Pages

Wednesday, December 14, 2011

ဂျူးမြစ်သုပ်

ဂျူးမြစ်ကို ကြိုက်နှစ်သက်သူတွေရှိသလို၊အနံ့ပြင်းလို့ မကြိုက်တဲ့သူတွေလဲရှိတယ်။
အရင်ကတော့ အနံ့ပြင်းလို့ စားလေ့မရှိပေမယ့်၊  နိုင်ငံရပ်ခြားနေတာကြာလေ၊ ငတ်လာ လေလေ၊ မြန်မာအစားတွေတမ်းတလာလေလေ..အခုဆို မစားတာ ဘာမှ မရှိတော့ဘူး။  သိပ်မုန်းတဲ့ ပုသိမ်ဟာလ၀ါနဲ့၊ ထိုးမုန့်တောင် အခုဆိုစားတတ်နေပီ။
မြောင်းမြ၊ပုသိမ်မရွေး.. အရင်က လှည့်တောင်မကြည့်ဖူးဘူး၊ အခုတော့ စပြီး စားတတ် နေပြီ။
ဂျူးမြစ်ကို မြန်မာပြည်ခဏပြန်တဲ့ ဆရာတစ်ယောက်က အရင်လိုဘဲ သတင်းစာနဲ့ ထုပ်ပြီး ယူလာ ပေးတယ်။ ရေစိမ်ထားရင်အကြာကြီးခံသလို၊အမြစ်လေးတွေဆွဲခွာ၊ ရေဆေး ပြီးသတင်းစာနဲ့ထုပ်၊ ရေခဲသေတ္တာထဲမှာလဲ အကြာ ကြီး အထားခံပါတယ်။
ဂျူးမြစ်သုပ်ဖို့အတွက်တော့၊
၁။ ကြက်သွန်ဖြူ၊ နီ ဆီချက်
၂။ ပန်းသီးရှာလကာရည်
၃။ မြေပဲမှုန့်
၎။ ဆား အနည်းငယ်
၅။ ငရုတ်သီးစိမ်း
ဒါတွေကိုအဆင်သင့်ပြင်၊ ဂျူးမြစ်လေးတွေရေဆေးသန့်စင် လှီးဖြတ်ပီး ကိုယ့်စိတ်ကြိုက် အရသာအလေး အပေါ့ ပြုပြင်သုပ်စားရုံပါဘဲ။
ကျွန်မသုပ်တုန်းက ထမင်းနဲ့စားဖို့၊ ဒါပေမယ့် ကြွပ်ကြွပ်လေးနဲ့အရမ်းကောင်းလို့ ဒီတိုင်းထိုင်စားလိုက်တယ်။း)
ဒီတစ်ခေါက်ခရီးကပြန်ရောက်တော့ စိုက်ထားတဲ့ ပဲစင်းငုံပင်က အဖူးလေးတွေ အပွင့် လေးတွေနဲ့.. မကြာခင်အသီးလေးတွေသီးတော့မယ်.. ပဲစင်းငုံသီး လေးတွေကို ရေနွေးဖျောသုပ်စားလဲအရမ်းကောင်းတယ်။ 
ဒါကတော့ နောက်တစ်သုတ်စိုက်ထားတဲ့ မုန်လာပင်ပေါက်လေးတွေပါ။  မြန်မာပြည် ကပြန်လာရင် စားလို့ရနေလောက်ပြီ။
ဒါကတော့ အစိမ်းလဲတို့စား၊ သုပ်စား၊ ကြော်စားလို့ရတဲ့ ကောက်ကွေးညွန့်တွေပါ။ ဒရင်ကောက်ညွန့်ဆိုလားခေါ်သေးတယ်။
ဒါကတော့ ခရစ္စမတ်ပါတီတုန်းက ပြင်ဆင်ထားတဲ့အစားစာတွေပါ။ ကျမ်းမာရေးနဲ့ ညီညွတ်ပါစေ.. အသီးစုံ salad ပါ sauce ကို ဓာတ်ပုံမရိုက်ဖြစ်ဘူး။ (ပန်းသီး၊ သစ်တော်သီး၊ စပျစ်သီး၊ လိမ္မော်သီးနဲ့ စိမ်းစားဥ) (ဆလပ်ရွက်နဲ့ ချယ်ရီခရမ်းချဉ်သီးလေးတွေ)

12 Comments:

မဒမ်ကိုး said...

သွားရေတွေကျလိုက်တာနော်း)

မိုးငွေ့...... said...

ကူးကူးရဲ့ ဂျူးမြစ်သုပ်လေးစားချင်စရာလေး...။ ဂျုးမြစ်ကို ရှမ်းထမင်းချဉ်နဲ့ပဲစားဖူးတာ သုပ်တာမစားဖူးသေးဘူး...။

jasmine(တောင်ကြီး) said...

ဂျူးမြစ်သုပ်လေးစားချင်လိုက်တာ မစားရတာကြာပြီ
ဂျူးမြစ်ကြော်တော့စားရတယ် အိမ်ကပို့ပေးလို့ပါ
တောင်ကြီးဆိုတော့ပို့ရခက်တယ် ရန်ကုန်ဆိုရင်တော့နဲနဲလွယ်တာပေါ့နော်
အလွမ်းပြေ စားခဲ့တယ်နော်

mstint said...

ဂျူးမြစ်ဆိုရင် ချဉ်ရည်ပဲချက်ဘူးတယ်။ အသုပ်လုပ်မစားဖူးသေးဘူး စန္ဒကူးရေ။
ဒီတစ်ခေါက်တီတင့် စမ်းလုပ်စားကြည့်မယ် ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

MG THANT said...

မစားဖူးပေမယ့် စာကောင်းမယ့် ပုံပဲ... မဒမ်ကိုးလိုပဲ သွားရည်ကျသွားတယ်

rose said...

Oh, sis... Want to eat Juu Myint. It's been for long time I have't eaten it. My mom used to cook soup for us.

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျူးမြစ်ကိုထောင်းစားလည်း ကြိုက်တယ်
ပုဇွန်ခြောက်နဲ့ဖြစ်ဖြစ် ငါးခြောက် အသားတွေနဲ့ဖြစ်ဖြစ် ထောင်းပီး အပေါ်က ဆီစိမ်းလေး ဆမ်းလိုက်ရင် သိပ်ကောင်းတာဘဲ။
ကူးကူးက တော်လိုက်တာ အသီင်္းအရွက်တွေ ကိုယ်တိုင်စိုက်ထားတာ
အပင်လေးတွေ စိမ်းနေတာဘဲ.. သဘောကျလိုက်တာ

မြသွေးနီ said...

ဂျူးမြစ်သုတ်လေးတစ်ခါမှ မစားဖူးဘူး...။
ဂျူးမြစ်ချဉ်ရည်၊ ရှမ်းထမင်းချဉ်နဲ့ အစိမ်းပဲ ကိုက်စားဖူးတယ်။
သူ့အရသာကို ကြိုက်တယ် ..။ စိတ်ဝင်စားတယ်။ သုတ်စားကြည့်ရမယ်..။

Shinlay said...

ဂျုးမြတ်ကိုလွမ်းနေတာ။ ငါးနဲ့ ချဉ်ရည်ဟင်းချက်စားချင်တယ်။
အသုပ်တော့မစားဖူးသေးပါဘုး။
နောက်ကြုံရင်စမ်းလုပ်ကြည့်ပါမယ်။

knsl said...

ဂျူးမြစ်သုပ်စားချင်လိုက်တာ
ဒရင်ကောက်အစိမ်းကိုခုမှပဲမြင်ဖူးတော့တယ်
:))

Anonymous said...

This website was... how do I say it? Relevant!
! Finally I've found something which helped me. Cheers!

Check out my webpage :: ranger forum

Anonymous said...

Hi there to every one, as I am genuinely eager of reading this blog's post to be updated daily. It consists of nice information.

Here is my homepage - ford ranger

Post a Comment

ကူးကူးရေ...

 
Powered by Blogger