Pages

Thursday, March 13, 2008

သုငယ်ချင်းရိုးရိုးလေးမွေးနေ့ဆုတောင်း

Publish Postဘလော့ စရေးကတည်းက ကိုယ့်အကြောင်းတွေကိုသူငယ်ချင်းမိတ်ဆွေတွေ မိသားစုတွေဖတ်ဖို့အတွက်သာရည်ရွယ်ခဲ့တာမို့... လူသိများအောင်လုပ်ဖို့လဲစိတ်မ၀င်စားခဲ့ပါဘူး။ အွန်လိုင်းကသူငယ်ချင်းတွေနဲ့ အပြင်ကရင်းနှီးတဲ့သူတွေသာကျွန်မ ဘလော့လိပ်စာကိုပြောပြခဲ့ပါတယ်။ ဒါပေမယ့်မျက်စိလည်ပြီးရောက်လာတဲ့ ဘလော့ဂါ သူငယ်ချင်းလေးတစ်ယောက်ရတယ်။ သူကပထမဆုံး ဘလော့ဂါသူငယ်ချင်းပေါ့။။ မနေ့ကသူ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းလေးကိုကျွန်မဘလော့မှာကိတ်မုန့်လေးနဲ့တင်ပေးလိုက်ပါတယ်။
ရိုးရိုးလေး..သူငယ်ချင်းရေ...မွေးနေ့ပေါင်းများစွာကိုပျော်ရွှင်မှုအတိနဲ့ဖြတ်သန်းနိုင်ပါစေ။
လိုအင်ဆန္ဒမှန်သမျှ ရရှိနိုင်ပါစေ၊ ချစ်ခင်သူများနဲ့တစ်သက်လုံးပျော်ရွှင်စွာနေထိုင်နိုင်ပါစေ။
ပညာရေးမှာလဲထူးချွန်ပြီးအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါစေ..
ဘုရားရှင်ကောင်းကြီးများစွာချပေးပါစေ....လို့ဆုတောင်းပေးလိုက်ပါတယ်။

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger