နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။ အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1 2 3 4
ခရမ်းချဉ်သီးနဲ့ ကန်စွန်းရွက်နည်းနည်းရောင်းပါ။
ReplyDeleteဗျာ...မလုပ်ပါနဲ့ ယူလိုက်ပါ။ သေသေချာချာ စိုက်ထားတာကြီးကို။
ဒါဆိုလဲနေဗျာ...ကန်စွန်းရွက်ကြော်နဲ့ ခရမ်းချဉ်သီး သုပ်ပြီးမှ စားဖို့ လာပေးမယ်။
ဟယ်တော် အားလုံးအသုံးဝင်တဲ့အပင်တွေချည်းပဲ
ReplyDeleteတို့လည်းစားပင်စိုက်တာ ပိုဝါသနာပါတယ်
စူးနွယ်လေး
ကျမလည်းအပင်စိုက်တာဝါသနာပါတယ်။မြေကြီးကကျောက်ခဲတွေနဲ့
ReplyDeleteဆိုတော့တူးရခက်လို့ အိုးထဲမှာမြေဆွေးဝယ်ထည့်ပြီးချဉ်ပေါင်စိုက်
ထားတာ၊ကြောင်တွေဆော့လို့ကိုင်းတွေကျိုးကုန်တယ်။အားကျတယ်
ကူးကူးရေ။နှစ်သစ်မှာပျော်ရွှင်ပါစေနော်။
မစန္ဒကူးရေ
ReplyDeleteအပင်တွေအများကြီးစိုက်ထားတာသိပ်သဘောကျတာပဲ
ညီမလည်းနံနံပင်ရယ် ငရုတ်ပင်ရယ် သခွားရယ် ကြက်ဟင်းခါးသီးရယ်
နောက်ဆလတ်ဒ်ထဲထည့်တဲ့အပင်ပေါက်လေးတွေရယ် တခြား၃ပင်ရှိသေးတယ် စိုက်ထားတယ်
ဝရန်တာမှာပဲစိုက်ရတာ
မအပင်တွေကြည့်ရတာအားကျလိုက်တာ
:))
ညီမ ကူးကူး ရေ
ReplyDeleteပျော်ရွှင်သောနှစ်သစ် ဖြစ်ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ပြန်လာပြီးစာဖတ်သွားတော့မှ စိုက်ပျိုးရေးလုပ်ချင်တဲ့စိတ်ပိုကြီးလာတယ်
ReplyDelete