Pages

Monday, December 19, 2011

Niagara Fall သို့တစ်ခေါက်

Ottawa ကနေ Guelph.. အဲဒီမှာ (၂)ရက်လောက်နေပြီးတော့ Niagara Fall ဘက်ကို သွားခဲ့တယ်။  မသွားခင် ၂ ပတ်လောက်မှာ tour package ကို လက်မှတ်ကြိုဝယ် ထားလိုက်တာတော်တော်အဆင်ပြေတယ်။ သဘောင်္ကြီးစီးပြီးရေတံခွန်အလယ်ထိသွားရတာ ရင်တွေအသည်းတွေအေးပြီး သိပ်ကို ထူးခြားတဲ့ခံစားမှုမျိုး.. အရမ်းအံ့မခန်းဖြစ်လွန်းပါလားလို့ တွေးမိတယ်။ 
ကြုံကြိုက်ရင်တစ်ခေါက်လောက်ဖြစ်ဖြစ်သွားလည်ဖို့ တိုက်တွန်းပါတယ်။  တစ်ကယ်လည်း သွားကြည့်ဖို့ အရမ်းတန်တဲ့နေရာပါ။  ကလေး/ လူကြီး အကုန် စိတ်ကြည်နူးစရာမြင်ကွင်းတွေနဲ့ ထူးဆန်းထွေလာအစုံ စိတ်ကြိုက်တွေ့ရမှာပါ။  
ကျွန်မအသေးစိတ်ရေးထားတဲ့ ဖိုင်လေးက ပျောက်သွားလို့ ပုံလေးတွေဘဲ ပြန်တင်ပေးလိုက်ပါတယ်။
Fall က US တစ်ခြမ်း canada တစ်ခြမ်းပါ..  Canada ဘက်က ပိုလှတယ်လို့ US က သူငယ်ချင်းတွေပြောပါတယ်။  ရေတံခွန်အလည်မှာ US ဘက်က လာတဲ့ သင်္ဘောနဲ့ canada ဘက်ကလာတဲ့သင်္ဘော လဲ ဆုံကြပါသေးတယ်။ 

 

 
 
 
 
 
 
 
 
 
 
 


 

 
 
 

 


 


 







 

 

 
 
 
 

 

 









 




 
 
 

 
 
 





 




 




10 Comments:

ပြည်ကောင်းအောင် said...

ကျနော် မေရီလင်းပြည်နယ်မှာ နေဖူးတယ်။ အဲဒီတုန်းက မိတ်ဆွေ တချို့ နိုင်ယာဂရာ သွားကြတာကို လိုက်မသွားခဲ့မိဘူး။ အခုတော့ ကျနော် အနောက်ဖက်ကမ်းခြေ ( အော်ရီဂန် ပြည်နယ် ) ရောက်နေလေတော့ ရေတံခွန်ကြီးနဲ့ စံတော်ချိန် (၃) နာရီတိတိ ဝေးသွားပြီဗျာ..

Iora said...

သိပ်သွားချင်တယ် ကူးရေ။
ဓါတ်ပုံတွေကြည့်ရလို့ ကျေးဇူးပါ။ လှလိုက်တာ။

MG THANT said...

မျောက်ဝံကြီး တိုက်ကြီး လှဲနေတဲ့ပုံမိုက်တယ် :P

ပါရမီဖြည့်ဖက်လေး said...

ရူခင်းပုံလေးတွေတစ်ဝ ကြည့်သွားတယ် မမကူးရေ။ ပျော်စရာကြီးပေါ့နော်။ ရေတံခွန်ကြားမှာ သက်တန့်ပေါ်နေတာလေးကို သိပ်သဘောကျတာပဲ။

Angelhlaing(May everybody be happy and healthy! said...

ရောက်ဖူးချင်လိုက်တာ မမရာ...
လှလိုက်တဲ့ ရူခင်းတွေ.....
ကျေးဇူးပါမမရေ..။

mstint said...

ကိုယ်တိုင်မရောက်ဖူးပေမယ့် ဓာတ်ပုံတွေဝေဝေဆာဆာနဲ့
တင်ပေးထားတဲ့အတွက် ရောက်သွားသလိုပါပဲ စန္ဒကူးရေ။ ကျေးဇူးနော်။
အခွင့်အရေးပေးလို့ကတော့ အရောက်သွားချင်ပါသေးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

When we went there,my son was only 10 months old and we didn't take wonderful boat tour.Thanks for nice photoes.I wish to be there again.After reading your Canada trip post,i look back my album when we were there.
Gyidaw

Aunty Oo said...

မရောက်ဘူးပေမဲ့ဓါတ်ပုံလေးတွေ ကြည့်တာနဲ.တင်ရောက်သွားသလို
ခံစားရပါတယ်။ကျေးဇူးပါဘဲနော်။

Petu Lay said...

ပျော်စရာကြီး။ သွားလည်ချင်လိုက်တာ။

mabaydar said...

ခရီးသွားရတာ မဗေဒါလဲ အရမ်းဝါသနာပါတယ်... လောလောဆယ်တော့ အရှေ့တိုင်းတွေကို ဖိသွားနေတယ်... တစ်နေ့နေ့တော့ အဲဒိဘက်ပိုင်းတွေကို ရောက်အောင်လာခဲ့ဖို့ မျှော်လင့်မိတယ်... လာဖြစ်အောင်တော့ ကြိုးစားမယ်... မျောက်ဝံကြီးတိုက်ကို လှဲနေတဲ့ ဒီဇိုင်းက မိုက်တယ်...

ခုလို ပြန်ဝေမျှတာ ကျေးဇူး... Tour က ဘယ်လောက်ပေးရလဲ ဘယ်က၀ယ်ရလဲ ဘယ်မှာစုရပ်လဲ အဲဒါလေးတွေပါ အသေးစိတ် info လေးတွေ အားလုံးအတွက် တင်ပေးရင် ပိုကောင်းသွားမယ်နော်..

Post a Comment

ကူးကူးရေ...

 
Powered by Blogger