Skip to main content

Inna Grand Bali Beach တစ်နေ့တာ (၁)

ဒီပန်ဆာ (ဘာလီ) လေယဉ်ကွင်းရောက်တော့ ည(၁) နာရီကျော်ပီ။ ဟော်တယ်ကလာကြိုတဲ့ကား က လေယဉ် နောက်ကျတာမစောင့်နိုင်တော့ ပြန်သွားပီ။ ဒါနဲ့ လေယဉ်ကွင်းမှာတစ်နေတယ်။ ဌားချင်တဲ့ကားက အပြင်က ဖြစ်နေတယ်။ အဲဒါနဲ့ လေယဉ်ကွင်းက taxi သမားတွေနဲ့စကားများကြတယ်။ နောက်ဆုံးတော့ လေယဉ်ကွင်း taxi တစ်စီး အပြင်က ကားတစ်စီးဌားပီး ဟော်တယ်ကို ရောက်လာခဲ့တယ်။ 
5 stars တဲ့... အထဲဝင်ကတည်းက နဲနဲတော့စိတ်ပျက်သွားတယ်။ ဟော်တယ် ကတော့မဆိုးပါဘူး ဒါပေမယ့် အထဲမှာ ဟောင်းနေတော့ တစ်မျိုးကြီးဘဲ။ အခန်းကျဉ်းပေမယ့် သစ်နေရင် သဘောကျတယ်၊ ဒါပေမယ့် အခန်းက ကျယ်ပီးတော့ ဟောင်းနေတဲ့အဆောက်ဦးဆေးသုတ်ထားသလိုဘဲ၊ သိပ်တော့ဘ၀င်မကျဘူး၊ ဒါပေမယ့် အစည်းဝေးတက်မယ့်သူတွေအကုန်တည်းတဲ့နေရာမို့ ဂျီးများနေလို့မရဘူးလေ။
အစားသောက်ကတော့အရမ်းကောင်းတယ်။ မနက်စာ၊ နေ့လည်စာ၊ ညစာ အကုန်ဘဲ။ ခံတွင်းတွေ့ လောက်အောင် အချက်ပြုတ်ကောင်းကြတယ်။ အမှန်တော့ ဟိုတယ်အခန်းမှာ နောက်ပိုင်းညအိပ်ချိန် တွေ လောက်သာ ၀င်ဖြစ်တော့တာပါ။ တစ်နေကုန်နီးပါးအစည်းဝေးခန်းထဲမှာ ညနေပိုင်းလဲ အခြားပင်လယ်ကမ်း ခြေဘက်မှာ ညနေစာသွားစားကြတယ်။ 

အခန်းက (၉) ထပ်မှာ၊ အခန်းထဲရောက်တော့ မနက် ၃ နာရီနီးပါးရှိနေပီ။ အိပ်လို့လဲမရပါဘူး။ ဟိုလှည့် ဒီလှည့်နဲ့ နောက်နေ့ မနက် စာ ၇ နာရီတောင်သွားမစားနိုင်ဘူး၊ အစည်းဝေးထဲ တန်းသွားလိုက်တယ်။
အိပ်ငိုက်တာပေါ့ ဘယ်ပြောကောင်းမလဲ။ သတိတော့ထားရသေးတယ်၊ ဓာတ်ပုံတွေအလကားရသလို ၀ိုင်းရိုက်နေကြတယ်။ တော်ကြာ အိပ်နေတဲ့ပုံပါသွားမကောင်းဘူးလေ။း)
 မနက်စောစော မှာ ၀ရန်တာကိုထွက်ပီး နေထွက်လာတာကြည့်တယ်။  နေထွက်တာအရမ်းမြန်တာဘဲ..  စက္ကန့်ပိုင်းဘဲကြာမယ်ထင်တယ်။  ကြည့်ပီးရင်တော့ ပြန်အိပ်တာဘဲ။  

ဘာလီကလူတွေ လက်မှုပန်းပုပညာအရမ်းတော်ကြတယ်။ သစ်သားတွေထုထားတာရော၊ သစ်မြစ်ဆုံ တွေ ထုထားတာရော၊ ဖန်အလှဆင် ပန်းပုတွေရော၊ ပန်းချီရောအရမ်းလှတယ်။ နေရာတိုင်းလိုလို တွေ့ရတယ်။ ဟော်တယ်ထဲမှာ တင် ပန်းပုရုပ်တွေအတော်များများတွေ့တယ်။

















ညပိုင်းတော့ ဟော်တယ်အနောက်ဘက်ကမ်းခြေလမ်းလျှောက်ထွက်လာတယ်။ သဲပြင်တွေ့တော့ ဖိနပ်ချွတ် ပီးဝမ်းသာအားရဆင်းလျှောက်မလို့ သဲက ကြမ်းလိုက်တာ.. ဒါနဲ့ လျှောက်လမ်းလေးပေါ်ဘဲပြန်တက်ပီး စိတ် လေလေနဲ့ ပင်လယ်ကမ်းခြေကိုကြည့်နေလိုက်တယ်။ခွေးလေးတစ်ကောင်တွေ့တယ်။
ဘာလီကျွန်းကအကြီးကြီး ကမ်းခြေတွေအများကြီးရှိတယ်။ ကျွန်မတို့ညနေစာသွားစားတဲ့ ကမ်းခြေမှာ သဲလေးတွေကနုတယ်။ ပီးတော့ လှိုင်းကြီးတယ်။  ရေလွှာလျှောစီးသင်တန်းကျောင်းရှိတယ်။  
 

Comments

  1. ညီမ ကူးကူးရေ ရေလွှာစီးလို့ရပြီး သဲနုတယ်ဆိုရင် အမတို့နေခဲ့တဲ့ ကူတာဘိခ်ျပဲ ဖြစ်ရမယ် ညီမက အလုပ်ကိစ္စနဲ့ သွားတာကိုး ဒါ့ကြောင့် လည်ဖို့ အချိန်မရတာ...ဘာပဲဖြစ်ဖြစ် ပျော်ခဲ့တယ်ဟုတ်....

    ReplyDelete
  2. မချစ်ကြည်ရေ အဲဒီ ဟော်တယ်က လေဆိပ်နားမှာ၊ ကူတာနှင့်နည်းနည်း လှမ်းတယ်၊ ပင်လယ်ဘက်ချင်း မတူဘူး၊ ပြပွဲသွားဘူးတယ်၊ အရင်က Grand Beach Hotel. Beach က ကူတာလောက်ပျော်ဘို့မကာင်းဘူး၊ သီးသန့်ဆန်တယ်၊ ခုတော့မသိဘူး၊

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ငွေဆောင် အစားစာများ

ငွေဆောင်မှာတော့ ပထမရက် ဟော်တယ်ကဘဲအဆင်ပြေတာမှာစားတယ်၊ နောက်နေ့မှာတော့ ရွာထဲကိုသွားစားဖြစ်တယ်၊ စားစရာရယ်အထွေထူးမရှိပါဘူး။ မောင်လေးကတော့ ငါးကင်၊ ပုဇွန်ကင်နဲ့အလုပ်ရှုပ်နေတာ။ သူက ဂဏန်းစားချင်တာ အရမ်းဘဲ၊ ပါးပါးက ဗိုက်ပျက်မှာစိုးလို့ မစားခိုင်းဘူး။  ရိုက်ဖြစ်ခဲ့တဲ့အစားသောက်ပုံလေးတွေပါ။ ကျွန်မကတော့ ရောက်တုန်း ကျောက်ပွင့်သုပ်တော့ ထမင်းပွဲတိုင်းမှာစားတယ်။ ကြိုက်မှကြိုက်။   သတ်သတ်လွတ် ဘာဘီကယူးးးးး ငါးကင်  ငါးပုတ်ခြောက် - တစ်ကောင် ၅၀၀၀  ကြက်ဥထမင်းကြော်  ကျောက်ပွင့်သုပ်  ပင်လယ်ငါး ပဲငပိချက်  ငါးနီတူသုပ်  ကျောက်ပုဇွန်..  တစ်ကောင် ၁၀၀၀၀ ငါးခေါင်းချဉ်ရေ   ပင်လယ်ငါးမချက်မှီ  ပင်လယ်ငါးချက်  ငပိရည်တို့စရာ  ခေါင်းရွက်ဗျပ်ထိုးဈေးသည်ထံမှ မချက်ရသေးသောငါးများ ကြက်သားခေါက်ဆွဲကြော် (ရွာတွင်းထမင်းဆိုင်) ထမင်းဆိုင်မှကြောင်ကလေး..  ပါးပါးဦးထုပ်ကျသွားတာကိုသူက အဆင်သင့်ဝင်ထိုင်နေတာ။