Pages

Monday, April 18, 2011

မုန်လာဥဖြူနီ သုပ် (ခြံထွက်)

ကျွန်မရထားတဲ့ မြေကွက်လပ်လေး တစ်လိုင်းမှာ မုန်လာဥ နီမျိုးစေ့လေးတွေ ကြဲထားလိုက်တာ..ရက် (၃၀) မှာ စားဖို့အသင့်ဖြစ်နေပါပြီ.. ဒါပထမတစ်သုတ် နှုတ်ထားတာပါ။  
မုန်လာဥဖြူနီသုပ်..ရေနွေးဖျောပြီးသုပ်ပါ။

မုန်လာဥနီ အသေး
ကြက်သွန်ဖြူနီ ကြော်

မြေပဲ
ဆား
နှမ်းဆီ
ငရုတ်သီးစိမ်း
သံပုရာသီး  (ကို အားလုံးရောမွှေပြီး ဗူးလေးတစ်ဗူးထဲထည့် ခလောက်ပါ.. သမလောက်တဲ့ ဆော့စ် အနေထားရောက်ရင် ရေနွေးဖျောထားတဲ့ မုန်လာဥလေးတွေနဲ့ ရောမွှေပြီး ကြက်သွန်ကြော်အုပ်ပြီး စားလို့ရ ပါပြီ)




10 Comments:

Anonymous said...

စားလို့ ကောင်းမှာ အသေအချာပဲ။
အသုပ်ဆို ကြိုက်ပြီးသား၏

အပြုံးပန်း

SHWE ZIN U said...

ညီမရေ

စားချင်စရာလေး အဲလိုမျိုး ဥနီ တော့ မစားဘူးသေးဘူး ဥဖြူလည်း အစိမ်းသုတ်စားရင် ကောင်းတယ်ပြောတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Evy said...

ကောင်းလိုက်တာ ။ လတ်လတ်ဆတ်ဆတ်နဲ့ အဲလိုမျိုးစိုက်ချင်လိုက်တာနော်

Shinlay said...

စားကောင်းမှာသေချာတယ်။

Iora said...

ကူးအပင်လေးတွေက သန်လိုက်တာနော်။ လက်ဆိပ်ရှိတယ်လို့ ပြောရမယ်။ နောက် အပင်တွေခူးရင်လည်းတင်ပေးဦးနော်။း)

လပြည့်ရိပ် said...

အဲလို မုန်လာဥလေးတွေ ဆိုင်ပေါ်မှာ မြင်နေကျ၊ အဲလို ၁ ခါမှ လုပ်မစားဘူးဘူး။ လုပ်စားရဦးမယ်။

rose said...

အစ်မကူးကူးကို အားကျတာနော်။ အဲ့လိုလေး အပင်တွေ စိုက်ချင်တယ်။ လတ်လတ်ဆတ်ဆတ်။ radish အရသာက စူးရှရှမို့ ရို့စ် သိပ်မကြိုက်ဘူး။ ဒါပေမယ့် အဲ့လိုလေး သုတ်စားကြည့်ဦးမယ်။ ကျန်းမာရေး အတွက်တော့ ကောင်းတယ်နော်။

Anonymous said...

ကူးက ခြံစိုက် ၀ါသနာပါတယ်ပေါ့
ကောင်းပါတယ် ကိုယ်ဆို စိုက်တိုင်းလည်း
ရှဥ့်ငပေါလေးတွေက စားလို့ မစိုက်တော့ဘူး
ခုလို လတ်လတ်ဆတ်ဆတ်လေးဆို သိပ်စားလို့ကောင်းမှာနော်

Baby taster

Anonymous said...

မြေနေရာကခွဲတမ်းနဲ့ရတာထင်တယ်..စိုက်ဖို့နေရာမကျန်တော့ဘူး။ ဒါပေမဲ့ မြေကွက်မလိုတဲ့ စိုက်နည်းပေးမယ်။နောက်ဖက်က အုတ်နံရံကြီးလွတ်နေတယ်မဟုတ်လား။ အဲဒီအုတ်နံရံခြေရင်းမှာ ဂေါ်ရခါးပင်စိုက်လို့ရတယ်။ အသီးလဲစားရ ညွန့်လဲ စားလို့ကောင်းတယ်။
ဂေါ်ရခါးက မျိးစေ့စိုက်တာမဟုတ်ဖူး။ အရင်နှစ်ကအသီးအရင့် ချန်ထားတာကို ရှာပြီးစိုက်ရပါတယ်။ အဲဒီအသီးဟောင်းက အညှောင့်ထွက်ပြီးပေါက်တာပါ။ မေလကုန်လောက်ထိ စိုက်လို့ရပါတယ်။ အောက်တိုဘာလလောက်မှာသီးပါတယ်။ တစ်ခါစိုက်လို့ရပြီဆိုရင်တော့ နောက်နှစ်အတွက် အသီးအရင့်ကြီးတွေကို မြေကြီးထဲ အနက် ၁၀ စင်တီမီတာလောက်မှာ တူးပြီးမြှုပ်ထားရင် အချိန်တန်ရင် သူ့အလိုလို ပြန်ပေါက်ပါတယ်။ အောင်မြင်ပါစေ...။

Anonymous said...

ကူးကူးရဲ့ အပင်လေးတွေကြည့်ရတာ စားချင့်စရာ လတ်ဆတ်နေတာဘဲ
သတိရသွားပြီ။ ကိုယ့်အခင်းလေးမှာ စိုက်ခဲ့တဲ့ အပင်လေးတွေကို...
ဆောင်း

Post a Comment

ကူးကူးရေ...

 
Powered by Blogger