Pages

Tuesday, March 4, 2008

ဂဏန်းချဉ်စပ်ဆီပြန်

တစ်ခါက ဖိုရမ်မှာတင်ပေးဖူးပါတယ်။ သူငယ်ချင်းတစ်ယောက်ကစားချင်တယ်ပြောလို့ ချက်နည်းကိုထပ်ဝေဌလိုက်ပါတယ်။ ကူးကူးကတော့ ဂဏန်းမစားပါဘူး...

ဂဏန်း - (၄) ကောင် (အမ)
ကြက်သွန်နီ - ၃ လုံး
ကြက်သွန်ဖြူ - ၂ လုံး
ခရမ်းချဉ် သီး - ၃ လုံး
ှုငရုတ်သီးခြောက်၊ ဆီ၊ နံနံပင်၊နံနံစေ့၊ မုန်ညင်းစေ့၊ ဆား၊ မဆလာ၊ ပျဉ်းတော်သိမ်၊ မန်ကျည်းမှည့်


ဂဏန်းများကိုအကောင်လိုက်ပြုပ်။ အခွံနီလာရင်ဆယ်ပြီးအအေးခံ၊ အေးရင် ၀မ်းဗိုက်အောက်ကအဖတ်ကြီးများကိုခွာ၊ ဖော့သားများကိုဖယ်
အခွံခွာထား၊ ဂဏန်းကိုကန့်လန့်ထက်ပိုင်းပိုင်းပါ.. အကောင်ကြီးရင် လေးပိုင်းပိုင်း၊ အကောင်သေးရင်နှစ်ပိုင်းပိုင်း

ှုငရုတ်သီး၊ ကြက်သွန်နီ၊ ဖြူ၊ နံနံစေ့၊ မုန်ညင်းစေ့၊ ပျဉ်းတော်သိမ်ရွက်တို့ကိုရောပြီးထောင်းထားပါ။ ပိုင်းထားသောဂဏန်းအတုံးများနှင့် ဆားသင့်ရုံထည့်ပြီးနယ်ပါ။ မန်ကျဉ်းမှည့်အနှစ်ကိုလဲထည့်နယ်ပါ။

ချက်မည့်အိုးတွင်ဆီထည့်ပြီး ကျက်ပါက ထောင်းထားသော
ှုငရုတ်သီး၊ ကြက်သွန်နီ၊ ဖြူ၊ နံနံစေ့၊ မုန်ညင်းစေ့၊ ပျဉ်းတော်သိမ်ရွက် တို့ကိုထည့်ပြီး ဆီသတ်ပါ။ အနံ့သင်းလာလျှင်.. ပါးပါးလှီးထားသောခရမ်းချဉ်သီးကိုထည့်ပါ။ပြီးလျှင် ဂဏန်းထည့်.. ရေသင့်ရုံထည့် အဖုံးအုပ်ထားပါ.. ဆီပြန်လာလျှင်..မဆလာထည့်..နံနံပင်အုပ်ပြီး စားသုံးနိုင်ပါပြီ...

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger