Skip to main content

Posts

Showing posts from 2011

ပင်အပ်မှို ကြက်ဥကပ်ကြော်

Enokitake-Golden Needle Mushroom ပင်အပ်မှိုပါ။  မှိုကြိုက်ကြတဲ့သူတိုင်းအတွက်တော့ ဘယ်လိုလုပ်စား စားအရသာအရမ်းရှိတဲ့မှိုကို ဘယ်လောက်ဈေးကြီးကြီးပေးဝယ်စားကြတာပါဘဲ။  ဒီမှာတော့ ကောက်ရိုးမှိုလေးတွေတွေ့ရခဲတယ်..  ပင်အပ်မှိုကတော့ဈေးအပေါဆုံးဘဲ။  ၂ထုပ်မှ ၁ ဒေါ်လာလောက် ဘဲပေးရတယ်။ ဒါပေမယ့် နာမည်ကြီး စူပါမားကတ်တွေမှာသာရောင်းလေ့ရှိတယ်။  အရင်က ယပ်တောင်လေးကို လုပ်ပြီးကြော်တယ်.. ဒီတစ်ခါတော့ အပြားလိုက်ကပ်ပြီးကြော်တယ်။  မသိရင်တော့ ကြက်ဥခေါက်ကြော်ပေါ့... အဲဒီနေ့က သူများကိုကျွေးတော့ အထဲမှာ မှိုလေးတွေတွေ့တော့ သူတို့ တော်တော်ပျော်သွားပုံရတယ်.. ဒါကတော့ ကြော်နည်းအဆင့်ဆင့်ပါ....       ခရစ္စမတ်အတွက် နေရာတိုင်းမှာ ပုံစံအမျိုးမျိုးပြင်ထားကြတယ်.. ဒါကတော့ တစ်မူထူးတဲ့ ကပ်ထူစက္ကူလေး တွေနဲ့ သခင်ခရစ်တော်မွေးဖွားတဲ့အချိန်က အဓိက အခန်းမှာပါတဲ့သူတွေပုံကို ခေါက်ချိုး ဆင်ထားတာလေးတွေပါ..လက်ရာသိပ်သေသပ်လွန်းလို့ ပုံလေးတွေရိုက်လာခဲ့တယ်။    ဒါကတော့ တစ်ခေါက် Quickie မှာဝယ်စားမိတာအရမ်းကြိုက်သွားတဲ့ natural bar ပါ.. နေကြာစေ့နဲ့ အခြား Nuts တွေလဲပါလို့  လိုက်ရှာဝယ်တာဘယ်လိုမှမရခဲ့ဘူး။  အခုတော့ ဒီမှာတွေ့ခဲ့တယ်...  စားချင်ပေမယ့် ဈေးက မတန်တစ

Niagara Fall သို့တစ်ခေါက်

Ottawa ကနေ Guelph.. အဲဒီမှာ (၂)ရက်လောက်နေပြီးတော့ Niagara Fall ဘက်ကို သွားခဲ့တယ်။  မသွားခင် ၂ ပတ်လောက်မှာ tour package ကို လက်မှတ်ကြိုဝယ် ထားလိုက်တာတော်တော်အဆင်ပြေတယ်။ သဘောင်္ကြီးစီးပြီးရေတံခွန်အလယ်ထိသွားရတာ ရင်တွေအသည်းတွေအေးပြီး သိပ်ကို ထူးခြားတဲ့ခံစားမှုမျိုး.. အရမ်းအံ့မခန်းဖြစ်လွန်းပါလားလို့ တွေးမိတယ်။  ကြုံကြိုက်ရင်တစ်ခေါက်လောက်ဖြစ်ဖြစ်သွားလည်ဖို့ တိုက်တွန်းပါတယ်။  တစ်ကယ်လည်း သွားကြည့်ဖို့ အရမ်းတန်တဲ့နေရာပါ။  ကလေး/ လူကြီး အကုန် စိတ်ကြည်နူးစရာမြင်ကွင်းတွေနဲ့ ထူးဆန်းထွေလာအစုံ စိတ်ကြိုက်တွေ့ရမှာပါ။   ကျွန်မအသေးစိတ်ရေးထားတဲ့ ဖိုင်လေးက ပျောက်သွားလို့ ပုံလေးတွေဘဲ ပြန်တင်ပေးလိုက်ပါတယ်။ Fall က US တစ်ခြမ်း canada တစ်ခြမ်းပါ..  Canada ဘက်က ပိုလှတယ်လို့ US က သူငယ်ချင်းတွေပြောပါတယ်။  ရေတံခွန်အလည်မှာ US ဘက်က လာတဲ့ သင်္ဘောနဲ့ canada ဘက်ကလာတဲ့သင်္ဘော လဲ ဆုံကြပါသေးတယ်။