အချစ်သစ်ပင်

ဒါ
ပေးဆပ်မှုသက်သက်ပါဘဲ
ဘာမှမျှော်လင့်မထားမိ
တစ်ရာသီလုံး
ပန်းတွေဖူးပွင့်ပေးရ
အသီးတွေဝေဆာပေးရ
ရွက်ရင့်လေးတွေမြေခပေးရ
ဒါနဲ့များတောင်
ဆန္ဒလေးတစ်ခုမှမပြုမိလေသူ
ကိုယ့်နှလုံးသားကိုယ်ထူးခတ်ဖို့မှာ
သော့တစ်ချောင်းနဲ့မလုံလောက်
အနာဂတ်မရှိတဲ့သစ်ပင်အိုအို
အရိုးတွေပြိုင်းပြိုင်းထ
ခြောက်သွေ့နေတာတောင်
နောင်နွေဦးအတွက်
အိမ်မက်တွေမက်တုန်းပေါ့။
Share:
spacer

No comments:

Post a Comment

ကူးကူးရေ...