Skip to main content

အစာစားပြီးပြီးချင်းဒါတွေမလုပ်နဲ့နော်

ထမင်းစားပြီးပြီးခြင်းမှာလူအများလုပ်လေ့လုပ်ထရှိတဲ့အရာတွေထဲက ကျမ်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့အချက် (၇)ချက်ကို သူငယ်ချင်းများသိအောင်မျှဝေလိုက်ပါတယ်။

၁။ ဆေးလိပ်မသောက်ပါနှင့်။
(ကျမ်းမာရေးသုတေသီများလေ့လာတွေ့ရှိချက်အရ အစားစားပြီးချိန်မှာ ဆေးလိပ် (၁)လိပ်
သောက်တာ တစ်ခြားအချိန် (၁၀)လိပ်သောက်တာနဲ့ညီမျှတယ်လို့ဆိုပါတယ်။ များသောအား
ဖြင့်ဆေးလိပ်စွဲနေတဲ့သူတွေ သောက်သုံးတဲ့သူတွေ ထမင်းစားပြီးတာနဲ့ ပါးစပ်ချဉ်တယ်လို့
ခေါ်မလား ဆေးလိပ်ကို တန်းသောက်တတ်ကြပါတယ်။ ဆေးလိပ်သောက်တာမကောင်းပေမယ့် မရှောင်နိုင်သေးတဲ့အချိန်မှာ ထမင်းစားပြီးပြီးချင်းမသောက်မိဖို့ တိုက်တွန်းပါရစေ။
ပိုပြီး ကျမ်းမာရေးထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်နိုင်ချေအရမ်းများလို့ပါ။)

၂။ အသီးအနှံကိုချက်ချင်းမစားပါနဲ့။
(ထမင်းစားပြီးရင် အချိုတည်းတတ်တာ ကျွန်မတို့မြန်မာတွေအတွက်ကတော့ အသီးတွေ စားတာနည်းပါတယ်နော်။ ဒါပေမယ့် တော်တော်များများ ကျွန်မအပါဝင် ထမင်းစားပြီးပြီးချင်းမှာ
သရက်သီးတို့ စပျစ်သီးတို့ အစရှိတဲ့အသီးတွေကိအအီပြေဆိုပြီးစားတတ်ကြပါတယ်။ မစားမိဖို့အကြံပေးရခြင်းအကြောင်းကတော့ ထမင်းစားပြီးပြီးခြင်းမှာ အသီးစားလိုက်ရင် အစာအိမ်မှာလေတွေဖောင်းပွနေတတ်လို့ပါ။ ဒါကြောင့် အနည်းဆုံး ထမင်စားပြီး ၁နာရီ
(သို့ )၂ နာရီခြားပြီးမှသာ(သို့) ၁နာရီကြိုတင် အသီးအနှံကိုစားဖို့တိုက်တွန်းရခြင်းပါ။)

၃။ လဘက်ရည်မသောက်ပါနဲ့။
(ဒါကတော့ကျွန်မတို့မြန်မာတွေအတွက်တော်တော်ခက်မယ်။ လဘက်သုပ်၊ လဘက်ရည်ဆိုတာ
မရှိမဖြစ်၊ မသောက်မနေမဟုတ်လား။ တစ်ခုရှိတယ်။ လဘက်ရွက်မှာပါဝင်တဲ့ အက်စစ်ဓာတ် ကအရမ်းပြင်းထန်ပါတယ်။ အဲဒီအက်စစ်ဓာတ်ကအစားအစာမှာပါဝင်တဲ့ပရိုတင်းကို အမြန်ချေဖျက် လိုက်တဲ့အတွက် အဟာရမဖြစ်စေတဲ့အပြင်အစာကြေချက်ဖို့လဲခက်ခဲစေတဲ့အတွက်ကြောင့်ပါ။)

၎။ ခါးပတ်ကိုမလျှော့ပါနဲ့။
(ထမင်းစားရင် လျှော့စားမယ်..လျှော့စားမယ်.. (ပုဆိုး၊ ဘောင်းဘီ၊ ထမီ) လို့နောက်တာ ခဏခဏကြားဖူးကြမှာပါ။ အစာစားပြီးပြီးချင်း ခါးမှာတင်းကျပ်နေတာဗိုက်ကျပ်တယ်
ဆိုပြီးလျှော့ချလိုက်တာက ဗိုက်ထဲမှာရှိတဲ့အူလိမ်သွားတာ.. ပိတ်သွားတာဖြစ်နိုင်ပါတယ်။)

၅။ ရေမချိုးပါနဲ့။
(အစာစားပြီးပြီးချင်းရေချိုးရင် ဗိုက်ပူမယ်၊ ရေဖျင်းစွဲမယ်လို့ လူကြီးတွေခဏခဏ
သတိပေးတာကြားဖူးကြမှာပါ။ တစ်ကယ်တော့အစာစားပြီးပြီးချင်းရေချိုးရင် လက်နဲ့ခြေထောက်
သွေးစီးဆင်းမှုကို မြန်ဆန်တိုးစေပြီးတော့ အစာအိမ်အနားမှာရှိသင့်တဲ့ သွေးပမာဏကို လျော့နည်းသွားစေပါတယ်။ ဒါဟာ သင့်အစာအိမ်ကြေချက်မယ့်အရေးကို
နှောင့်နှေးစေတတ်ပါတယ်။)

၆။ လမ်းမလျှောက်ပါနဲ့။
(ညနေထမင်းစားပြီးလမ်းလျှောက်ထွက်လိုက်အုံးမှ၊ ထမင်းစားလို့ဗိုက်တင်းပြီ..ဗိုက်ချောင်သွားအောင်လမ်းလျှောက်လိုက်မှမလုပ်ပါနဲ့နော်။ တစ်ချို့သူတွေကပြောသေးတယ်။ အစားစားပြီးပြီး ခြင်းခြေလှမ်းတစ်ရာလမ်းလျှောက်ရင်
အသက် ၉၉နှစ်ထိကျမ်းကျမ်းမာမာနေရတယ်တဲ့။တစ်ကယ်တော့အဲဒါမမှန်ပါဘူး။ အစာစားပြီးပြီးချင်းလမ်းလျှောက်လိုက်တာဟာ အစာအိမ်က ကိုယ်စားလိုက်တဲ့အစာ တွေကိုကြေချက်နေတဲ့အချိန်မှာအစားအစာကပါတဲ့အဟာရတွေကိုယ်ခန္တာအတွက် စုပ်ယူနိုင်ခြင်းမရှိတော့ပါဘူး။)

၇။ ချက်ချင်းမအိပ်ပါနဲ့။
(ဒါတော့ပျင်ရိခြင်း ၆ ပါးထဲကနောက်ဆုံးတစ်ချက်ပေါ့..အစာစားပြီးကျောဆန့်ခြေဆန့်
လှဲခြင်တာ..အစာအဆိပ်တက်တော့အိပ်ချင်လာတာ..ကျွန်မလဲဆင်ခြင်သင့်တယ်.. စားပြီးဗုန်းဆိုအိပ်ရာပေါ်ပစ်လှဲလိုက်တာဘဲ.. ဒါမကောင်းပါဘူး။ ကိုယ်စားလိုက်တဲ့အစာတွေမကြေချက်နိုင်တော့ဘဲနဲ့ အစာအိမ်ရောဂါဖြစ်လာတာတို့၊ အူနဲ့ပတ်သတ်တဲ့ရောဂါဆိုးတွေကိုဖြစ်စေနိုင်ပါသတဲ့။)


--နောက်ဆုံးပြောချင်တာကတော့ ကူးကူးသူငယ်ချင်းတစ်ယောက်ကဝေဌလို့ဒီအချက်တွေကိုသိရတာဖြစ်လို့ ကိုယ်သတိမမူဘဲပြုလေ့ပြုထရှိတဲ့အရာတွေ ကိုယ့်အတွက်ထိခိုက်စေတာကိုရှောင်ကျဉ်နိုင်ဖို့အတွက်နဲ့ သူငယ်ချင်းတို့လဲသိပြီးရင်တစ်ဆင့်ပြန်ဝေဌဖို့ဝန်မလေးပါနဲ့နော်။

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...