Skip to main content

ဒီနေ့ - မှို

မနေ့ကစိတ်ညစ်ညစ်နဲ့အရှေ့မှဝဲပြီးမျက်စိကိုလာလာဖုံးနေတဲ့ဆံပင်တွေကိုယ့်ဘာသာကိုယ်လက်တည့်
စမ်းပြီးညှပ်ပစ်လိုက်တယ်။မနက်နိုးတော့ရုံးသွားမယ်လဲလုပ်၊မှန်ကိုကြည့်လိုက်တော့အောင်မလေး
လေးမြန်မာပြည်က Gold Roast Coffemix ကြော်ငြာက ခေါင်း/ကောင်းတယ် လို့ပြောတဲ့ပတောင်
အဖွားကြီးကေနဲ့တစ်ပုံစံတည်း...ဒါကနေ..နေ့တစ်နေ့ကိုစတာပါဘဲ။
အခုတစ်လောကံကိုဆိုးနေတယ်။မထင်မှတ်တဲ့ကုန်ကျစရိတ်တွေကသောက်သောက်လဲ၊အရေးထဲခရီး
သွားဖို့ကိစ္စကိုလဲခေါင်းစား၊ကျောင်းကိစ္စကိုလဲမူးနောက်နေအောင်တွေး၊အရေးထဲဘယ်သူကညကလက်
သန်းလေးကိုလာရိုက်ချိုးသွားမှန်းမသိဘူး။မနက်နိုးတာနဲ့ရုံးသွားဖို့အသည်းအသန်လုလုပ်နေတဲ့အချိန်
ဖုန်းဆက်ပြီးလူကိုအထင်သေးစကားတွေလာပြောတဲ့သူကလဲရှိသေးတယ်။ စကားမပြောချင်လို့လား၊ ဘေးနားမှာဘယ်သူရှိလို့လဲဘာညာစကားနာထိုးတာလောက်မုန်းတာမရှိဘူး.မနက်နိုးတော့လက်သန်း
ကယောင်နေပြီးစာတောင်မှာလက်တစ်ဖက်တည်းနဲ့ရိုက်နေရတယ်။ထိလို့မရအောင်ကိုနာနေတယ်။
ဆေးခန်းသွားဖို့လဲမစဉ်းစားနိုင်ဘူး။ဒီကဆရာဝန်တွေဟိုဟာဒီဟာရိုက်ခိုင်းနဲ့အပိုထပ်ကုန်မယ်။
ထွန်းရွှေဝါဘဲလိမ်းပြီးပတ်တီးနဲ့ပတ်ထားလိုက်တယ်။ဖိမိပြီးအိပ်ရအောင်လဲကိုယ်လုံးကဒီလောက်မ
လေးပါဘူး၊စိတ်ညစ်တယ်တစ်ကယ်ဘဲ။
ဘာချက်စားလဲ..ဘာဟင်းလဲ...တွေ့တိုင်းမေးနေတဲ့သူတွေကိုဖြေရတဲ့အဖြေကထပ်ထပ်လာတော့
တောက်ညင်ကပ်လာတယ်။ တကယ်ပေါတာ.. ဘာဆိုဘာမှမယ်မယ်ရရချက်ကိုမစားဖြစ်တာ၊စား
ချင်စိတ်လဲမရှိဘူးချက်ရမှာလဲပျင်းတယ်။ မနက်ဆို နို့မှုန့်နဲ့ထမင်းစာတယ်၊နေ့လည်နဲ့ညနေကတော့
ထောပတ်ကိုထမင်းနဲ့ နယ်မြေပဲကြော်တွေထည့်၊ ငရုတ်သီးကြော်ထည့်၊ ဒါဘဲစားနေတာနှစ်ပတ်ရှိပီ။ ဟိုနေ့ညနေကတော့မုန့်ဟင်းခါးချက်စားတယ်။နောက်တော့ဒီတိုင်းဒုံယင်းကဒုံယင်းဘဲ။ဘာချက်လဲ
မေး၊ဒါချက်တယ်ပြောရင်၊ဟာအဲလိုမချက်ရဘူး၊ဒီလိုဘာညာသာရကာလျှာရှည်တာတဲ့သူတွေကိုလ
ဲမုန်းတယ်။ကိုယ့်ဘာသာကိုယ်ဘာစားစားပေါ့။စားချင်တာစားမှာပေါ့။ဒါကြောင့်တစ်ယောက်တည်း
လွပ်လွပ်လပ်လပ်တာ။
ဒါပေမယ့်ဒီနေ့အကြာကြီးပျောက်နေတဲ့သူတစ်ယောက်ဆီကအဆက်သွယ်ရတယ်။ပျော်စရာသတင်း
တစ်ခုကြားရတယ်။ ညနေကျတော့တင်ပေးထားတဲ့ဟာသတွေကိုယ့်ဘာသာကိုယ်ပြန်ထိုင်ဖတ်ပြီးရီ
နေလိုက်တယ်။ပိုက်ဆံအိတ်တွေလိုက်ရှင်းတော့အထဲက၁၀၀ နဲ့ ၂၃ ကွိုင်ထွက်လာတယ်။ပျော်လိုက်
်တာ...အနဲဆုံးတော့အလှူငွေထည့်လို့ရသွားပြီ။
ပျော်လို့မှမပြီးသေးဘူးညီမလေးကမောင်လေးကိုအတင်းလိုက်ကပ်နေတဲ့ဖက်တီးမအကြောင်းပြော
တော့စိတ်တိုရပြန်ရော။သူငယ်ချင်းတစ်ယောက်ကမှိုလာပေးလို့ကြက်ဥနဲ့ကြော်ပြီးအကုန်စားလိုက်
တယ်။ဘယ်လိုကြော်လဲဆိုတာစပ်စုမယ့်သူအတွက်ကြိုတင်ရေးပေးထားလိုက်မယ်။
၁။ ငွေနှင်းမှိုကိုရေစင်အောင်ဆေးပြီးရေဖွဖွလေးညှစ်ထား၊ အရမ်းညှစ်လိုက်ရင်မှိုပွင့်လေးတွေပုံပျက်
ကုန်မယ်
။ ရေကတော့ညှစ်မှဘာလို့လဲဆိုတော့ကြက်ဥအနှစ်နဲကနှစ်ကြော်မှာကိုး။
၂။ ကြက်ဥနှစ်လုံးခွဲ၊ ပုကန်တစ်လုံးမှာထည့်၊ ကြက်သွန်ဖြူတစ်မွှာကိုနံနံပင်နဲ့ထောင်းပြီးထည့်၊
မဆလာနဲနဲ
ထည့်၊ ဆားနဲနဲ၊ ပဲငံပြာရည်နဲနဲထည့်ပြီးသမအောင်ခေါက်ပါတယ်။
၃။ မှိုပွင့်လေးတွေကိုကြက်ဥအနှစ်ထဲခဏလောက်စုပ်ဝင်သွားအောင်နှစ်ထားလိုက်တယ်၊ ပြီးတာနဲ့
ဆီကိုပူ
အောင်တည်ပြီးမီးကိုမျှင်းမျှင်းလေးထားပြီးဆီနည်းနည်းမှာတစ်ပွင့်ခြင်းထည့်ကြော်ပါတယ်။

အရသာလား၊ စဉ်းစားကြည့်လိုက်တော့ မှိုကချိုတယ်၊ ကြက်ဥကစိမ့်တယ်..ကြက်သွန်ဖြူ၊ နံနံအနံ့လေး
တွေနဲ့မဆလာအနံ့လေးပါသင်းနေတာ...ကောင်းမှကောင်း..ကုန်သွားပြီစားလို့...မှိုတစ်ထုတ်လုံး၊သွေး
တက်မှာတော့သေချာနေပြီ၊ ဒီနေ့ခံစားမှုပေါင်းစုံပြီး ငရုတ်သီးအစိမ်းကိုblender နဲ့မွှေပြီးဆီနဲကကြော်၊
ထောပတ်ဆီ၊ မြေပဲ၊ မှိုနဲ့ကြက်ဥတို့ရောသမမွှေညစာအပြီးမှာတော့ မနက်ဖြန်ရဲ့နေမင်းကိုမြင်ရဖို့ဆေး တွေပဲကြီးလှော်လိုသောက်ပြီးစောစောအိပ်ရအုံးမယ်။

Comments

  1. အင်ကွန်မန့်ကဘာဖြစ်တွားတာရဲ
    အဲထားပါတော့....ပြောခင်တာဘယ်ရောက်မှန်းသိဘူး
    အော်...သိဘီသိဘီ...ကူကူးရေမတည့်တာတွေစွတ်မစားနဲ့
    လေးဖက်နာနဲ့မတည့်တဲ့ထဲမှာမှိုပါရယ်...
    နောက်ပြီးလက်သန်းနာတဲ့ကိစ္စကပေါ့လို့မဖြစ်ဘူးနော်
    နှလုံးနဲ့ဆိုင်တတ်တယ်

    ခင်တဲ့
    ဥဥ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...