Pages

Wednesday, April 6, 2011

ပိတောက်ချစ်သော ချစ်သူ၏မွေးနေ့


နံနက်စောစောအိပ်ရာကနိုးတော့ ခြံထဲလမ်းလျှောက်ထွက်ခဲ့တယ်..
လေအဝှေ့မှာ ပန်းလေးတစ်ပွင့် မျက်နှာလာခတ်သွားတာမို့ ကြည့်မိတော့ ပိတောက် ပန်းလေးတစ်ပွင့် လွင့်လာတာ။  ဒါနဲ့အပင်အမြင့်ကြီးပေါ်လှမ်းကြည့်လိုက်တော့ ၀ါဝါ ထိန်နေတဲ့ပိတောက်တွေ။ ပိတောက်ပန်းတွေအပင်ကြီးတွေပေါ်မှာပွင့်နေလိုက် တာ အများကြီး ဒါပေမယ့် ဘာရနံ့မှမရတာဆန်းတယ်။  မြန်မာပြည်ကပိတောက်က ပိုပြီး မွှေးတယ်..ပွင့်ပြီဆိုရင် ပတ်ဝန်းကျင်တစ်ခုလုံးမွှေးပျံ့နေတာ..  နှစ်သစ်ကူးတော့မယ်..ဆိုတဲ့အတွေးနဲ့အတူမှတ်မှတ်ရရချစ်ရသောသူတစ်ယောက်မွေး နေ့ရောက်တော့မယ်ဆိုတဲ့အသိက ကျွန်မကိုအတိတ် ဆီ ပြန်ခေါ်သွားတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပိတောက်တွေသင်းနေတဲ့မနက်ခင်းတစ်ခုမှာ ခြံဘေးက သူငယ်ချင်းယောက်ျားလေးတစ်ယောက်နဲ့အစောကြီးထ၊ ကိတ်မုန့်ဆိုင်ကို taxi ဌားပြီး ပြေး၊ မှာထားတဲ့ကိတ်ကိုယူ။ ပြီးတော့ ချစ်သူရှိနေမယ့် တိုက်အောက်နားကိုသွား၊ သူ့သူငယ်ချင်းတွေရှာပြီး ကိတ်မုန့်ကို သူ့ဆီသွားပို့ခိုင်း.. ပြီးတော့ ကျွန်မနဲ့ သူငယ်ချင်း ကောင်လေးနဲ့ အိမ်ပြန်လာ..
သူငယ်ချင်းက ပွစိပွစိနဲ့.. နင်ကလေကိတ်မုန့်ပေးတာကိုယ်တိုင်တွေ့ပြီးပေးပါလား..
ဟဲ့ ငါကြောက်တယ်..သူ့အိမ်ကသူတွေနဲ့မတွေ့ရဲဘူး...
ဒါဆိုလဲအစောကြီးထမနေနဲ့ နောက်မှအေးဆေးသွားလဲရတာဘဲ...
ဟာ..နင်ကလဲ သူနိုးလာတော့ မျက်လုံးဖွင့်ဖွင့်ခြင်း ကိတ်မုန့်တွေ့ရင်ဘယ်လောက် ပျော်မလဲဟာ...  
အေးပါ..ငကူး.ငါ့သူငယ်ချင်း နင်ဟာလေ ဘယ်လိုမှမထင်ရဘူးချစ်တတ်လွန်း ပြန်ရောတဲ့.... 
ချစ်တတ်လွန်းတယ်လို့ ကျွန်မသူငယ်ချင်းထင်တဲ့ ကျွန်မကိုယ်တိုင် ကိုယ့်အဖြစ်ကိုယ် ပြန်စဉ်းစားရီချင်မိတယ်။  အဲတုန်းက ကိုယ်ပိုင်ဝင်ငွေမရှိတဲ့ ကျွန်မအတွက် ကိတ်မုန့် ဆိုတာလဲ ကြိုတင်မှာရပြီးဈေးကြီးတဲ့ဟာမို့ဝယ်ဖို့ပိုက်ဆံလဲမရှိခဲ့ဘူး။  မုန့်ဖိုး နဲနဲစုထားတာရယ်.. အကြံပေးဖော်သူငယ်ချင်းကြီးကဘဲ ပိုက်ဆံအကုန်ခံ လူအပင် ပန်းခံပြီးလိုက်ဝယ်ပေးခဲ့တာပါ။ ၀ယ်တဲ့ကိတ်ကလဲ အကြီးကြီး.. အသည်းပုံနဲ့..  အရမ်း လှတာဘဲ.. အဲဒီကိတ်မုန့်တိုက်ကပြောတော့ အဲဒီဒီဇိုင်းမျိုး ဘယ်သူမှမမှာသေးဘူး ဆိုဘဲ။  ကိုယ့်ဘာသာကိုယ်တော့သဘောတွေကြိတ်ကျနေတာပေါ့...
ညနေပိုင်းတော့ ချစ်သူ က ကားဂိတ်မှာထိုင်စောင့်နေတယ်..  အနားက Danny's မှာ ညနေစာသွားစားကြတယ်။  ကြွေရောင်တောက်နေတဲ့အဖြူရောင်ရှပ်လေးနဲ့ ချစ်သူက ကျွန်မမျက်စိထဲမှာတော့ ရှင်းသန့်နေတာဘဲ။  အသားရည် ညိုညက်ညက်မှာ အဖြူနဲ့ သိပ်မလိုက်ဖက်ပေမယ့် အဖြူရောင်တစ်မျိုးကိုသာနှစ်နှစ်သက်သက် ၀တ်တက်သလို၊ အရောင်ရှုတ်နေတာတွေသူမ၀တ်တတ်ဘူး။ ဆံပင်အမြဲသေသေသပ်သပ်ဘီးရာပေါ် အောင် ဖီးထားတတ်သလို၊ ဘောင်းဘီရှည်နဲ့ သိပ်ကြည့်မကောင်းတဲ့ အောလ် ကတီပါ အနက်ရောင်လေး အမြဲဝတ်လေ့ရှိတယ်။ 
ဘာမှမပြောလောက်တဲ့အရာလေးတွေအတွက် အမြဲလိုလိုသူ့ဘာသာသူပျော်နေတတ် တယ်။ကျွန်မသူ့ဘေးနားမှာရှိနေရင် စစ်တိုက်တော့မယ့်စစ်သူကြီးလိုလို၊ သဘာဝဘေးဒဏ် ရော၊ ပတ်ဝန်းကျင်မတော်တဆ ဘေးဒဏ်တွေပါ သူကရင်ဆီးခံမယ့်ပုံစံမျက်နှာထား မျိုးနဲ့ ကာကွယ်လမ်းလျှောက်တတ်တယ်။
ရှည်လျားလွန်းတဲ့မျက်တောင်ရှည်ရှည်အောက်က မှိုင်းညှို့ညှို့ မျက်ဝန်းတွေထဲမှာ အင်အားတစ်ခု ပါနေတတ်တယ်.. အဲဒီမျက်လုံးအကြည့်အောက်မှာ တစ်ခါမှ လိမ်မ ပြောဝံ့ခဲ့သလို ဒေါသအမျက်လဲပြေခဲ့ရတာ အကြိမ်ပေါင်းမနည်းခဲ့ဘူး။ 
နံနက်စာဆို မုန့်ဟင်းခါးကို နှစ်နှစ်သက်သက်စားလေ့ရှိသလို လဘက်ရည်ကိုလည်း နှစ်နှစ်ခြိုက်ခြိုက်သောက်လေ့ရှိတယ်။  Coke နဲ့ Hotdog ကြိုက်လွန်းတဲ့ သူ့ကို ပြောမရလို့ ခဏခဏ စိတ်ဆိုးခဲ့ရပေမယ့် သူ့ ဆင်ခြေ 101 နောက်မှာ ကျွန်မလဲဘာမှ ထပ်မပြော တော့ဘူး။  
သူငယ်ချင်းတွေကိုချစ်လွန်းတဲ့ သူတစ်ယောက်ကိုချစ်မိတော့လဲ ချစ်သူနဲ့ခဏ တွေ့တဲ့အချိန်တိုင်း ရထားတွဲလို ပါပါလာတတ်တဲ့ အဲဒီသူငယ်ချင်း (၃) ယောက်ကို နားလည်ပေးနိုင်ခဲ့ပေမယ့် မွေးနေ့လိုမျိုးမှာတောင်အလွတ်မပေးဘဲ သူတို့ပါလာတုန်း ကတော့တော်တော် အံ့သြခဲ့ဖူးတယ်.. ဒါပေမယ့်လည်းစကားတော်ရုံမပြောတဲ့ကျွန်မအတွက် ပြောစရာ စကားတီတီတာတာ ဆိုတာလဲမရှိတာမို့ သူ့သူငယ်ချင်းတွေနဲ့ သူနဲ့ ရယ်မောဟာသ ကြားမှ သူ့မွေးနေ့လေး တစ်နေ့တာကို အတူဖြတ်သန်းခဲ့ဖူးတယ်။ 
ပိတောက်ပန်းချစ်တဲ့ ချစ်ရသောသူတစ်ယောက် မွေးနေ့ရက်မြတ်မှသည် နောင်နှစ် ပေါင်းများစွာတိုင်အောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်ပါစေ။ ကျမ်းမာပျော်ရွှင်ပြီး မိသားစု၊ ပတ်ဝန်းကျင်အပေါ် ဆက်လက်အကျိုးပြုနိုင်တဲ့သူတစ်ယောက်ဖြစ်ပါစေ... 

မနှစ်တုန်းကရိုက်ထားတဲ့ ပိတောက်ပန်းပုံလေးတွေပါ။  

13 Comments:

T T Sweet said...

ကူးကူးရေ ပိတောက်ပန်းတွေ လှလိုက်တာ .... ပိတောက်ပင်အောက် ရောက်သွားသလိုပဲ။ ပိတောက်ပန်းတွေ အငမ်းမရခူးသလို ပိတောက်ပန်းပုံတွေ အငမ်းမရ သိမ်းနေမိတယ်။ အမရဲ့ ဖိုရမ်က အဗေတာလေးမှာ သုံးခွင့်ပြုပါနော်။

ပိတောက်ပန်းငမ်းကြောထနေတာနဲ့ မွေးနေ့ရှင်ကို ဆုတောင်းဖို့မေ့နေတယ် ...း)

ကူးကူးရဲ့တစ်ယောက် မွေးနေ့မှာ ပျော်ရွှင်ပါစေနော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကူးကူးရဲ့ အချစ်တွေ အထင်းသားမြင်နေရတဲ့ ပိုစ့်လေးတစ်ပုဒ်ပါဘဲ
ဖတ်ရင်းနဲ့ စိတ်ချမ်းသာ ကြည်နူးမိပါတယ်
ကူးတို့ ပျော်စရာ ချစ်ခြင်း ရာသက်ပန်လက်တွဲခိုင်မြဲပါစေ
ကူးရဲ့ ချစ်သူလည်း မွေးနေ့မှသည် နောင်နှစ်ပေါင်း ရာချီတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ စိတ်သွားတိုင်းကိုယ်ပါ ဆန္ဒအားလုံးပြည့်ပါစေ
ဧပရယ်မှာ မွေးသူမို့ ပိတောက်လို မွှေးပြီး အတာရေလို အေးပါစေနော်

စန္ဒကူး said...

တီဆွိ... ပန်းပုံတွေကြိုက်သလိုယူသုံးရပါ၏.
တစ်မင်တစ်ကာကို နာမည်မတပ်ဘဲထားတာ.. ပန်းတောက်ပန်းတွေဝေချင်လို့ပါ။....
ချော..ဆုတောင်းလေးအတွက်ကျေးဇူးပါနော်... သူတစ်ယောက်ဖတ်မိ ကြည်နူးနိုင်ပါစေ။

အနှိုင်းမဲ့ said...

ပိတောက်ပန်းတွေအရမ်းလှတာပဲ..ကူးကူးရေ
ကူးကူးချစ်သူလဲ မွေးနေ့မှာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။

နှစ်သစ်မှာပျော်ရွှင်ကြပါစေ...

နှိုင်း :)

Vista said...

လှလိုက်တဲ့ပန်းတွေ . ကူးချစ်သူလည်း မွေးနေ့ မှာပျော်ရွှင်ပါစေ ကူးလည်းပျော်ရွှင်ပါစေ

အဖြူရောင်နတ်သမီး said...

Happy Birthday... ပါ ကူးရဲ့““သူ”” ရေ...
မွေးနေ့ရှင်အတွက်လည်း ဆုတောင်းပေးရင်း ပိတောက်ပန်းတခက်လောက် မျှပါလား ကူးရယ်...။

Shinlay said...

ချစ်သူမွေးနေ့ မှာ ချစ်သူနဲ့ အတူပျော်ရွှင်ချမ်းမြေ့ပါစေ။

Anonymous said...

ဒါ အမရဲ့
ဘန်နာမှာ တင်ထားတဲ့
လေးစားမြတ်နိုးရတဲ့ ချစ်သူ ဆိုတာလား ..း))
နှစ်သစ်ကူးမှာ
စိတ်၏ ချမ်းသားခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း နဲ့အတူ
ကိုယ်ချစ်တဲ့ သူနဲ့
သက်ဆုံးတိုင် ပျော်ရွှင်သွားနိုင်ပါစေ ..း)

ခင်မင်လျှက်
ဆောင်းနှင်းရွက်

rose said...

အစ်မကူးကူး ချစ်ရတဲ့သူ၏ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင် သာယာတဲ့ မိသားစု ဘ၀လေးကို နှစ်ယောက် အတူ ပိုင်ဆိုင်နိုင်ပါစေ။

“ အက္ခရာ ” said...

မွေးနေ့လေးတွက်ဆုတောင်းပေးတယ်နော်
ပျော်ရွင်ချမ်းမြေ့ပါစေ။။။။ကူး ရဲ့....
ပိတောက်ပန်းလေးတွေလဲမွေးသွားတယ်...

Sunny said...

မမကူးရေ.. ချစ်သူနဲ့အတူ ပျော်ရွှင်ဖွယ်မွေးနေ့များစွာကို နောင်နှစ်ပေါင်းများစွာတိုင် ဆင်နွှဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်..

ပိတောက်ပန်းလေးတွေ လှလိုက်တာ.. ကူးသွားပါရစေ.. facebook နဲ့ gtalk မှာ profile ပုံ တင်ချင်လို့ပါ.. ကျေးဇူဒ မမ..

Anonymous said...

You have made some really good points there.
I checked on the net for more information about
the issue and found most people will go along with your views on this website.


My homepage: Ranger Forum

Anonymous said...

There is definately a lot to learn about this subject.
I really like all the points you've made.

My site frysklab.nl

Post a Comment

ကူးကူးရေ...

 
Powered by Blogger