Skip to main content

ဂျူးမြစ်ဗူးသီးချဉ်ရေဟင်း

မြန်မာပြည်သွားတဲ့ဆရာတစ်ယောက်က ကျွန်မတွက်ဂျူးမြစ်တွေယူလာပေးတယ်၊ သတင်းစာနဲ့ ကျကျနန ကိုထုပ်ထားတာ။ သိပ်ဝမ်းသာတာပေါ့ ဂျူးမြစ်စားချင်နေတာနဲ့အတော်ဘဲလေ.. 
ဂျူးမြစ်ရတာနဲ့ စိတ်ကူးထဲမှာ ဟင်းတွေများကြီးချက်ပြီးသား၊ ဂျူးမြစ်သုပ်၊ ဂျုးမြစ်ထောင်း၊ ဂျူးမြစ်ဆီပြန်၊ ဂျူးမြစ် တို့စရာ.. အစုံပါဘဲ။  ဒါပေမယ့် တစ်ယောက်တည်းဆိုတော့ အကုန်မစားနိုင်ဘူး၊ ဒီနေ့တော့ ဂျူးမြစ် အနံ့ပြင်းရှရှ လေးကို ဗူးသီးနဲ့ရောပြီးချဉ်ရေချက်စားတယ်။
ပါဝင်တဲ့ပစ္စည်းတွေကတော့
  1. ဂျူးမြစ်
  2. ဗူးသီး 
  3. ကြက်သွန် ဖြူ၊ ကြက်သွန်နီ
  4. ဂျင်း 
  5. နံနံပင်
  6. ငရုတ်သီးစိမ်း
  7. ငပိစိမ်းစား (လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ)
  8. ဆား
  9. knorr ငါးအသားခဲ
ဂျူးမြစ်ကိုရေစင်အောင်ဆေး၊ တစ်ချောင်းခြင်းဆွဲထုတ်ပြီးဆေးပါ၊ ပြီးရင်တော့ ငရုတ်ကျည်ပွေ့လေးနဲ့ ဇရစ်ရိုး ထုသလို အနည်းငယ်လိုက်ထုပြီးဖြတ်ထားပါတယ်။
ဂျင်းနဲနဲ၊ ကြက်သွန်နီနဲ့ အဖြူ၊ နံနံပင်လတ်လတ်ဆတ်ဆတ်ကို ငရုတ်သီး စိမ်း အနီတောင့်လေးတွေနဲ့ ညက်အောင်ထောင်းထားပါတယ်။
ဗူးသီး ကို ခပ်စိပ်စိပ်လှီးပြီး ငပိစိမ်းစားနည်းနည်း၊ မန်းကျည်းမှည့်ရည်၊  ဆီနဲနဲ၊ ဆားနဲ့ knorr ငါးအသားခဲ ၄ပုံ၁ပုံ လေးထည့်ပြီ အားလုံး သမအောင်အရင်ရောမွှေနယ်ပြီး တည်လိုက်ရုံပါဘဲ.

အစိမ်းနံ့လေးပျောက်မှ ရေထပ်ထည့်ပြီးပွက်ပွက်ဆူအောင်တည်လိုက်ရင်တော့ အရသာ ပြင်းရှရှလေးနဲ့.. ချဉ်စပ် ဂျူးမြစ်ဗူးသီးချဉ်ရည်တစ်ခွက်ရပါပြီ။
သီရိမင်္ဂလာဈေးက ဂျူးမြစ်ပုံလေးပါတင်လိုက်တယ်။ မှတ်မိသွားအောင်။းP

ဂျူးမြစ်

Comments

  1. ဗိုက်ဆာသွားပြီ။ ဒီမှာဂျူးမြစ်မရဘူး။

    ReplyDelete
  2. ကြိုက်စ်

    ချက်စားမယ် ကူးကူးရေ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  3. ဂျုးမြစ် အရသာတောင် မေ့တေ့တေ့ ဖြစ်နေပြီ အစ်မကူးကူးရေ။ ပုံလေးနဲ့ သေချာ တင်ထားတာ ငေးပြီး စားချင်လာပြီ။

    ReplyDelete
  4. အယ် နီးများနီးလို့ကတော့ ပြေးလာပြီး လာစားလိုက်ချင်ပါရဲ့။။ ၀က်သားဟင်းနဲ့တောင် မလဲနိုင်ပါဘူး ဂျူးမြစ်ချဉ်ရည်ကို စားချင်လိုက်တာ

    ReplyDelete
  5. ဂျူးမြစ်မစားရတာ ကြာလှပြီ.. ဒီရောက်ကတည်းကပဲ.. ဂျူးမြစ်ချဉ်ရည်၊ ဂျူးမြစ်ကြော်၊ ဂျူးမြစ်နဲ့ အစုံ လုပ်စားချင်တယ်..

    ReplyDelete
  6. ဂျူးမြစ်ဝယ်မရသောနေရာမှသူများသို့....ကြက်သွန်မိတ်(ဥပါသော)ကြီးကြီးတို့ကိုဝယ်ပါ၊ဖန်ခွက်တစ်ခုတွင်ရေထည့ှ်ပြီးဂျူးမြစ်ဥများကိုရေထဲတွင်မြုတ်အောင်ထည့်ပါ ပြီးအိမ်တွင်းမပူလွန်းအအေးလွန်းသောနေရာတွင် လေသလပ်ပြီးထားလိုက်ပါ၊
    အမြစ်များရေတွင်ရှင်သန်ပြီးကြီးထွားလာပါလိမ့်မည်၊ထိုအမြစ်များကို စားသုံးနိုင်ပါသည်၊ မြန်မာဂျူးမြစ်လောက်တော့ မကြီးထွားပေမဲ့ တကယ်ဂျူးမြစ်အစစ်ဖြစ်ပါတယ်၊ သူငယ်ချင်းရှမ်းမက သင်ပေးပြီး သူကိုယ်တိုင်လုပ်စားနေတာကိုတွေ့ခဲ့၊စားခဲ့ရပါတယ်၊ ပြီးတော့ဂျူးဆိုတာ အမြစ်လို့အဓိပါယ်ရတယ်လို့လဲပြောပါတယ်
    ...ဂျူးမြစ်ကြိုက်သောသူများစမ်းသပ်နိုင်ပါ
    ကြောင်း..အီဖေကိုလဲဂျူးမြစ်ဆိုအလွန်ကြိုက်ပါကြောင်း..ကိုယ်တိုင်မလုပ်ဖြစ်သေးပဲ သူငယ်ချင်လုပ်ကျွေးတာပဲစားခဲ့ရသေးကြောင်း...

    ReplyDelete
  7. မစားရတာကြာပေါ့.. စားချင်လိုက်တာ ကူးကူးရယ်..

    ReplyDelete
  8. ဂျူးမြစ်လုပ်နည်းပြောသွားတဲ့ သူငယ်ချင်းကျေးဇူးနော်..
    နည်းတစ်ခုရပြီ..း))

    ReplyDelete
  9. ဂျူးမြစ်ကိုစားချင်စိတ်များစွာနဲ့ကြည့်သွားပါတယ် ကူးကူးရေ။

    ReplyDelete
  10. ဂျူးမြစ်ချဉ်ရေ သိပ်ကြိုက်တယ်။ ဒါပေမဲ့ စလုံးမှာ ဈေးကြီးလို့ ၀ယ်မစားဖြစ်ဘူး။ ကူးကူးရဲ့ ချဉ်ဟင်းကိုကြည့်ပြီး စားချင်လာပြီ။

    ReplyDelete
  11. ဂျူးမြစ်ကို အဲ့လောက် မမက်မောခဲ့ဖူးဘူး... ဒါမယ့် ရှမ်းထမင်းစားခဲ့တုန်းက ဂျူးမြစ် များများ မချပေးတဲ့ဆိုင် ဆို နောင်လုံးဝ လှည့်မကြည့်မိခဲ့တာ အမှတ်ရတယ်..

    ခုတော့လည်း တမ်းတသား။

    ReplyDelete
  12. ဂျူးမြစ်ချဉ်ရေအရမ်းကြိုက်ပါတယ်၊မစားရတာကြာပေါ့၊စား
    ချင်လိုက်တာ။ငပိထောင်းလေးနဲ့ဆိုရှယ်ပဲ။

    ReplyDelete
  13. ကျောက်ဂျူးချဉ်ရေMarch 23, 2011 at 4:34 PM

    ဂျူးမြစ်က စိုက်ရတာလွယ်တယ် ကူးကူးရဲ့.. snow ကျတဲ့ ဒဏ်လဲခံတယ်၊ ကိုကြီးကျောက်ကတော့ အမြစ်ကို ဖြတ်ပြီး အပေါ်က အပင်ကို စိုက်ထား၊ fall ရာသီစိုက်ထားရင် နွေဆိုစားရပြီ..ဒီမှာတော့ ဂျူးမြစ်က တနှစ်လုံးမပြတ်ဘူး..စားနေရတာ..
    အိမ်ခြံထွက်လေ...အဟတ်..

    ReplyDelete
  14. ကူးကူးရေ...
    မရောက်တာလည်း ကြာပေါ့..
    လာလည်ရင်းနဲ့ ဂျူးမြစ်ချဉ်ရည်ဟင်းကို တဝကြီး စားသွားတယ်နော်...
    အရမ်းကြိုက်တယ်..

    ReplyDelete
  15. ဂျူးမြစ်ဆိုကြိုက်တယ်...မစားရတာလဲကြာပေါ့....ဂျူး သံတောင်အခုမှပြန်
    ကြားရတယ်.....အင်း....စားလိုက်ရရင်ဖြင့်....

    ReplyDelete
  16. ဒီမှာဂျူးမြစ်မရှိဘဲဂျူးရွက်ခေါ်မလားအပေါ်ကအရွက်တွေဘဲရှိတယ်။ ဂျူးမြစ်စားချင်တယ်ကွာ။
    အိုင်အိုရာ

    ReplyDelete
  17. For most up-to-date information you have to pay a quick visit world-wide-web and on the web I
    found this web site as a finest site for hottest updates.


    My blog :: ranger forum

    ReplyDelete
  18. I'm really enjoying the theme/design of your site. Do you ever run into any web browser compatibility issues? A couple of my blog visitors have complained about my site not operating correctly in Explorer but looks great in Firefox. Do you have any solutions to help fix this problem?

    Here is my site - ford ranger forum

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ