Pages

Friday, March 14, 2008

အသက်မဲ့တရားခံ

ထိုညက
ကြယ်တွေတောင်ဒဏ်ရာရ
မြူနှင်းတွေငိုပွဲဝင်လို့
မြက်ပင်တွေကိုဦးညွတ်ရင်းနဲ့
အလင်းရဲ့အရှုံးနောက်
သန်းခေါင်းက ကောက်ကောက်ပါချိန်

ချစ်ရသူရေ..
မုသားစကားမပါ
လင်္ကာလှလှမသုံး
အရိုးသားဆုံးဝန်ခံပါရဲ့ကွယ်
ဒီည
အဖော်မဲ့ငါ့အတွက်
စိတ်ကူးယဉ်အနမ်းနဲ့
မင်းကိုလွမ်းတဲ့ညလေ။

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger