ကားစထွက်တော့..လေကတစ်ဖြူးဖြူး...ဆံပင်တွေက ဟိုပျံဒီပျံပေါ့... ဟိုတစ်ပတ်က ဆံပင်တွေမျက်စိကိုဖုံးနေလို့ နဲနဲတိပေးပါဆိုတာကို... ကြွက်စုတ်နဲ့ နင်လားငါလားဖြစ်အောင် ညှပ်လိုက်တဲ့အခြောက်ကိုဒေါသကထွက်လာသေးတယ်..စည်းထားလို့မရ... တစ်ဝက်ကအပေါ်မှာ..ကျန်တစ်ဝက်က ကျောလယ်မှာ...ထားပါလေ..စိတ်လျှော့မှ..အသက်လဲမငယ်တော့ဘူး... ပျင်းပျင်းနဲ့ကားလမ်းလေးတစ်လျှောက်မှာ မြင်သမျှအရာအားလုံး... ပြောင်းဖူးသည်တွေကအစ၊ ကျောင်းသားလေးတွေ၊ မြက်ပင်လေးတွေ၊ ခြံဝင်းတွေကိုငေးရင် ကားပေါ်မှာ မျက်နှာသေနဲ့ထိုင်နေမိတယ်... ကြည့်နေရင်းနဲ့ လမ်းဘေးက ကားလမ်းနဲ့ တစ်မိုက်လောက်နေရာတွေမှာ
အနီရောင်နဲ့ ကြက်ခြေခတ်ထားတာကိုတွေ့ မိတယ်။ တစ်ခုလဲမဟုတ်..နှစ်ခုလဲမဟုတ်...လမ်းမဘေးတစ်လျှောက်လုံးနီးပါး... တစ်ချို့တွေဆို companyတွေက ဆိုင်းဘုတ်တွေတောင်အခြစ်ခံထားရသေးတယ်... ကျွန်မက စပ်စုပြီး ဘာလုပ်ထားတာလဲလို့ အနားကအမကြီးကိုမေးတော့ လမ်းမကြီးကို ချဲ့မလို့တဲ့.. အမှားခြစ်ထားတဲ့ဟာအားလုံးကိုဖျက်ပေးရမယ်တဲ့.. သြော်ဒီလိုလား.....ဒါနဲ့ကျွန်တို့ campus အရှေ့ လမ်းမဘေးတစ်လျှောက်မှာ အိမ်တွေဆောက်ပြီး အုန်းသီးရောင်းနေတဲ့ တန်းဆီနေတဲ့အိမ်လေးတွေကိုတန်းမြင်ယောင်လိုက်တယ်.. ကျွန်မခြံပြင်ထွက်တိုင်း..အဲဒီအိမ်တန်းတွေမှာ ကလေးတွေဆော့ကစားနေတာ... ခွေးလေးတွေ၊ ကြက်တွေမွေးထားတာ.. အုန်းရည်ကနေ ဗီနီဂါ ရည်တွေလုပ်နေတာ.. သူတို့ ပန်းခြံလေးတွေလုပ်ထားတာ.. ဟာ၊ ဒါဆိုဒါတွေအားလုံးဖျက်ရတော့မှာပေါ့... သူတို့ဘယ်မှာသွားနေကြမလဲ.. မဆီမဆိုင်အတွေးကရောက်... အပြန်ကျရင်တော့ သတိထားပြီးသူတို့အိမ်တန်းလေးတစ်လျှောက်ကိုကြည့်အုံးမှ ဆိုပြီး.. ကျွန်မအပြန်လမ်းမှာ ကြည့်လိုက်တော့ အိမ်တိုင်းလိုလို ကြတ်ခြေခတ်အနီရောင်တွေနဲ့.... ဒါ က ဖျက်ပေးရမယ်ဆိုတဲ့အမှတ်အသား..အစိုးရက မှတ်ထားတာ... အဲဒီကြက်ခြေခတ်ဘေးမှာ ဆိုင်းပုဒ်လေးတွေထောင်ထားသေးတယ်... ဘာရေးထားတယ်လို့ထင်လဲ... ကျွန်မစိတ်ထင်..ဖယ်ပေးရမည်၊ ဘာညာရေးထားတယ်ထင်တာ... ဖတ်တတ်တဲ့သူကိုမေးကြည့်တော့.. သူတို့ ကမဖယ်ပေးနိုင်တဲ့အကြောင်း..သူတို့စီးပွာရှာစားရတာဒီနေရာမှာသာအဆင်ပြေတဲ့အကြောင်း... ပြန်ပြီး ဆန့်ကျင်ဖက် ပြန်ခံရေးထားတဲ့ ဆိုင်းဘုတ်ပါ.. ရီလဲရီချင်တယ်...သြော်..တယ်လဲလွတ်လပ်ကြပါလား... လမ်းမမှာကျုးကျော်ပြီးလဲနေသေး..ဖယ်ခိုင်းတော့ သူတို့ကပြန်ပြီး မကျေမနပ်..ဟိုတိုင်ဒီတိုင်....ဟုတ်နေကြတာ... အဲဒါ ဒီနှစ်မှမဟုတ်ဘူး... (၅) နှစ်ကျော်ပြီတဲ့..ကောင်းရော... အစိုးရက သူတို့တွေနေစရာရှာနိုင်ပါစေဆိုပြီးနှစ်ပေါင်းများစွာအချိန်စွဲပြီးစောင့်နေတာကို သူတို့ကအခွင့်ကောင်းယူတဲ့အပြင်... ပိုဆိုးတာက ဖယ်ပေးပါတော့လို့တောင်းဆိုတဲ့အချိန်မှာတောင် အတွန့်ကတက်သေးတာ.. ကိုယ်ချင်းမစာနာတာတော့မဟုတ်ပါဘူး၊ အခွင့်အရေးဆိုတာ ပေးတုန်းမှာ ယူထားတတ်ရင်ကောင်းပေမယ့် ဒီထက်ပိုလိုချင်တာကတော့ လောဘဖြစ်သွားတယ်လေ။ မမှန်ကန်ဘူးလို့ကျွန်မကတော့ယုံကြည်တယ်။ ဒီအကြောင်းနဲ့တိုက်ဆိုင်လို့ ကျွန်မ ဆွေမျိုးလိုခင်တဲ့ဦးလေးတစ်ယောက်.. အိမ်ဌားတွေတွင်ထားတာ...မြို့လယ်မှာ အိမ်ဌားခတွေဈေးတက်လဲ စဌားတဲ့ဈေးအတိုင်းဘဲပေးပြီး နေလာခဲ့တာ နှစ်ပေါင်းများစွာကြာလာတော့ အဲဒီအိမ်ကို ပြန်ဖျက်၊ အသစ်ဆောက်ရတော့မယ်ဆိုတော့ အိမ်ဌားတွေက မဖယ်ပေးတဲ့အပြင် တရားပြန်ဆွဲ၊ ကန်ထရိုက်ကိုအပ်ပြီးအိမ်အသစ်ဆောက်ပြီးရင်တောင် သူတို့ကိုတစ်ခန်းစီပေးရမယ် ဆိုဘဲ... သြော်လူတွေ...လူတွေ.. ကိုယ်ရခဲ့တဲ့အကျိုးမြတ်တွေ... ကိုကျေးဇူးမတင်တဲ့အပြင်ပိုပြီးလောဘဇောတက်တတ်ကြတာ ကိုတွေးမိပြီးစိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် တစ်ဖက်သားက ကိုယ့်အပေါ်သနားငဲ့ညှာလို့ အခွင့်အရေးပေးလာတဲ့အရာတွေကို လောဘစိတ်ဖက်ကိုပြောင်းပြီး မညှာမတာအသုံးချတတ်တဲ့သူတွေရဲ့ စိတ်ထားမျိုးတွေမ၀င်လာအောင် ကြိုးစားကြရအောင်လား။

Comments
Post a Comment
ကူးကူးရေ...