Pages

Saturday, April 17, 2010

Bandung သို့ခရီးစဉ် (၁)

သင်္ကြန်ရက်အတွင်းမှာတော့ Bandung ဆိုတဲ့ မြို့လေးကိုရောက်သွားခဲ့တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၂၅၂၀) မြင့်ပီးတော့ မြန်မာပြည်မှာဆိုရင်တော့ ပြင်ဦးလွင်နဲ့ တော်တော်ကြီးကိုတူတဲ့မြို့လေးပါ။
အင်ဒိုနီးရှားလိုအတော်ကြီးတဲ့ ကျွန်းစုကြီးထဲမှာတော့ Bandung မြို့လေးက အအေးဆုံးနေရာလေး၊ မီးတောင်တွေ ရှိပီးရေမြေနေထားအရ သဘာဝ အရ မြို့လေးကို ကာကွယ်ထားတဲ့ပုံစံလေးကအရမ်းကောင်းလို့ အရင်တုန်းက ဆို Dutch east Indies အစိုးရ က သူတို့ရဲ့ ကိုလိုနီမြို့တော်အဖြစ် Batavia ကနေ Bandung ကိုရွှေ့ဖို့ စီစဉ်ခဲ့ကြတယ်။ Bandung (မြန်မာလို ဘန်ဒွဏ်း) လို့အသံထွက်တယ်။

 အင်ဒိုနီးရှားမှာ အရှေ့အင်ဒို/ အနောက်အင်ဒို နှစ်ပိုင်းယေဘုရအနေနဲ့ခွဲမယ်ဆိုရင် ဂျကာတာ ဆိုတဲ့ မြို့တော်က အနောက်အင်ဒိုမှာ။ ဂျကာတာကနေ မနက် ၅ နာရီလောက် ကားစီးမယ်ဆိုရင် bandung ကို ၈း၃၀ ၊ ၉း၀၀ နာရီလောက်ရောက်တယ်။ ၄ နာရီ သို့ ၅ နာရီကြာတယ်။ လမ်းတွေကျဉ်းတဲ့နေရာနဲ့ ကားတွေ ဆိုင်ကယ် တွေကျပ်တာကြောင့်လဲအချိန်ကြာတတ်တယ်။

လမ်းတစ်လျှောက်လုံးအိပ်ပျော်နေရာက အေးစိမ့်စိမ့်လေးဖြစ်လာတော့အပြင်လှမ်းကြည့်မိတယ်။ တောင်ကုန်းတွေကြားထဲကလမ်းလေးကွေ့ကောက်ကောက်မှာ ကားကဖြတ်သွားနေတယ်။
မြေကြီးတွေက နီနေပီး ထင်းရှုးပင်လေးတွေပေါက်နေတယ်။
ကော်ဖီစိုက်ခင်းလေးတွေက တစ်မူထူးမညီမညာ ကွေ့ကောက်လမ်းလေးလိုအကွက်ချစိုက်ထားတယ်။ (ပုံ ၅)
ပြင်ဦးလွင်နဲ့လားရှိုးကြားက ဂုတ်ထိပ်တံတားလို တံတားရှည်ကြီးလဲတွေ့ရတယ်။
အလှစိုက်အပင်လေးတွေနဲ့ အများကြီး၊ အပင်ကြီးတွေကို အပင်သေးဖြစ်အောင်လုပ်ထားတာလေ.. ဘွန်ဆိုင်း လုပ်တာမျိုးတွေတွေ့ရတယ်။   ပြင်ဦးလွင်အလွမ်းပြေချင်ရင် အဲဒီမြို့လေးနဲ့လည်းနီးမယ်ဆို သွားဖြစ်အောင် သွားကြည့်လိုက်ပါဦး။
မြက်ခင်းတွေလဲ မြေနဲ့တွဲအကွက်လေးတွေရောင်းတာတွေ့ရတယ်။ ခရီးစဉ်တစ်လျှောက်လုံးမှတ်မှတ်ရရ ဖြစ်စေတာတော့ အပင်အိုတွေ၊ အမြစ်ဆုံတွေကို အလှပြန်ဆင်ပီး ပန်းပုထုထားသလို ခြံတွင်းအလှဆင် ထားတာတွေတွေ့ရတယ်။

3 Comments:

ဏီလင်းညို said...

ကူးကူးရေ.......
အင်ဒိုနီးရှားကိုးးးးးးး
လှတယ်ဗျာ.....။
ဓာတ်ပုံလေးတွေ ကြည့်ရလို့ ကျေးဇူး.........း))
နှစ်သစ်မှာ ပျော်ရွှင် အေးချမ်းပါစေ........း))
ခင်မင်တဲ့
ဏီလင်းညို

ကောင်းတမန် said...

I found this post accidently. But I love it. Your post makes me miss Bandung. I lived there for two years. By the way, do you live in Indonesia?

စန္ဒကူး said...

ဏီလင်းညိုရေ.. ဟုတ်ပါ့.. အင်ဒိုနီးရှားပါ။

ကောင်းတမန်.. lucky guy you lived there for two years, i went there for visit short-while.. i'm not live in Indo, but often pass by.. :P

Post a Comment

ကူးကူးရေ...

 
Powered by Blogger