Skip to main content

Bandung ခရီးစဉ်(၃) နှုတ်ဆက်ညစာ

Bandung တတိယခရီးစဉ်အနေနဲ့ မီးတောင်ပေါ်က ပြန်ဆင်းလာပီးနောက် Bandung မြို့ထဲက ဆေးရုံ ကို ရောက်လာခဲ့ပါတယ်။ လူနာတွေဓာတ်ပုံလိုက်ရိုက်ရင်လဲမကောင်းဘူးမဟုတ်လားနော်။  ဆေးရုံက Finance controller နဲ့တွေ့ပီးစကားပြော၊ နောက်တော့ အသစ်ထပ်ဆောက်နေတဲ့ (၇)ထပ် အဆောက်ဦး သစ်ဆောက်နေတဲ့အခြေနေသွားကြည့်ကြတယ်။  အမြင့်ကြီးမှာ အလုပ်လုပ်နေတဲ့အလုပ်သမားတွေတွေ့ တော့ ရင်ထဲလှပ်ကနဲဖြစ်သွားတယ်။  လက်ရှိဆေးရုံ က ၅ ထပ်၊ လူနာတွေအရမ်းပြည့်နေတယ်၊ အချို့ဆို အောက်က reception နားမှာဘဲ ခုတင်လေးနဲ့ထားရတယ်။ ဒါကြောင့် အသစ်အဆောက်ဦး ဒီနှစ်အတွင်းပီး အောင် ကြိုးစားဆောက်နေကြတယ်။ နေ့ဆိုင်း ညဆိုင်း မရပ်မနားပေါ့။
ညနေလဲစောင်းလှပီမို့ ဆေးရုံက president က ထမင်းဖတ်ကြွေးတာ သွားစားပါတယ်။ ဆေးရုံနဲ့ သိပ်မဝေး လှဘူး။ လမ်းလျှောက်သွားတယ်။ လူတွေ ဆိုက်ကယ်တွေ ကားတွေ ရှုတ်ရှက်ခတ်နေတဲ့ bundung မြို့ရဲ့ မြို့လယ်မွန်းကျပ်မှု့ကိုခံစားရင်း လမ်းဘေးတစ်လျှောက်ဆိုင်ခန်းတွေငေးပီးလိုက်သွားခဲ့တယ်။
အဖြူရောင်စပို့ရှပ်လေးတွေ bundung အမှတ်သားလေးတွေနဲ့ ၁ဒေါ်လာဘဲပေးရတယ်။ မ၀ယ်ဖြစ်ပါဘူး။ ဈေး ပြောပြတာ။ ပေါတယ်လို့။ ဆိုင်ကိုအပြင်ကလှမ်းကြည့် သိပ်မကြီးဘူးထင်ရပေမယ့်အထဲဝင်တော့မှ သစ်သား/၀ါး တံတားလေးတွေနဲ့ ဆိုင်နောက်ဖက်ပိုင်း တောင်ကုန်းစွန်းက တဲအိမ်လေးတွေကို ဆက်သွယ် ထားတာတွေ့ရတယ်။ အိမ်လေးတစ်အိမ် စားပွဲတစ်ဝိုင်းပေါ့။ 
menu ကြည့်ပေမယ့်ဘာမှာရမှန်းမသိဘူး၊ သူများမှာတာဘဲ စားလိုက်တယ်။

ဒီငါးက တစ်ကောင်လုံးကိုကြွပ်ကြွပ်ရွ နေအောင်ကြော်ထားတာ.. အရိုးပါအကုန်စားလို့ရတယ်။ 
ဘာငါးလဲမသိ၊ အကြေးခွံတော့ရှိတယ်။

ဒါကတော့ ဆိုင်အပြင်ဘက်ကနေလှမ်းရိုက်ထားတာပါ။
ဆိုင်အတွင်းဖက် အလှဆင်ထားတဲ့ဝါးမီးဆိုင်းလေးပါ။

ကျွန်မအကြိုက် tempe (တန်းပယ်) ကြော် (ဒီမှာသွားကြည့်လို့ရတယ်)

ထမင်းဖြူလေးပူနွေးနွေး ငပျောရွက်လေးထပ်ခံလိုက်တော့ ပေါင်းထားတဲ့ထမင်းရဲ့အနံ့လေးကိုစိတ်ကူးကြည့် ပေတော့။း)
ဒါကတော့ ခေါက်ဆွဲကြော် mee gorang.. မြန်မာပြည်ခေါက်ဆွဲကြော်အရသာနဲ့အတော်ဆင်တူတယ်။ နဲနဲလေးချိုတာကလွဲလို့။။ ကြိုက်တယ်..
ငါးအသားချဉ်း ချိုချဉ် ကြော်ထားတာပါ။

မပါမဖြစ် ငရုတ်သီးထောင်း။ (အင်ဒိုငရုတ်ထောင်းလုပ်စားချင်ရင် မမလုဘလော့ မှာနည်းယူနိုင်ပါနော်)


အဲဒီညကနော့ bandung က နောက်ဆုံးညနေစာလေးပါ။ စားသောက်ပီးတာနဲ့ ဂျကာတာကို ကားနဲ့ ပြန်ဆင်း လာခဲ့တယ်။ ည သန်းခေါင်ကျော်မှပြန်ရောက်တယ်။ ခဏအိပ်ပီး နောက်နေ့ Tama Mini ကို ဆက်သွား အုံး မှာပါ။  Tama Mini ကတော့ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကျွန်းစုတွေအကုန် ကိုယ်စားပြု ရိုးရာ ယဉ်ကျေးမှု လက်ရာတွေ၊ အ၀တ်စားတွေ၊ အမူကျင့်တွေ၊ ဓလေ့စရိုက်တွေအကုန်တစ်နေရာတည်းစုစည်းပြထားတဲ့ နေရာပါ။ မြန်မာမှာဆို တိုင်းရင်းသားကျေးရွာလိုပေါ့။ ဒါပေမယ့် အင်ဒိုမှာတော့ တစ်နေကုန်လည်တောင် ပီးမယ်မထင်ပါဘူး။

Comments

  1. ငါးက စားပြီးမှရိုက်ထားလို့လားမသိဘူးနော်...အသားနဲသလားလို့... ခေါက်ဆွဲကစားချင်စရာလေး

    ReplyDelete
  2. ဟုတ်ဘူးမrose ရေ.. လာကတည်းက အရိုးချည်း ကြော်ထားတာ.. အသားက နဲနဲလေးဘဲ ပါတယ်.. ခေါင်းပိုင်းနဲနဲ အဲဒါကြောင့် အရိုးတွေပါကြွပ်ပီးတင်းနေတာ..

    ReplyDelete
  3. ချစ်အုန်းဖေApril 20, 2010 at 2:14 AM

    ငါးကအရိုးပါစားလို့ ရမှဘဲ။ မဟုတ်ရင်ပန်းကန်ပဲကိုက်စားရမယ့်ကိန်း။

    ReplyDelete
  4. တော်တော်ဆိုးတဲ့ ဘလော့ဘဲဗျာ၊ လူကို သွားရည်တွေစီးကျနေအောင် လုပ်ရက်တယ်။ စိတ်ဆိုးသွားလို့ ဓါတ်ပုံထဲက စားစရာတွေ မစားရမချင်း နောက်ကိုလာမလည်တော့ဘူး။

    ReplyDelete
  5. စားစရာတွေကတော့ အတော်စားကောင်းမဲ့ပုံပဲ... ခုလို ခရီးသွားဆောင်းပါးလေးနဲ့ ဝေမျှတာ ကျေးဇူးပါပဲ... နောက် အဲဒိကိုသွားမယ်ဆိုရင် ဒီပိုစ့်တွေကို လာဖတ်ပြီး လေ့လာရမယ်...

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ