Skip to main content

Posts

Showing posts from April, 2011

ဂျုံကြာဇံအသားဟင်းအရောနှော

ဒီနေ့တော့ ဟင်းအနှစ်လိုချက်ထားတဲ့ အသားနဲ့အားလူးဟင်း ကို ဂျုံကြာဇံလေးပြုပ်ပြီးတွဲဖက်စားအရမ်းလိုက် တာမို့စိတ်ဝင်စားရင်စမ်းကြည့်ဖို့နည်းပေးလိုက်ပါတယ်။ ကြိုက်နှစ်သက်တဲ့အသားသုံးနိုင်ပါတယ်။ အနှစ်များများဖြစ်စေဖို့နဲ့၊ အသားကိုလဲ နူးနေအောင်ချက်ဖို့တော့ မမေ့နဲ့နော်.. ဆွဲရတဲ့အနေထားနဲ့တော့ ဒီဟင်းနဲ့သိပ်မစပ်ဟပ်ဘူး။ အသားနဲ့အာလူးကိုအနှစ်များများနဲ့ ချက်နေကျနည်းအတိုင်းချက်ပါ။ မဆလာလေးအုပ်ဖို့တော့လိုတယ်။ ဂျုံကြာဇံကိုတော့ ဆီနဲနဲထည့်ပြီးပြုပ်ပါ၊ သံလွင်ဆီ သုံးရင်ပိုကောင်းပါတယ်။ ကြက်ဥခပ်ပါးပါးကြော်ပြီး လှီးထားပါ။ ငရုတ်သီးအနီတောင့်နဲ့ ကြက်သွန်မိတ်အပင်ကြီးကိုလဲ ဆီလေးနဲ့ နဲနဲလှိမ့်ထားပါ။ အားလုံးအဆင်သင့်ဖြစ်ရင်တော့ ရေစစ်ပြီးသားဂျုံကြာဇံကို ပန်းကန်ထဲထည့်၊ ကိုယ်လိုသလောက် အသား အာလူးဟင်းခပ်ထည့်.. ကြက်ဥကြော်လေးနဲ့ ကျန်တာထည့်ပြီးရင် ..အချဉ်ကြိုက်သူများအတွက် သံပုရာ လေး ညှစ်ပြီး ရောမွှေစားသောက်နိုင်ပါကြောင်း... အရမ်းစားကောင်းပါကြောင်းး)))

မုန်လာဥဖြူနီ သုပ် (ခြံထွက်)

ကျွန်မရထားတဲ့ မြေကွက်လပ်လေး တစ်လိုင်းမှာ မုန်လာဥ နီမျိုးစေ့လေးတွေ ကြဲထားလိုက်တာ..ရက် (၃၀) မှာ စားဖို့အသင့်ဖြစ်နေပါပြီ.. ဒါပထမတစ်သုတ် နှုတ်ထားတာပါ။   မုန်လာဥဖြူနီသုပ်..ရေနွေးဖျောပြီးသုပ်ပါ။ မုန်လာဥနီ အသေး ကြက်သွန်ဖြူနီ ကြော် မြေပဲ ဆား နှမ်းဆီ ငရုတ်သီးစိမ်း သံပုရာသီး  (ကို အားလုံးရောမွှေပြီး ဗူးလေးတစ်ဗူးထဲထည့် ခလောက်ပါ.. သမလောက်တဲ့ ဆော့စ် အနေထားရောက်ရင် ရေနွေးဖျောထားတဲ့ မုန်လာဥလေးတွေနဲ့ ရောမွှေပြီး ကြက်သွန်ကြော်အုပ်ပြီး စားလို့ရ ပါပြီ)

My garden Layout

ကျွန်မခြံလေးထဲမှာစိုက်ထားတဲ့အပင်တွေပါ။ မုန်လာဥနီနဲ့ မုန်ညှင်းကတော့ စားလို့ရနေ ပြီ။ ကျန်တာတွေတော့အခုမှကြီးလာတုန်းပါ။ အခေါ်ဝေါ်တစ်ချို့ မမလုလု ဆီက ယူပါတယ်။ ပုံတွေတော့ Google နဲ့ ကျေးလက်သားလေး ကရှာပါတယ်။

ပန်းပိတောက်ကိုချစ်တယ် ၂၀၁၁

ပိတောက်ပင်တွေအများကြီးထဲမှာ ကျွန်မအိမ်နဲ့နီးတဲ့ပိတောက်ပင်က သင်္ကြန်ရက်အတွင်းမှာ ကွက်တိကို ပွင့် တယ်။  အရင်ကတော့ အပင်ကလက်လှမ်းမီလို့ ဆွဲခူးလို့ရပေမယ့် ဒီနှစ်တော့အတော်လေးမြင့်နေပြီ။ ပိတောက်ခက်တွေခူးပြီးရုံးခန်းထဲယူလာပြီးပန်းအိုးထိုးထားလိုက်တယ်... အရင်ရက်က ကားတိုက်မလိုဖြစ်ထားပြီး လူတော့ ဘာမှမဖြစ်ပေမယ့် ကားဘေးတစ်ခြမ်းတော့ အတော်လေး ရုပ်ဆိုးသွားတာမို့ ကိုယ်တိုင်လဲ လန့်ပြီး နှလုံးတွေလှိုက်လှိုက်ခုန်နေတာာ... လေးရက်လောက်ကြာခဲ့ပြီဒါပေမယ့်တစ်ချက်တစ်ချက် နှလုံးပြန်ပြန်ဖောက်လာတယ်... ပိတောက်ပန်းတွေရုံးထဲယူလာတဲ့နေ့မှာ အနံ့လေးနဲ့ကြည်နူးသိပ်မကြာဘူး...  နှလုံးအခုန်သိပ်မြန်လာတာနဲ့ သူငယ်ချင်းက ပန်းတွေထုတ်ထားပါလားအကြံပေးလို့ ပြန်ထုတ်လိုက်ရတယ်.. ဘ၀..ဘ၀.. ဘ နဲ့ ၀... ကိုယ်ကြိုက်တဲ့ပန်းတောက်ပန်းအနံ့တောင်မခံနိုင်တော့ပါလားကွယ်ရို့...

ဆန်ပင်ပေါက် ကြက်တောင်ပံဆန်ပြုပ်

ခေါင်းစဉ်ရှည်လွန်းလို့စိတ်မညစ်သွားနဲ့အုံး။ နည်းလမ်းကောင်းလေးတစ်ခု ပြောပြအုံးမှာ။ ပေါက်ကရထွင်စားတယ်ဆိုပြီး warning တွေရတာလဲမနည်းတော့ဘူး။ ဒါပေမယ့် ဒါပေမယ့် ပေါ့လေ။  နှစ်စပိုင်းကဘလော့တစ်ခုမှာ ဆန်ကိုအပင်ဖောက်ပြီးချက်တာ တွေ့ဖူးတယ်။  ဒါနဲ့ဘဲ အဲဒါကိုစမ်းကြည့်ချင်စိတ်က အစတည်လာတယ်ဆိုပါတော့။ thai က jasmine rice လက်ထောင်းပြီး ဖွတ်ထားတာ လက်ဆောင်ရထားတော့ အကြံ အစည်အတွက်အကောင်ထည်ဖော်ဖြစ်ပါတယ်။ ဈေးမှာရောင်းတဲ ဆန်ညို၊ လုံးတီးဆန်နဲ့အခြားဆန်တွေလဲအပင်ဖောက်လို့ရတယ်။ ဆန်နှစ်ခွက်ကို ရေဆေး၊ ဖန်ခွက်ထဲမှာ ရေမြုပ်ရုံထည့်ပြီး စိမ်ထားလိုက်တယ်၊ နေ့တိုင်းရေလဲပေးတယ်၊ မလဲရင်အနံ့က သိပ်မကောင်းချင်ဘူး၊ ၃ရက် ညနေပိုင်းလောက်မှာ ဆန်စေ့လေးတွေ ထိပ်မှာအဖြူလေးတွေစုလာပီး အညှောင့်လိုလေးပေါက်လာတယ်။  ဆက်ပြီး ရေစိမ်၊ ရေလဲ ၂ ရက်လောက်ဆက်ထားတော့ အညှောင့်လေးတွေရှည်လာတယ်။  အခုလို ဆန်လေးတွေအညှောင့်ထွက်လာပြီဆိုတော့ ဆန်ပြုပ်ပြုပ်ဖို့ ပြင်ဆင်ပါတော့ တယ်။ ဂျပန် အန်တီတစ်ယောက်က အဲဒါကို ကြိတ်ပြီး ဖျော်ရည်လုပ်သောက်ဖို့ အကြံပေး ပေမယ့် အပင်ပေါက်လာတဲ့ဆန်က ရေဆေးလဲအနံ့က ပဲပင်ပေါက်လို နဲနဲစိမ်းရွှင်ရွှင်ဖြစ် နေတာမို့မကြိုက်ဘူး။ သူက အဟာရအရမ်းရှိတယ်

ပိတောက်ချစ်သော ချစ်သူ၏မွေးနေ့

နံနက်စောစောအိပ်ရာကနိုးတော့ ခြံထဲလမ်းလျှောက်ထွက်ခဲ့တယ်.. လေအဝှေ့မှာ ပန်းလေးတစ်ပွင့် မျက်နှာလာခတ်သွားတာမို့ ကြည့်မိတော့ ပိတောက် ပန်းလေးတစ်ပွင့် လွင့်လာတာ။  ဒါနဲ့အပင်အမြင့်ကြီးပေါ်လှမ်းကြည့်လိုက်တော့ ၀ါဝါ ထိန်နေတဲ့ပိတောက်တွေ။ ပိတောက်ပန်းတွေအပင်ကြီးတွေပေါ်မှာပွင့်နေလိုက် တာ အများကြီး ဒါပေမယ့် ဘာရနံ့မှမရတာဆန်းတယ်။  မြန်မာပြည်ကပိတောက်က ပိုပြီး မွှေးတယ်..ပွင့်ပြီဆိုရင် ပတ်ဝန်းကျင်တစ်ခုလုံးမွှေးပျံ့နေတာ..  နှစ်သစ်ကူးတော့မယ်..ဆိုတဲ့အတွေးနဲ့အတူမှတ်မှတ်ရရချစ်ရသောသူတစ်ယောက်မွေး နေ့ရောက်တော့မယ်ဆိုတဲ့အသိက ကျွန်မကိုအတိတ် ဆီ ပြန်ခေါ်သွားတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပိတောက်တွေသင်းနေတဲ့မနက်ခင်းတစ်ခုမှာ ခြံဘေးက သူငယ်ချင်းယောက်ျားလေးတစ်ယောက်နဲ့အစောကြီးထ၊ ကိတ်မုန့်ဆိုင်ကို taxi ဌားပြီး ပြေး၊ မှာထားတဲ့ကိတ်ကိုယူ။ ပြီးတော့ ချစ်သူရှိနေမယ့် တိုက်အောက်နားကိုသွား၊ သူ့သူငယ်ချင်းတွေရှာပြီး ကိတ်မုန့်ကို သူ့ဆီသွားပို့ခိုင်း.. ပြီးတော့ ကျွန်မနဲ့ သူငယ်ချင်း ကောင်လေးနဲ့ အိမ်ပြန်လာ.. သူငယ်ချင်းက ပွစိပွစိနဲ့.. နင်ကလေကိတ်မုန့်ပေးတာကိုယ်တိုင်တွေ့ပြီးပေးပါလား.. ဟဲ့ ငါကြောက်တယ်..သူ့အိမ်ကသူတွေနဲ့မတွေ့ရဲဘူး... ဒါဆိုလဲအစောကြ