Pages

Sunday, February 8, 2009

သရက်သီးစိမ်းရှုးရှဲသုပ်

သရက်သီးစိမ်းပေါ်ချိန်ရောက်ပီမို့၊ သရက်သီးအစိမ်းကိုစပ်စပ်လေးသုပ်စားရအောင်။
ဒီမှာတော့လေတွေအရမ်းတိုက်တယ်၊ အေးလဲအေးတယ်။ ရုံးအားလပ်ရက်မှာတစ်ယောက်
တည်းဘလော့တစ်ကာလျှောက်လည်ရင်းနဲ့ သရက်သီးစိမ်းသုပ်ရှုးရှဲစားပြီးရေနွေးကြမ်း
သောက်ရတာလဲအရသာတစ်ခုဘဲ။
သရက်သီးစိမ်း - ၁ လုံး
မျှင်ငပိအနည်းငယ်
ငရုတ်သီးစိမ်း ရှိရင်အလုပ်ဖြစ်ပီလေ..
သရက်သီးကိုမွှနေအောင်ခြစ်ထားပြီးတော့၊ ငရုတ်သီးစိမ်းအနီတောင့်ကိုဆားထည့်ပြီးညက်
နေအောင်ထောင်း၊ ညက်ပီဆိုမှကြက်သွန်ဖြူနှစ်မွှာလောက်ထပ်ထည့်ပြီးထောင်း၊ စိမ်းစား
ငပိကိုဇွန်းတစ်ကော်စာလောက်မီးမှာကင်၊ မွှေးလာပြီဆိုရင်တော့အားလုံးရောထည့်ပြီးနယ်
လိုက်တဲ့အခါ...အနံ့ရတာနဲ့တင်ကိုသရေကျချင်လာတာ။ သရက်သီးစိမ်းအနံ့၊ ငရုတ်သီး
စိမ်းအနံ့ကြက်သွန်ဖြူ.. တစ်ဇွန်းလောက်မြည်းလိုက်တာနဲ့စပ်တဲ့အငွေ့တွေကခံတွင်းမှာ
လှိုင်တက်သွားတာ။ ကောင်းမှကောင်း..

ဒီက Japanese ကျောင်းသားတစ်ယောက်အတင်းလာလာကျွေးတဲ့ wasabi စိမ်းပျစ်ပျစ်
သွားတိုက်ဆေးအနံ့နဲ့သားစိမ်းငါးစိမ်းနဲ့တွဲစားတဲ့ paste လိုပေါ့.. အဲဒါထက်တော့များကြီး
ကောင်းတယ်။

2 Comments:

subuueain said...

ကြိုက်တယ် ကြိုက်တယ် စားမယ် :)

khin oo may said...

ကောင်းတယ။်

Post a Comment

ကူးကူးရေ...

 
Powered by Blogger