Pages

Wednesday, April 20, 2011

ဂျုံကြာဇံအသားဟင်းအရောနှော

ဒီနေ့တော့ ဟင်းအနှစ်လိုချက်ထားတဲ့ အသားနဲ့အားလူးဟင်း ကို ဂျုံကြာဇံလေးပြုပ်ပြီးတွဲဖက်စားအရမ်းလိုက် တာမို့စိတ်ဝင်စားရင်စမ်းကြည့်ဖို့နည်းပေးလိုက်ပါတယ်။ ကြိုက်နှစ်သက်တဲ့အသားသုံးနိုင်ပါတယ်။
အနှစ်များများဖြစ်စေဖို့နဲ့၊ အသားကိုလဲ နူးနေအောင်ချက်ဖို့တော့ မမေ့နဲ့နော်.. ဆွဲရတဲ့အနေထားနဲ့တော့ ဒီဟင်းနဲ့သိပ်မစပ်ဟပ်ဘူး။
  • အသားနဲ့အာလူးကိုအနှစ်များများနဲ့ ချက်နေကျနည်းအတိုင်းချက်ပါ။ မဆလာလေးအုပ်ဖို့တော့လိုတယ်။
  • ဂျုံကြာဇံကိုတော့ ဆီနဲနဲထည့်ပြီးပြုပ်ပါ၊ သံလွင်ဆီ သုံးရင်ပိုကောင်းပါတယ်။
  • ကြက်ဥခပ်ပါးပါးကြော်ပြီး လှီးထားပါ။
  • ငရုတ်သီးအနီတောင့်နဲ့ ကြက်သွန်မိတ်အပင်ကြီးကိုလဲ ဆီလေးနဲ့ နဲနဲလှိမ့်ထားပါ။
အားလုံးအဆင်သင့်ဖြစ်ရင်တော့ ရေစစ်ပြီးသားဂျုံကြာဇံကို ပန်းကန်ထဲထည့်၊ ကိုယ်လိုသလောက် အသား အာလူးဟင်းခပ်ထည့်.. ကြက်ဥကြော်လေးနဲ့ ကျန်တာထည့်ပြီးရင် ..အချဉ်ကြိုက်သူများအတွက် သံပုရာ လေး ညှစ်ပြီး ရောမွှေစားသောက်နိုင်ပါကြောင်း... အရမ်းစားကောင်းပါကြောင်းး)))

3 Comments:

Baby taster said...

စမ်းကြည့်ရမယ် ကျေးဇူးပါ

...အလင်းစက်များ said...

ရွှလွတ်.. သရေကျထှာ... ကိုယ်တိုင်လုပ်ဖို့ တော့ မဖြစ်နိုင်... ဟူး

SHWE ZIN U said...

ညီမ ကူးကူး

ဆန်ကြာဇံ နဲ့ ပဲကြာဇံ ဘဲသိတယ် ဂျုံကြာဇံ ကဘယ်လိုမျိုးလည်း စားဘူးဘူး

ခင်တဲ့
ရွှေစင်ဦး

Post a Comment

ကူးကူးရေ...

 
Powered by Blogger