Pages

Sunday, April 10, 2011

ဆန်ပင်ပေါက် ကြက်တောင်ပံဆန်ပြုပ်

ခေါင်းစဉ်ရှည်လွန်းလို့စိတ်မညစ်သွားနဲ့အုံး။ နည်းလမ်းကောင်းလေးတစ်ခု ပြောပြအုံးမှာ။
ပေါက်ကရထွင်စားတယ်ဆိုပြီး warning တွေရတာလဲမနည်းတော့ဘူး။ ဒါပေမယ့် ဒါပေမယ့် ပေါ့လေ။  နှစ်စပိုင်းကဘလော့တစ်ခုမှာ ဆန်ကိုအပင်ဖောက်ပြီးချက်တာ တွေ့ဖူးတယ်။  ဒါနဲ့ဘဲ အဲဒါကိုစမ်းကြည့်ချင်စိတ်က အစတည်လာတယ်ဆိုပါတော့။
thai က jasmine rice လက်ထောင်းပြီး ဖွတ်ထားတာ လက်ဆောင်ရထားတော့ အကြံ အစည်အတွက်အကောင်ထည်ဖော်ဖြစ်ပါတယ်။ ဈေးမှာရောင်းတဲ ဆန်ညို၊ လုံးတီးဆန်နဲ့အခြားဆန်တွေလဲအပင်ဖောက်လို့ရတယ်။
  1. ဆန်နှစ်ခွက်ကို ရေဆေး၊ ဖန်ခွက်ထဲမှာ ရေမြုပ်ရုံထည့်ပြီး စိမ်ထားလိုက်တယ်၊ နေ့တိုင်းရေလဲပေးတယ်၊ မလဲရင်အနံ့က သိပ်မကောင်းချင်ဘူး၊ ၃ရက် ညနေပိုင်းလောက်မှာ ဆန်စေ့လေးတွေ ထိပ်မှာအဖြူလေးတွေစုလာပီး အညှောင့်လိုလေးပေါက်လာတယ်။  ဆက်ပြီး ရေစိမ်၊ ရေလဲ ၂ ရက်လောက်ဆက်ထားတော့ အညှောင့်လေးတွေရှည်လာတယ်။ 
အခုလို ဆန်လေးတွေအညှောင့်ထွက်လာပြီဆိုတော့ ဆန်ပြုပ်ပြုပ်ဖို့ ပြင်ဆင်ပါတော့ တယ်။
ဂျပန် အန်တီတစ်ယောက်က အဲဒါကို ကြိတ်ပြီး ဖျော်ရည်လုပ်သောက်ဖို့ အကြံပေး ပေမယ့် အပင်ပေါက်လာတဲ့ဆန်က ရေဆေးလဲအနံ့က ပဲပင်ပေါက်လို နဲနဲစိမ်းရွှင်ရွှင်ဖြစ် နေတာမို့မကြိုက်ဘူး။ သူက အဟာရအရမ်းရှိတယ် လို့ပြောပြပါတယ်။

ဆန်ပင်ပေါက်ကိုဆန်ပြုပ်ချက်ဖို့အတွက်တော့ ကြက်သားအတောင်ပံတွေကိုသုံး ထားပါတယ်။
  1. ကြက်တောင်ပံတွေရေစင်အောင်ဆေး
  2. ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ကိုညက်အောင်ထောင်း ၊ ဆီသတ်
  3. ကြက်တောင်ပံတွေထည့်
  4. ဆန်ပင်ပေါက်လေးတွေထည့် 
  5. ဆီနဲ့အနှစ်လေးတွေဝင်သွားမှ ရေများများထည့်ပြီး ဆန်ကိုနူးအောင်တည်ပါ။  ဆားထည့်ပါ။ knorr ကြက်သားခဲလေးနဲနဲထည့်၊ ငရုတ်ကောင်းထည့်ပါ။
  6. ကိုယ်ကြိုက်တဲ့ အပျစ်၊အကျဲအနေထားမှာချပြီး  ကြက်သွန်မိတ်၊ သံပုရာသီး၊ ငရုတ်သီးမှုန့် ကြိုက်နှစ်သက်ရာထည့်စားနိုင်ပါတယ်။ 
    ဆန်လုံးညိုအပင်ပေါက်မို့အနံ့ အရသာကထူးတယ်။ ပြီးတော့ ကြက်တောင်ပံ တွေလဲ နူးအိပြီး  စိမ့်နေတာဘဲ။ အရသာလဲရိုးရိုးဆန်ပြုပ်ထက်ပိုလေးနက်တယ်..
    အနံ့လေးကတော့ပဲပင်ပေါက်လို အနံ့မျိုးလေးနဲနဲကျန်နေပေမယ့် တစ်ဇွန်းစားမိရင် ဆက်မစားဘဲမနေနိုင်လောက်အောင်ကိုကောင်းတာမို့..စိတ်ဝင်စားရင် စိတ်ရှည်ရှည် ထားပြီး ဆန်ကိုအပင်ဖောက် ပြုပ်စားနိုင်ပါသည်လို့။..း)))

    ချစ်သူ့မွေးနေ့မှာတင်မလို့ပုံတွေမရွှေ့ရသေးတာနဲ့ဘဲ.. စိုင်းစိုင်း မွေးနေ့မှာတင်လိုက်တယ်။ အခုချိန်ဆို show စနေလောက်ပြီ..းP

    9 Comments:

    Shinlay said...

    စမ်းကြည်ပါအုံးမယ်။

    Baby taster said...

    လုပ်စားကြည့်ရမယ် ထူးဆန်းတယ်

    rose said...

    အဆန်းလေးနော်...။ မြည်းကြည့်ချင်တယ်။ ကိုယ့်ဘာကိုယ်တော့ မလုပ်ချင်ဘူး။ အစ်မကူးကူး ချက်ထားတာလေးပဲ စားချင်တယ်း) ဒီနေ့ ဧပြီ ၁၀ ရက်က စိုင်းစိုင်းခမ်းလှိုင် မွေးနေ့လား။ အစ်မကူးကူးက စိုင်းစိုင်း Fan လားပာင်။

    Anonymous said...

    ဟယ် .. မိုက်တယ်ကွ ...
    အဲ့လို တီထွင်ပြီး
    စားရတာတွေ ကြိုက်တယ် .. :D

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    Anonymous said...

    Interesting!I'll try it.Tks for sharing.
    Gyidaw

    SHWE ZIN U said...

    ထူးထူးဆန်းဆန်း ပါလားကူးကူးရေ

    သေချာလုပ်စားကြည့်အုန်းမယ် အမက ဆန်ပြုတ်အရမ်းကြိုက်တာ ကျေးဇူး

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    T T Sweet said...

    ကြံကြံဖန်ဖန်တော်း)
    ဆန်ပြုတ်လေး အိနေတာပဲဆိုတော့ စိတ်တော့ဝင်စားတယ်။ အားရင် လုပ်စားမယ်။ ဆန်ဝယ်လို့ရလား ကြည့်ရဦးမယ်။

    Anonymous said...

    I think that what you published made a ton of sense.
    But, think about this, what if you added a little content?
    I am not saying your content isn't solid, however suppose you added something that makes people want more? I mean "ဆန်ပင်ပေါက် ကြက်တောင်ပံဆန်ပြုပ်" is kinda boring. You might glance at Yahoo's front page and see how they create post headlines to
    grab viewers to open the links. You might add a related
    video or a picture or two to grab readers excited about everything've written. Just my opinion, it might make your posts a little bit more interesting.

    Here is my website ford ranger

    Anonymous said...

    What's up, I check your new stuff on a regular basis. Your writing style is witty, keep up the good work!

    Also visit my blog :: Ford Ranger Forum

    Post a Comment

    ကူးကူးရေ...

     
    Powered by Blogger