Pages

Friday, April 9, 2010

ကိုးရီးယား ဆိုင်မှာ

ညနေခင်းတစ်ခုမှာတော့ အလုပ်တွေပိနေတဲ့ဒဏ်ကလွတ်သွားတာရော၊ ခရီးစဉ်အတွက် စီစဉ်စရာ/တိုင်ပင် စရာလေးတွေရယ်ကြောင့် သူငယ်ချင်းခေါ်လို့အတူတူ ညနေစာစားဖို့ထွက်လာခဲ့ပါတယ်။
ကျွန်မနေတဲ့နေရာမှာ ကိုးရီးယားတွေအရမ်းများတယ်၊ စားသောက်ဆိုင်တော်တော်များများလဲသူတို့ဘဲ။
အသစ်ထပ်ဖွင့်တဲ့ ကိုးရီးယားစားသောက်ဆိုင်က သိပ်မဝေးတာကြောင့် ကျွန်မတို့နှစ်ယောက် လမ်းလျှောက်ပီး ရောက်သွားခဲ့တယ်။
ဆိုင်ထဲဝင်လိုက်တော့ သူတို့က ဂြိုသားနှစ်ကောင်ဝင်လာသလိုဝိုင်းကြည့်ကြပါတယ်။  ဆိုင်ထဲမှာ လဲ ကိုးရီးယားတွေဘဲ..၀ိုင်းနဲ့ဝိုင်းနဲ့  ဆိုဂျူလေးလဲပါသေး..  ။
ကိုးရီးယားအစားသောက် တွေကိုဒီကလူတွေမကြိုက်ပါဘူး၊ အဖြူတွေဆို ဆိုင်နားဖြတ်ကြည့်ဖို့တောင်စိတ်မ၀င်စားသလို အမဲတွေလဲ မစား ကြဘူး။ ဈေးကြီးတာကြောင့်လဲပါတယ်။ တစ်ခါစားဖူးပီးခံတွင်းမတွေ့တာကြောင့်လဲပါတယ်။
ပီးတော့ သူတို့ရောင်းတာ set နဲ့ဆိုတော့ အဖွဲ့နဲဆိုကိုက်ပါတယ်။ နှစ်ယောက်တည်းဆိုရင်ကုန်မှာလဲ မဟုတ်ဘူး။
ကျွန်မတို့နှစ်ယောက် menu ကိုကြည့်ပီး သူငယ်ချင်းက ကြက်သားတိုဟူး စွပ်နဲ့ထမင်းကိုမှာတယ်၊
ကျွန်မတော့ bibimbap ထမင်းနဲ့အမဲသားဟင်းသီးဟင်းရွက်ရောထားတဲ့ဟာမှာစားတယ်။

တစ်ကယ်ပြောတာ မစားနိုင်ဘူး၊ အရန်ချထားပေးတဲ့အချဉ်တွေတော့အကုန်စားလာတယ်။

သူငယ်ချင်းကတော့ သူ့ soup ကိုအတင်းသောက်ခိုင်းတယ်..သောက်ကြည့်တော့မဆိုးပါဘူး။
အင်းဒါပေမယ့်အကြိုက်ကြီးတော့မဟုတ်ဘူး။  ကျွန်မမှာစားတဲ့ဟာဆို လူတော်တော်များများ recommend လုပ်ထားတာ..  ဒီက korean တွေရော..စားကြည့်ပါဆိုပီး..
ကြက်ဥကြော်အပေါ်မှာတင်ထားတာ..ဆလပ်ရွက်နဲ့..အားလုံးမွှေလိုက်တော့ ဆလပ်ကနွမ်းသွားရော..
ဘာအရသာမှရှာမတွေ့ဘူး.မကုန်ဘူး..ထားခဲ့လိုက်တယ်။ ဟင်းရည်ထဲက အနံ့ကိုအရသာခံကြည့်တော့ ချန်ဂင် ရော / ဂျူမွန်ရော သတိရတယ်။ bean-paste အရသာ..
ဒါနဲ့ဆို နှစ်ခါရှိပီ.. ပထမတစ်ခေါက်တုန်းကလဲ စာမေးပွဲဖြေနေချိန်မို့ နီးတဲ့ဆိုင်ဝင်စားတာ ခေါက်ဆွဲအအေး ဆိုပီး ကိုးရီးယားဆိုင်ပါဘဲ..မစားနိုင်ဘူး. ဘာအနံ့လဲမသိ စိမ်းရွှင်ရွှင်နဲ့။
အခြားဟာမှာစားရင်တော့ကောင်းရင်ကောင်းမှာဒါပေမယ့်ကျွန်မတို့ ၀က်သားရှောင်/ seafood ရှောင်နဲ့ သိပ်မကိုက်ဘူး။
ခက်တော့နေပီ။ ခဏခဏစားပေးရင်တော့ စားလို့ကောင်းလာမယ်ထင်တာဘဲ။ လောလောဆယ်အထိတော့ ကင်မ်ချီနဲ့ဘဲ ကျေနပ်လိုက်အုံးမယ်။ :P

5 Comments:

စူးနွယ်လေး said...

ကိုးရီးယားစာဆိုရင် ရေညှိဖတ်နဲ့ ကင်မ်ချီကလွဲလို့ တခါမှ မစားဖူးသေးဘူး..:)

လုလု said...

ဘီဘင်ဘတ်ခ်ကြိုက်တယ်။ ကင်မ်ချီကျိဂဲ ကြိုက်တယ်။ ကင်မ်ချီကြိုက်တယ်။ ပဲခေါက်ဆွဲကြိုက်တယ်။ :P

rose of sharon said...

အမလဲကိုးရီးယားဆိုင်တွေကဟင်းလျာတွေထက် အရံချပေးတဲ့ဟာတွေကိုပိုကြိုက်တယ်

rose of sharon said...

အမလဲကိုးရီးယားဆိုင်တွေကဟင်းလျာတွေထက် အရံချပေးတဲ့ဟာတွေကိုပိုကြိုက်တယ်

Anonymous said...

Hey People

I'm looking to learn [url=http://www.maxkravmaga.com][b]Krav Maga[/b][/url]. I have some MMA experience and I'm wondering if Krav Maga is right for me. I'm looking for a mix of [url=http://www.MaxKravMaga.com][b]Self Defense[/b] and a [url=http://www.MaxKravMaga.com][b]Krav Maga Workout[/b][/url]

any input would really help me

cheers

Ken

Post a Comment

ကူးကူးရေ...

 
Powered by Blogger