Pages

Monday, March 17, 2008

ထူးဆန်းအံ့သြဖွယ် (၇) ခု

တစ်ခါက စာသင်ခန်းတစ်ခုမှာ ကျောင်းသားတွေနဲ့ ပရော်ဖက်ဆာက ဒီကမ္ဘာပေါ်မှာ လက်ရှိ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့အရာ (၇)ခု အကြောင်းဆွေးနွေးကြရအောင်။ ကိုယ်စိတ်ထဲမှာ အရမ်းထူးဆန်းအံ့သြဖွယ်ကောင်းတယ်ထင်တဲ့အရာ (၇)ခုကိုရေးချခိုင်းတယ်။ ကျောင်းသူ ကျောင်းသားတွေ တစ်ယောက်တစ်ပေါက်ပေါ့.. သူတို့ထင်တဲ့အရာတွေမှမတူကြတာ.. နောက်ဆုံးမှာတော့ မဲလိပ်နဲ့လုပ်ပြီး မဲအများဆုံးရတဲ့အရာတွေကို Seven Wonders of the world ဆိုပြီး သတ်မှတ်လိုက်ကြတယ်။ အဲဒါ တွေက ဘာတွေလဲဆိုရင်
1. Egypt's Great Pyramids
2. Taj Mahal
3. Grand Canyon
4. Panama Canal
5. Empire State building
6. St. Peter's Basilica
7. China's Great Wall


ဒါပေမယ့်ကောင်မလေးတစ်ယောက်ကတော့ ဘာအဖြေမှမပေးဘဲနဲ့ စဉ်းစားနေတုံးဘဲ... ဒါနဲ့ ပရော်ဖက်ဆာက သူ့ကိုမေးတယ် ..သမီးက ဒီ (၇)ခုကို သဘောမတူလို့လားတဲ့။ သူက မဟုတ်ပါဘူးကျွန်မှာ စဉ်းစားစရာတွေအများကြီးဖြစ်နေလို့အဖြေမပေးသေးတာပါ။
ဒါနဲ့ဆရာမက ဒါဆိုလဲ သမီးပြောကြည့်လေ..ဆရာမတို့လဲဝိုင်းစဉ်းစားကြတာပေါ့တဲ့။
ကျောင်းသူမလေးက မ၀ံ့မရဲနဲ့.. ကျွန်မအထင်တော့ ကမ္ဘာပေါ်မှာ အရမ်းထူးဆန်းအံ့သြဖွယ်ကောင်းတဲ့အရာ (၇) ခုကတော့...
၁။ အမြင်အာရုံရှိခြင်း
၂။ အကြားအာရုံရှိခြင်း
၃။ ထိတွေ့နိုင်ခြင်း
၎။ စိတ်ခံစားမှုရှိခြင်း
၅။ ရယ်မောပျော်ရွှင်နိုင်ခြင်း
၆။ ချစ်မြတ်နိုးနှစ်သက်နိုင်ခြင်း
၇။ နောက်ဆုံးတစ်ခုကတော့ ဘုရားသခင်ရဲ့ အံ့သြဖွယ်မကုန်ခမ်းနိုင်တဲ့လူသားတွေအတွက် သူ့ရဲ့ တစ်ပါးတည်းသောသားတော်ကို လူ့အဖြစ်ကိုခံယူစေပြီး ထာဝရအသက်ကိုပေးတဲ့အရာ...
တွေဘဲဖြစ်တယ်လို့ သူမကပြောလိုက်တဲ့အခါ အတန်းတစ်ခုလုံးအပ်ကျသံတောင်မကြားရအောင်ကို ငြိမ်သွားပါတယ်။
တစ်ချို့အရာတွေက သာမာန်အမြင်နဲ့သာအပေါ်ယံကြည့်တတ်ပြီးမထူးဆန်းဘူးလို့ထင်ထားတဲ့အရာတွေဟာ ကျွန်မတို့ဘ၀အတွက် အဓိကအရေးပါတဲ့အရာတွေဖြစ်နေတတ်ပြီး အမှန်တကယ်ကို ထူးဆန်းအံ့သြဖွယ်ကောင်းလှပါတယ်။
တစ်ကယ်တော့ အင်မတန်ထူးဆန်းအံ့သြဖွယ်ကောင်းပြီးတန်ဖိုးရှိလှတဲ့အရာတွေကို လူတွေလက်နဲ့တည်ဆောက်ဖန်တီးမရနိုင်သလို ငွေကြေးနဲကလဲဝယ်ယူလို့မရနိုင်ပါဘူး။

ကြားဖူးပြီးသားလဲဖြစ်ချင်ဖြစ်လိမ့်မယ်..
တစ်နေ့ကျတော့ လူတစ်ယောက်ကဘုရားသခင်က သူ့ရဲ့ လက်ဝါးကပ်တိုင်ကိုထမ်းပြီး လမ်းလျှောက်ခိုင်းတယ်လို့အိပ်မက်မက်တယ်။
လမ်းကြာကြာလျှောက်လာတဲ့အခါ သူထမ်းထားတဲအရာကပိုပိုလေးလာတယ်။ သူပင်ပန်းလာတယ်။
ဒါနဲ့ သူဘုရားသခင်ကိုပြောတယ်။ ဘုရားသခင်..ဒါကြီးထမ်းရတာအရမ်းကိုလေးလွန်းလှပါတယ်.. နဲနဲသက်သာအောင်ဖြတ်တော့မယ် တဲ့..
သူ့စိတ်ဆန္ဒအတိုင်းသူ့လက်ဝါးကပ်တိုင်ကို သူနဲနဲဖြတ်လိုက်တယ်။
အခုတော့တော်တော်လေးကိုပေါ့သွားပြီ.. ဘုရားသခင်..ကျေးဇူးများကြီးတင်ပါတယ်...လို့သူကပြောပြီးဆက်လျှောက်သွားတယ်။
မထင်မှတ်ဘဲ သူလျိုမြောင်ချောက်တစ်ခုကိုဖြတ်ရမယ်
သူ့လိုဘဲ ကပ်တိုင်ကိုထမ်းပြီးလမ်းလျှောက်နေတဲ့သူတွေက "ကဲငါတို့ထမ်းလာတဲ့ကပ်တိုင်တွေကို တံတားအဖြစ်နဲ့ ဟိုဘက်လျိုထိပ်ကိုခင်းချပြီး ဆက်လျှောက်သွားကြမယ်"
ဒါနဲ့ သူလဲ သူထမ်းလာတဲ့ကပ်တိုင်ကိုခင်းပြီးဖြတ်ဖို့ကြိုးစားပေမယ့် သူလမ်းမှာလေးလွန်းလို့ ဖြတ်ထားတဲ့အတွက် သူ့ကပ်တိုင်ကတိုနေတော့ ဆက်လျှောက်လို့မရတော့ဘူး။
လောကမှာအသက်ရှင်နေရတဲ့အချိန်မှာ ကိုယ်ထမ်းထားတဲ့ဝန်ကအရမ်းလေးလှပါတယ်... ဒီလိုဘဲ သူများတစ်ကာလဲ ကိုယ့်လိုဘဲ ၀န်တွေကိုထမ်းနေရပါတယ်ဆိုတာကိုမမေ့ကြပါနဲ့နော်။

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger