စိတ်ပျက်သွားတယ်။ ဟော်တယ် ကတော့မဆိုးပါဘူး ဒါပေမယ့် အထဲမှာ ဟောင်းနေတော့ တစ်မျိုးကြီးဘဲ။ အခန်းကျဉ်းပေမယ့် သစ်နေရင် သဘောကျတယ်၊ ဒါပေမယ့် အခန်းက ကျယ်ပီးတော့ ဟောင်းနေတဲ့အဆောက်ဦးဆေးသုတ်ထားသလိုဘဲ၊ သိပ်တော့ဘ၀င်မကျဘူး၊ ဒါပေမယ့် အစည်းဝေးတက်မယ့်သူတွေအကုန်တည်းတဲ့နေရာမို့ ဂျီးများနေလို့မရဘူးလေ။ အစားသောက်ကတော့အရမ်းကောင်းတယ်။ မနက်စာ၊ နေ့လည်စာ၊ ညစာ အကုန်ဘဲ။ ခံတွင်းတွေ့ လောက်အောင် အချက်ပြုတ်ကောင်းကြတယ်။ အမှန်တော့ ဟိုတယ်အခန်းမှာ နောက်ပိုင်းညအိပ်ချိန် တွေ လောက်သာ ၀င်ဖြစ်တော့တာပါ။ တစ်နေကုန်နီးပါးအစည်းဝေးခန်းထဲမှာ ညနေပိုင်းလဲ အခြားပင်လယ်ကမ်း ခြေဘက်မှာ ညနေစာသွားစားကြတယ်။  အခန်းက (၉) ထပ်မှာ၊ အခန်းထဲရောက်တော့ မနက် ၃ နာရီနီးပါးရှိနေပီ။ အိပ်လို့လဲမရပါဘူး။ ဟိုလ

Jakarta ခရီးစဉ်- မျောက်/မိကျောင်း/ဖွတ်

မနက်စာစားပီးတာနဲ့ taman mini ကိုထွက်လာခဲ့ပါတယ်။ နေကလဲတော်တော်အရှိန်ပြင်းတယ်။  စိတ်ဝင်စား စရာတွေများနေပေမယ့် လမ်းဆင်းလျှောက်ဖို့ကို အားမရှိတော့ဘူး။ ကားနဲ့ဘဲ လှည့်ပတ်တယ်။ တစ်နေရာ အရောက်တော့ မျောက်လေး တစ်ကောင်တွေ့လို့ ၀မ်းသာအားရနဲ့ ကားပေါ်က ဆင်း မျောက်လေးရှိတဲ့နေရာ ရောက်သွားတယ်။ သနားပါတယ်။ ခွက်ကလေးကိုင်ပီး ပိုက်ဆံလိုက်တောင်းနေရှာတာ။ နောက်တော့ လူမျိုးနွယ်တစ်စုတစ်စုရဲ့အိမ်တွေကို ကားနဲ့လှည့်ပီး ဓာတ်ပုံလေးတွေရိုက်လာခဲ့တယ်။ ရုံးပိတ် ရက်တွေဆိုရင် သူတို့လူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုအကသင်တန်းတွေ အိမ်တွေထဲမှာဖွင့်ထားတယ်။ အလကား သင်ပေးတယ်။ ချက်ပြုတ်နည်း၊ ဘာသာစကား၊ အနုပညာ အစုံပါဘဲ။ လေးလဲလေးစားမိတယ်။ သူတို့ယဉ်ကျေးမှု မပျောက်ပျက်အောင်ထိမ်သိမ်းတတ်တဲ့အမူကျင့်ကိုပါ။ လေယဉ်ချိန်နီးပီမို့.. ပြန်တော့မယ်.. လေယဉ်ကွင်းဆင်းရအုံးမယ်ဆိုပီး ပြန်အထွက်မှာ ဖွတ် လိုလို အဆောက် ဦးတစ်ခုထပ်တွေ့တာနဲ့စိတ်ဝင်စားပီးသွားကြည့်မိပါတယ်။ မိကျောင်းရှိတယ်..အထဲမှာ ၊ မိကျောင်းဥ တွေရော၊ ဖွတ်လိုလို အကောင်ကြီးရော..သူများကိုင်ပီး ဓာတ်ပုံရိုက်တယ်..ကျွန်တော့အသေကြောက်.. အမြီး နားတောင်မသွားရဲဘူး။  မြွေလဲရှိတယ်။ ကြက်နှစ်ကောင်ယူလာပီး မြွေရှိတဲ