Pages

Tuesday, March 22, 2011

ဂျူးမြစ်ဗူးသီးချဉ်ရေဟင်း

မြန်မာပြည်သွားတဲ့ဆရာတစ်ယောက်က ကျွန်မတွက်ဂျူးမြစ်တွေယူလာပေးတယ်၊ သတင်းစာနဲ့ ကျကျနန ကိုထုပ်ထားတာ။ သိပ်ဝမ်းသာတာပေါ့ ဂျူးမြစ်စားချင်နေတာနဲ့အတော်ဘဲလေ.. 
ဂျူးမြစ်ရတာနဲ့ စိတ်ကူးထဲမှာ ဟင်းတွေများကြီးချက်ပြီးသား၊ ဂျူးမြစ်သုပ်၊ ဂျုးမြစ်ထောင်း၊ ဂျူးမြစ်ဆီပြန်၊ ဂျူးမြစ် တို့စရာ.. အစုံပါဘဲ။  ဒါပေမယ့် တစ်ယောက်တည်းဆိုတော့ အကုန်မစားနိုင်ဘူး၊ ဒီနေ့တော့ ဂျူးမြစ် အနံ့ပြင်းရှရှ လေးကို ဗူးသီးနဲ့ရောပြီးချဉ်ရေချက်စားတယ်။
ပါဝင်တဲ့ပစ္စည်းတွေကတော့
  1. ဂျူးမြစ်
  2. ဗူးသီး 
  3. ကြက်သွန် ဖြူ၊ ကြက်သွန်နီ
  4. ဂျင်း 
  5. နံနံပင်
  6. ငရုတ်သီးစိမ်း
  7. ငပိစိမ်းစား (လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ)
  8. ဆား
  9. knorr ငါးအသားခဲ
ဂျူးမြစ်ကိုရေစင်အောင်ဆေး၊ တစ်ချောင်းခြင်းဆွဲထုတ်ပြီးဆေးပါ၊ ပြီးရင်တော့ ငရုတ်ကျည်ပွေ့လေးနဲ့ ဇရစ်ရိုး ထုသလို အနည်းငယ်လိုက်ထုပြီးဖြတ်ထားပါတယ်။
ဂျင်းနဲနဲ၊ ကြက်သွန်နီနဲ့ အဖြူ၊ နံနံပင်လတ်လတ်ဆတ်ဆတ်ကို ငရုတ်သီး စိမ်း အနီတောင့်လေးတွေနဲ့ ညက်အောင်ထောင်းထားပါတယ်။
ဗူးသီး ကို ခပ်စိပ်စိပ်လှီးပြီး ငပိစိမ်းစားနည်းနည်း၊ မန်းကျည်းမှည့်ရည်၊  ဆီနဲနဲ၊ ဆားနဲ့ knorr ငါးအသားခဲ ၄ပုံ၁ပုံ လေးထည့်ပြီ အားလုံး သမအောင်အရင်ရောမွှေနယ်ပြီး တည်လိုက်ရုံပါဘဲ.

အစိမ်းနံ့လေးပျောက်မှ ရေထပ်ထည့်ပြီးပွက်ပွက်ဆူအောင်တည်လိုက်ရင်တော့ အရသာ ပြင်းရှရှလေးနဲ့.. ချဉ်စပ် ဂျူးမြစ်ဗူးသီးချဉ်ရည်တစ်ခွက်ရပါပြီ။
သီရိမင်္ဂလာဈေးက ဂျူးမြစ်ပုံလေးပါတင်လိုက်တယ်။ မှတ်မိသွားအောင်။းP

ဂျူးမြစ်

18 Comments:

Shinlay said...

ဗိုက်ဆာသွားပြီ။ ဒီမှာဂျူးမြစ်မရဘူး။

SHWE ZIN U said...

ကြိုက်စ်

ချက်စားမယ် ကူးကူးရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

rose said...

ဂျုးမြစ် အရသာတောင် မေ့တေ့တေ့ ဖြစ်နေပြီ အစ်မကူးကူးရေ။ ပုံလေးနဲ့ သေချာ တင်ထားတာ ငေးပြီး စားချင်လာပြီ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အယ် နီးများနီးလို့ကတော့ ပြေးလာပြီး လာစားလိုက်ချင်ပါရဲ့။။ ၀က်သားဟင်းနဲ့တောင် မလဲနိုင်ပါဘူး ဂျူးမြစ်ချဉ်ရည်ကို စားချင်လိုက်တာ

Sunny said...

ဂျူးမြစ်မစားရတာ ကြာလှပြီ.. ဒီရောက်ကတည်းကပဲ.. ဂျူးမြစ်ချဉ်ရည်၊ ဂျူးမြစ်ကြော်၊ ဂျူးမြစ်နဲ့ အစုံ လုပ်စားချင်တယ်..

Anonymous said...

ဂျူးမြစ်ဝယ်မရသောနေရာမှသူများသို့....ကြက်သွန်မိတ်(ဥပါသော)ကြီးကြီးတို့ကိုဝယ်ပါ၊ဖန်ခွက်တစ်ခုတွင်ရေထည့ှ်ပြီးဂျူးမြစ်ဥများကိုရေထဲတွင်မြုတ်အောင်ထည့်ပါ ပြီးအိမ်တွင်းမပူလွန်းအအေးလွန်းသောနေရာတွင် လေသလပ်ပြီးထားလိုက်ပါ၊
အမြစ်များရေတွင်ရှင်သန်ပြီးကြီးထွားလာပါလိမ့်မည်၊ထိုအမြစ်များကို စားသုံးနိုင်ပါသည်၊ မြန်မာဂျူးမြစ်လောက်တော့ မကြီးထွားပေမဲ့ တကယ်ဂျူးမြစ်အစစ်ဖြစ်ပါတယ်၊ သူငယ်ချင်းရှမ်းမက သင်ပေးပြီး သူကိုယ်တိုင်လုပ်စားနေတာကိုတွေ့ခဲ့၊စားခဲ့ရပါတယ်၊ ပြီးတော့ဂျူးဆိုတာ အမြစ်လို့အဓိပါယ်ရတယ်လို့လဲပြောပါတယ်
...ဂျူးမြစ်ကြိုက်သောသူများစမ်းသပ်နိုင်ပါ
ကြောင်း..အီဖေကိုလဲဂျူးမြစ်ဆိုအလွန်ကြိုက်ပါကြောင်း..ကိုယ်တိုင်မလုပ်ဖြစ်သေးပဲ သူငယ်ချင်လုပ်ကျွေးတာပဲစားခဲ့ရသေးကြောင်း...

ပွင့်မြုးဇင် said...

မစားရတာကြာပေါ့.. စားချင်လိုက်တာ ကူးကူးရယ်..

စန္ဒကူး said...

ဂျူးမြစ်လုပ်နည်းပြောသွားတဲ့ သူငယ်ချင်းကျေးဇူးနော်..
နည်းတစ်ခုရပြီ..း))

Mon Petit Avatar said...

ဂျူးမြစ်ကိုစားချင်စိတ်များစွာနဲ့ကြည့်သွားပါတယ် ကူးကူးရေ။

T T Sweet said...

ဂျူးမြစ်ချဉ်ရေ သိပ်ကြိုက်တယ်။ ဒါပေမဲ့ စလုံးမှာ ဈေးကြီးလို့ ၀ယ်မစားဖြစ်ဘူး။ ကူးကူးရဲ့ ချဉ်ဟင်းကိုကြည့်ပြီး စားချင်လာပြီ။

...အလင်းစက်များ said...

ဂျူးမြစ်ကို အဲ့လောက် မမက်မောခဲ့ဖူးဘူး... ဒါမယ့် ရှမ်းထမင်းစားခဲ့တုန်းက ဂျူးမြစ် များများ မချပေးတဲ့ဆိုင် ဆို နောင်လုံးဝ လှည့်မကြည့်မိခဲ့တာ အမှတ်ရတယ်..

ခုတော့လည်း တမ်းတသား။

ငွေစန္ဒာ said...

ဂျူးမြစ်ချဉ်ရေအရမ်းကြိုက်ပါတယ်၊မစားရတာကြာပေါ့၊စား
ချင်လိုက်တာ။ငပိထောင်းလေးနဲ့ဆိုရှယ်ပဲ။

ကျောက်ဂျူးချဉ်ရေ said...

ဂျူးမြစ်က စိုက်ရတာလွယ်တယ် ကူးကူးရဲ့.. snow ကျတဲ့ ဒဏ်လဲခံတယ်၊ ကိုကြီးကျောက်ကတော့ အမြစ်ကို ဖြတ်ပြီး အပေါ်က အပင်ကို စိုက်ထား၊ fall ရာသီစိုက်ထားရင် နွေဆိုစားရပြီ..ဒီမှာတော့ ဂျူးမြစ်က တနှစ်လုံးမပြတ်ဘူး..စားနေရတာ..
အိမ်ခြံထွက်လေ...အဟတ်..

အဖြူရောင်နတ်သမီး said...

ကူးကူးရေ...
မရောက်တာလည်း ကြာပေါ့..
လာလည်ရင်းနဲ့ ဂျူးမြစ်ချဉ်ရည်ဟင်းကို တဝကြီး စားသွားတယ်နော်...
အရမ်းကြိုက်တယ်..

“ အက္ခရာ ” said...

ဂျူးမြစ်ဆိုကြိုက်တယ်...မစားရတာလဲကြာပေါ့....ဂျူး သံတောင်အခုမှပြန်
ကြားရတယ်.....အင်း....စားလိုက်ရရင်ဖြင့်....

Anonymous said...

ဒီမှာဂျူးမြစ်မရှိဘဲဂျူးရွက်ခေါ်မလားအပေါ်ကအရွက်တွေဘဲရှိတယ်။ ဂျူးမြစ်စားချင်တယ်ကွာ။
အိုင်အိုရာ

Anonymous said...

For most up-to-date information you have to pay a quick visit world-wide-web and on the web I
found this web site as a finest site for hottest updates.


My blog :: ranger forum

Anonymous said...

I'm really enjoying the theme/design of your site. Do you ever run into any web browser compatibility issues? A couple of my blog visitors have complained about my site not operating correctly in Explorer but looks great in Firefox. Do you have any solutions to help fix this problem?

Here is my site - ford ranger forum

Post a Comment

ကူးကူးရေ...

 
Powered by Blogger