Skip to main content

အချစ်နှင့်ကျွန်မထင်မြင်ချက်-၁

အချစ်ဆိုတာ စိတ်ခံစားမှုတစ်ခုပါ။ လူတွေကိုပျော်ရွှင်စေနိုင်သလို ၀မ်းနည်းစေနိုင်တယ်။
စိတ်ဓာတ်မြင့်တင်ပေးနိုင်သလိုစိတ်ကိုဟိုးအောက်ခြေထိကျအောင်လဲလုပ်နိုင်စွမ်းရှိတယ်။ တစ်ချို့သူတွေအတွက်အချစ်ဟာကစားစရာတစ်ခု၊အလဲအလှယ်တစ်ခုအနေနဲ့သဘောထား
ကြပေမယ့်သူတို့မှာရောစစ်မှန်တဲ့အချစ်မရှိဘူးလား။မဟုတ်ပါဘူး၊ရှိတယ်။လူတိုင်းမှာကိုယ်
နှစ်နှစ်ကာကာရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်ကရှိကြတာပါဘဲ။ကျွန်မအပျိုပေါက်အရွယ်က
တွေးမိတယ်။ ငါတစ်ချိန်ကျရင်တော့ကောင်လေး တစ်ယောက်တွေ့မယ်၊ရင်ခုန်မယ်၊ချစ်မယ်
ပေါ့။အချိန်ကြာလာတာနဲ့အမျှအချစ်စစ်ဆိုတာကိုနားလည်သိရှိပြီးနောက်ပိုင်းမှာတစ်ဖြည်း
ဖြည်းနဲ့လန့်လာတယ်။ငါတစ်ယောက်ယောက်ကိုလက်ခံလိုက်ပြီးမှ၊ လက်ထပ်လိုက်ပြီးမှ
ငါတစ်ကယ်ချစ်ရတဲ့သူတစ်ယောက်ကိုထပ်တွေ့ရင်တော်တော်ခံစားရမှာ၊အဲဒါကိုတွေးပြီး
ကြောက်လာတယ်။အချစ်..ဆိုတာကြောက်စရာကောင်းတဲ့အရာလို့ကျွန်မမြင်ပါတယ်။
ဘာကြောင့်လဲ..အဲဒီစိတ်နဲ့လူတစ်ယောက်ကိုသေဆိုသေ..ရှင်ဆိုရှင်..အချစ်ဆိုတဲ့အရာ ဖုံးနေလို့ကတော့ရှေ့ကိုဘာမှမမြင်တဲ့မျက်ကန်းတစ်ယောက်နဲ့မခြားဘာဆိုဘာမှမမြင်
တော့ဘူး။တစ်ကယ်တမ်းအချစ်ကိုပြန်သုံးသပ်လိုက်တော့စိတ်ခံစားမှုတစ်ခုဘဲ၊ပြင်းထန်
လွန်းတဲ့အခါဦးနှောက်ကဘာမှမစဉ်းစားနိုင်တော့ဘူး၊ဒီစိတ်ခံစားမှုကနေတပ်မက်လိုချင်
တဲ့စိတ်ကိုပြောင်းသွားတယ်။တပ်မက်လိုခြင်ခြင်းနောက်ကွယ်မှာဘယ်လိုနည်းနဲ့ရယူမလဲ၊
ဘာနည်းဘဲဖြစ်ဖြစ်ဆိုတဲ့အတွေးဝင်လာတယ်။ကျွန်မအနေနဲ့အချစ်အကြောင်းကောင်းကောင်း နားလည်တာတော့မဟုတ်ပေမယ့်ကျွန်မလေ့လာသိရှိမှတ်သားထားမိသလောက်ဆိုရင်တော့
အချစ်ကိုလွယ်လွယ်နဲ့(၂)မျိုးခွဲလိုက်မယ်။တစ်ခုကမြတ်နိုးသိမ်မွေ့တဲ့အချစ်၊နောက်တစ်ခုက
တပ်မက်လိုချင်(မရိုသေစကား-တစ်ဏှာအချစ်)။ကျွန်မတို့အရွယ်ကအိမ်ထောင်သည်တွေရဲ့
အချစ်ကိုတော့ခွဲခြမ်းမစိတ်ဖြာတတ်သေးဘူး။ကိုယ်သိသလောက်ကတော့(၂)မျိုးဘဲ။ကျွန်မ
အွန်လိုင်းမှာသူငယ်ချင်းယောက်ျားလေးတစ်ချို့ရှိတယ်။ကိုယ့်ထက်ငယ်တော့မောင်လေးတွေ
လိုဘဲသဘောထားပါတယ်။တစ်ခါတစ်လေသူတို့နှစ်နှစ်ကာကာချစ်ခဲ့တဲ့ကောင်မလေး
အကြောင်းရင်ဖွင့်တဲ့အခါ..မကူး..ကျွန်တော်လေသူ့ကိုတစ်ကယ်ချစ်တာပါဗျာ..သူအခွင့်ရေး
ပေးတာတောင်ကျွန်တော်သူ့အပေါ်မှာဘာမှမကျူးလွန်ခဲ့ပါဘူး၊ကျွန်တော်သူ့မျက်နှာလေးမြင်၊
သူနဲ့စကားပြောနေရရင်ကျေနပ်နေတာပါ။အခုတော့တစ်ခြားကောင်လေးတွေနဲ့ဖြစ်ပျက်ပြီး
ဘယ်ရောက်နေမှန်းမသိဘူး၊ဒါပေမယ့်ကျွန်တော်သူ့ကို အခုထိချစ်နေဆဲပါ။ သြော်သူ့အချစ်
ကျတော့တစ်မျိုး။ယောက်ျားလေးတစ်ယောက်အနေနဲ့ကိုယ့်ချစ်သူရည်းစားအပေါ်မှာအခွင့်
ရေးမယူဘဲစောင့်ထိန်းတဲ့သူတွေကိုကျွန်မတော်တော်လေးစားမိပါတယ်။နောက်သူငယ်ချင်း ကောင်လေးတွေရှိသေးတယ်၊ သူတို့အမြင်ကတော့ဒီကောင်အခြောက်ပါကွာ၊ဘာညာပေါ့။
ချစ်ခြင်းရဲ့နောက်ကွယ်မှာဆန္ဒလေးတွေပါလာတာလူ့သဘာဝပါ၊ဒါကိုအခြေနေအချိန်ခါက
တွန်းအားပေးတဲ့အခါထိန်းချုပ်ရတာဘယ်လောက်ခက်ခဲမလဲဆိုတာယောက်ျားလေးတွေ
အစားကိုယ်ချင်းစာပါတယ်။ဒီလောက်ခက်ခဲတဲ့ကြားကကိုယ်ချစ်တဲ့မိန်းကလေးကိုဖြူဖြူစင်
စင်လေးဖြစ်နေစေချင်လို့ထိန်းချုပ်နိုင်တဲ့စိတ်ဓာတ်ကလဲတော်တော့်ကိုပြင်းထန်မယ်လို့
စဉ်းစားမိတယ်။ကျွန်မနဲ့ခင်ဖူးတဲကောင်လေးတစ်ယောက်ဆိုရင်ကိုယ့်ထက်အများကြီးလ
ဲကြီးတော့သူကအသေးစိတ်တော့မဟုတ်ပေမယ့်သဘောတရားလောက်နားလည်ရုံလောက်
လာလာရင်ဖွင့်တတ်တယ်။သူဆိုများလိုက်တဲ့ရည်းစား၊ရည်းစားတိုင်းနဲ့လဲနေထိုင်မှုအဆင့်
ကကျော်လွန်နေပြီ၊အဲလိုဖြစ်အောင်လဲကောင်မလေးဘက်ကဘယ်လိုလမ်းဖွင့်ပေးတဲ့အကြောင်း
တွေ၊ဒါပေမယ့်သူဘယ်တစ်ယောက်ကိုမှတစ်ကယ်မချစ်ခဲ့ပါဘူးတဲ့။ကျွန်မနဲ့ကျွန်မသူငယ်ချင်း
တွေက(မိန်းကလေးတွေပါ)ဟဲ့နင်ကဘာညာနဲ့ဆူရင်..ဟာအမတို့ကလဲဗျာအခုခေတ်ကြီးက
အရင်နဲ့မတူတော့ဘူး၊ရည်းစားဖြစ်တာနဲ့အဲလိုတွေဖြစ်လာတာဘဲတဲ့၊အမတို့ကခေတ်နောက်ကျ
နေပြီတဲ့။ ကောင်းရော။ တစ်ရက်ကျတော့ ညနေစောင်းကြီး ကျွန်မတို့အိမ်ကိုရောက် လာပြီးတော့
တုန်တုန်ရီရီနဲ့ကြောက်လို့တဲ့။မျက်နှာကလဲဖြူဖပ်ဖြူရော်၊ဘာဖြစ်တာလဲဝိုင်းမေးကြတော့သူ့ရည်းစား များစွာထဲကတစ်ယောက်ကမော်လမြိုင်အသွားလမ်းမှာကားမှောက်ဆုံးသွားတာ၊အစိမ်းသေ၊ သူမဟုတ်တာတွေလုပ်နေတာသိတယ်၊သူ့ကိုလာခြောက်တယ်..ရီချင်တယ်။အချစ်ကိုဗန်းပြပြီး
လုပ်ချင်ရာလုပ်၊နောက်တော့လဲကြောက်လိုက်ကြတာ။ဒါကသူ့ကောင်မလေးသေသွားလို့၊
ဒါပေမယ့်အဲလိုလုပ်တတ်တဲ့သူမျိုးတွေဆိုရင်တော့ကိုယ့်လိပ်ပြာကိုယ့်ကိုပြန်လှန့်နေသလို၊
တစ်သက်လုံးစိတ် ချမ်းသာရလိမ့်မယ်လို့ကျွန်မကတော့မထင်ပါဘူး။မိန်းကလေး၊ယောကျာ်း
လေးနှစ်ယောက်ချစ်ကြတယ်။နောက်ရော.သ၀န်တိုမယ်၊ မနာလိုမယ်၊ စိတ်ကောက်ကြမယ်။
စကားများကြမယ်။ပျော်ရွှင်တဲ့အချိန်တွေမရှိဘူးလားဆိုတော့မဟုတ်ပါဘူး။ရှိပါတယ်၊ဒါပေမယ့်
ပျော်ရွှင်ကြည်နှုးတာနဲ့ဝမ်းနဲနာကျင်ကြေကွဲခံစားရတာလေးပုံတစ်ပုံအချိုးကျတယ်။ခံနိုင်ရည်စွမ်း
တော့ရှိဖို့လိုလိမ့်မယ်။ ပေါ့ပေါ့တွေးတတ်တဲ့သူတွေအတွက်ကတော့ ဒါတွေတွေးပူနေစရာမလိုဘူး..
one go, two comes, three ready, four waiting.၊
ချစ်မိပြီဆိုတာနဲ့ ကိုယ့်ဘက်က အရှုံးတွေဘဲ။ လူတစ်ယောက်ကိုချစ်မိလိုက်ပြီဆိုကတည်းက
ဆက်တိုက်ကိုရှုံးတော့တာဘဲ၊ ဇယားကွက်နဲ့သေချာတွက်ကြည့် (ငွေကြေးမပါဘူး)၊
ကိုယ်ချစ်တဲ့သူကကိုယ့်ကိုလဲထပ်တူထပ်မျှ ချစ်ရင်တစ်မျိုး၊ မချစ်ရင်တော့ခံပေတော့...
နေ့နေ့ညညအသဲကွဲဝေဒနာ...ကိုယ်ချစ်တဲ့သူကလဲ ကိုယ့်ကိုပြန်ချစ်ပြီးရင်လဲဆောင်ရန်
ရှောင်ရန်ကရှိသေးတယ်။အထူးသဖြင့်သူမကြိုက်တာ၊ကိုယ်မကြိုက်တာမတူညီတာတွေကို
အတတ်နိုင်ဆုံးညှိနှိုင်းနိုင်ဖို့လဲလိုတယ်။ဒီလိုညှိနှိုင်းမယ်ဆိုရင်ဝုန်းဒိုင်းကြဲနေလို့မပြီးဘူး။ စဉ်းစားတွေးခေါ်တတ်တဲ့ခေါင်းတဲ့အတတ်နိုင်ဆုံးစိတ်အေးအေးထားဖြေရှင်းမှသာအဆင်ပြေမယ်။


Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...