Skip to main content

ပီလောပီနံဥ ပူတင်း

ဆောင်းဦးအ၀င်မှာ မနက်ဆိုမြူတွေနဲ့မှုံရီမှိုင်းပီး ညနေ ၅ နာရီဆိုရင်မိုးချုပ်စပြုနေပီလေ။ ညတာရှည်တာလည်းကောင်း တာပါဘဲ။ အလုပ်တွေအရင်ထက် (၃) ဆလောက်ပိုများလာတာမို့ ဟင်းတစ်မယ်မယ် စီစဉ်မယ်လုပ်တိုင်း စိတ်ကူးနဲ့သာချက်ပီးသွားတယ်။ အကောင်ထည်မဖော်ဖြစ်ပါဘူး။ ဆောင်းရာသီဝင်ခါစဆိုတော့ ဈေးသွားလည်း ဟင်းသီးဟင်းရွက်တွေအရမ်းနည်းသွားပါတယ်။ ဗူးသီး (သေးသေးနဲ့ ရင့်လိုက်သေး)၊ ဂေါ်ရခါးသီး၊ ကန်ဇွန်းရွက် (import)၊ ပန်းဂေါ်ဖီ ညှိုးနွမ်း၊ ခရမ်းချဉ်သီး အ၀ါရောင်တွေနဲ့ စိတ်ညစ်ရပါတယ်။ supermarket မှာတင်ထား တဲ့အသီးနှံတွေကအစ သိပ်မလတ်ဆတ်တော့ပေမယ့်စားချင်တော့လဲ ရှိတာလေးနဲ့ဘဲ ချက်စားရတာဘဲ။ ကျွန်မကလဲ ဟင်းသီးဟင်းရွက်နဲ့ ပဲကိုသာအဓိကစားတဲ့သူဆိုတော့ နဲနဲတော့ အခက်ခဲရှိတာပေါ့လေ။ ချဉ်ပေါင် ပင်နဲ့ ငရုတ်ပင်လေးတွေ အနောက်က ပန်းခြံလေးထဲစိုက်ထားပါတယ်၊ ခေါင်းမိုးတွေ လဲတော့ ရေသလောက် မရှိ ဖြစ်နေတဲ့အချိန် မိုးက ရုတ်တရက် အသည်းသန်ရွာချတော့ ရေတွေအိုင်ပီး အပင်တွေလဲ အမြစ်ပေါလော လေးနဲ့ ဆန့်ဆန့်ကြီးကို သေပါလေရော။ ဘယ့်သူ့ပုံ အပြစ်ပြောရမှန်းမသိတော့ဘူး။လတ်လတ်ဆတ်ဆတ် ဆိုတဲ့အသုံးနှုန်းက အိမ်ရှင်မတိုင်း၊ ဟင်းချက်တဲ့ အမျိုးသမီးတိုင်း ခံတွင်းတွေ့တဲ့ စကားလုံးပါ။ ဒီတော့ သူများ motor pool အနောက်က အပင်ပေါင်းစုံ အလေ့ကျပေါက်နေတဲ့ နေရာသွားပီး ကလောပီနံပင်တွေ သွားဆွဲနှုတ်လာခဲ့ပါတယ်။  :O
ချစ်သူကပြောဖူးတယ်။ ကလောပီနံကိတ် ကြိုက်တယ်တဲ့။ သူဘယ်မှာစားဖူးလဲတော့ ကျွန်မလဲမသိဘူး။ ကျွန်မကတော့ တစ်ခါမှမစားဘူး။ ကလောပီနံပင်အမြစ်တွေချိုးလိုက်တော့ ကလောပီနံဥ ရတာပေါ့။ လွယ်တယ်နော်။ အဲလိုလတ်လတ်ဆတ်ဆတ်လေးမှ ချိုတာ။
ကလောဥတွေကို မြေကြီးတွေစင်သွားအောင်ရေသေချာဆေး၊ ဓါးပါးလေးနဲ့ အခွံကိုပိုးတီလှီးသလိုလှီး။ အစွန်းကနေစပီး ဆွဲခွာလိုက်တော့ အခွံတွေ ကြောင်အိမ်လှေကားလို လွယ်လွယ်ကူကူ ခွာထွက်လာပါတယ်။
လုပ်ရိုးလုပ်နည်းကတော့ ကလောဥအစိမ်းကို အမျှင်သေးသေးရအောင်ခြစ်ပီး ဖုတ်ကြတာပါ။ ကူးကူး ကတော့ နဲနဲစတန့်ထွင်ပီးအရင်ပြုပ်လိုက်ပါတယ်။ ကိတ် လိုပွပွလေးထက် ပူတင်းလိုလေးစားကြည့်ချင်လို့ပါ။
ြုပုပ်လို့ နူးမှ အလယ်ရိုးကိုဆွဲထုတ်၊ အသားဖတ်တွေကို ဇွန်းနဲ့ခြေပီး၊ ဘလန်ဒါနဲ့ ထပ်ကြိတ်လိုက်ပါသေးတယ်။ ပီးရင်တော့ စကာနဲ့စစ်ချရပါတယ်။အထဲမှာ အရိုး မျှင်လေးတွေရှိလို့ပါ။
စစ်ပီးကျလာတဲ့အနှစ်တွေထဲကို ဂျုံမှုန့် ၁ခွက်၊ နွားနို့ (၁)ခွက်၊ သကြား စတီးဇွန်း ၃ ဇွန်း နဲ့ အုန်းနို့ ရယ်ဒီမိတ်ဗူး တစ်ဝက်ထည့်ပီး မွှေရပါတယ်။ ပွပွလေးကြိုက်ရင်တော့ ဆော်ဒါထည့်လို့ရပါတယ်။
ကူးကူးတော့ ဆော်ဒါမထည့်ပါဘူး၊ အားလုံးမွှေပီးရင်တော့ ၁၉၀ ဒီဂရီနဲ့ နာရီဝက်ဖုတ်ရပါတယ်။ ဂျုံ သာ ကျက်ဖို့ လိုတော့တာပါ။ ကလောဥက ပြုပ်ထားပီးသားမို့။ ပီးရင်တော့ ထုတ်ပီး အပေါ်ကအုန်းနို့တစ်ထပ် ထပ်လောင်းပါ။ ပီးရင် အချိုကဲဖို့အတွက် နို့ဆီ ကိုအပေါ်ကလိုက်ဖျန်းပါ။
နောက် ၁၅ မိနစ်ထပ်ထားပြီးရင်တော့ ကလောဥအရသာ နှစ်နှစ်ကာကာခံစားလို့ရတဲ့ ကလောဥကိတ်လေး ရပါပီ။    :D
ကလောဥပူတင်းမှာ အဓိက အရသာထိမ်းတာ နို့ဆီပါ။

ဒါပေမယ့် ဒီတိုင်း ပြုပ် ဆီဆား လေးနဲ့စားလဲ ကောင်းတာဘဲလေ။ ကလောဥပြုပ် ဖွာဖွာလေးတွေကြိုက်တဲ့သူရှိသလို စီးစီးလေးနဲ့ အချောင်းလိုက် ကျစ်နေတာလေးတော့ ကူးကူးအကြိုက်။

ဒီတစ်ခါတော့ မတူးပါဘူး။ အနေတော်ပါဘဲ.. မဟုတ်ရင် စန္ဒကူး ကို စန္ဒတူး လို့ ပြောင်းခေါ်မယ် တစ်ကဲကဲ လုပ်နေတဲ့သူရှိလို့ပါ။... :P

ကလောပီနံဥ (သို့) ပီလောပီနံ   ပုံကြည့်ချင်တဲ့ဆောင်း...  ဒီလင့်မှာသွားကြည့်နိုင်ပါတယ်နော်။

Comments

  1. မစားဖူးဘူးတော့... ကြည့်ရတာတော့ အတော်အရသာ ရှိမယ့်ပုံပဲ... ရှလွတ်... :P

    ReplyDelete
  2. ချစ်အုန်းဖေOctober 7, 2009 at 3:31 PM

    စားဖူးရင်တော့...စားကြည့်ရင်တော့ ဟဲဟဲ .. Good Luck.

    ReplyDelete
  3. စားကြည့်ဖူးဘူး ဒီအတိုင်းလည်းစားဖူးလား မစားဖူးလား စဉ်းစားလို့မရတော့ဘူး မကူးလုပ်ထားတာ စားချင်စရာ မှတ်ထားပြီး နောက်များအခါခွင့်သင့်ရင်လုပ်စားပါဦးမယ်

    ထော

    ReplyDelete
  4. ပူပူမှာ ပီလောပီနံ လတ်လတ်ဆတ်ဆတ်မှ မရဘဲ ကူးကူးရ။
    ဗြဲံ စားချင်ထှာ။

    (တော်လိုက်တဲ့ ကူးစ် စလုံးရောက်ရင် လုပ်ကျွေး ဒါဗြဲ)

    ReplyDelete
  5. ပီလောပီနံဥဆိုတာ ကြားပဲကြားဖူးတာ
    တခါမှ မမြင်ဖူးဘူး
    ဘာလုပ်စားရမှန်းတောင် မသိဘူး

    ReplyDelete
  6. မကူးတို. လုပ်လိုက်ရင် အစမ်းချည်းဘဲနော် မစားဘူး
    တော.အရသာလည်းမသိဘူးဗျာ ငေးဘဲသွားရတယ်

    ReplyDelete
  7. ပိလောပီနန်ဟုတ်ဘူးလား မကူးရေ ... စလုံးမှာတော့ ပရနကန်မုန့်မျိုးစုံရောင်းတဲ့ ဆိုင်လေးတွေမှာရောင်းတဲ့ ပိလောပီနန် မုန့်လေးတွေတော့ စားဘူးပါတယ်။ အုန်းသီးဆန်လေးတွေ ဖြူးလို့ ။ ကြိုက်ပါတယ် ။ ပီလောပီနန်အရသာကို ။ စည်းစည်း စိမ့်စိမ့်လေး။

    ReplyDelete
  8. သိပါဝူးတီတီဆွိရာ.. ကူးကူးက ပီလောပီနံ လို့ရေးတာ ကို မဟုတ်ဘူး.. ကလောပီနံလို့ အကိုကြီးတစ်ယောက်ကလာပြောလို့ ပြောင်းလိုက်တာ.. ဘယ်ဟာမှန်လဲသိဝူး..းx

    ReplyDelete
  9. မတူးဘူးလား... တူးသွားလဲကူးကူးကကူးကူးပါဘဲနော်

    ReplyDelete
  10. ပီလောပီနံ လို့ အခေါ်များတယ် ထင်တာပဲ ..
    ဟိ ..ကလော ကတော့ ရှမ်းပြည်တောင်ပိုင်း .. ပီနန်က မလေးရှား မှာ ... ကလော နဲ့ ပီနန် နဲ့  ဘယ်လို ချိန်းတွေကြသလဲ တိပူး နော် ..း)
    ဟိ..စတာ နော် ...

    ကြည့်ရတာ စားချင်စရာကြီး တော့ ....
    ဗိုက်တောင် ဆာလာပြီ ကူးကူးရေ ..
    တတုံးလောက် ကျွေး ပါ .. အို ..မကျွေးလဲ စားသွားပြီ ..ဂလု ..

    ReplyDelete
  11. ပီလောပီနံ ကအမှန်ဘဲ။ ဖတ်တော့ ကလောပီနံဖြစ်သွားတာ။

    ကူးလေးရယ် တော်လိုက်တာ။ စားချင်လိုက်တာနော်။
    ခုတော့ တံထွေးမျိုချပြီး ပြန်သွားပြီ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ