Skip to main content

ရေခဲသေတ္တာထဲမှာ

တစ်ခုခုစားချင်ပြီဆိုရင်ရေခဲသေတ္တာကိုသွားဖွင့်ကြည့်တာအကျင့်လိုဖြစ်နေပြီ... အိမ်မှာတော့ အုပ်ဆောင်းကိုလှန်ကြည့်တာ.. ဒီမှာတော့ကိုယ့်အားကိုယ်ကိုး ချက်မှစားရမှာဆိုတော့ ရေခဲသတ္တာကိုဖွင့် ဟိုချောင်းကြည့်ဒီချောင်းကြည့်...
ကဲကြည့်ရအောင်..ကူးကူးရေခဲသေတ္တာထဲမှာဘာတွေရှိလဲ??

အပေါ်ဆုံးကာထားတဲ့အထဲမှာ တော့..ချောကလက်ပေါင်းစုံကိုထည့်ထားပါတယ်.. လက်ဆောင်ရတဲ့ဟာတွေရော.. အဝေးကနေပို့ပေးတဲ့ချောကလက်တွေရော.. ဆရာတွေခရီးကပြန်လာတိုင်းပေးတဲ့ ချောကလက်တွေအကုန်ပြုံပြီးထည့်ထားတာပါ။
နောက်တစ်ဆင့်မှာတော့.. မြန်မာပြည်ကယူလာတဲ့ readymade စားစရာတွေ၊ မုန့်ဟင်းခါးထုပ်၊ ရှမ်းခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲ၊ လဘက်နဲ့အကြော်စုံ၊ ဘလချောင်ကြော်၊ မရမ်းသီးငပိကြော်၊ ဆတ်သားခြောက်ကြော်၊ ဗူးပန်းရောင်ထဲမှာတော့ မာမီကြော်ပေးလိုက်တဲ့ မန်ကျည်းသီးပုဇွန်ခြောက်ကြော်၊ ပြီးတော့ စင်ကာပူက ပို့ပေးတဲ့ Tom Yum နဲ့ အုန်းနို့အနှစ် ပုလင်း၊ နို့စိမ်းတစ်ဗူး၊ နို့ဆီတစ်ဗူး (fruit salad လုပ်ဖို့ရည်ရွယ်ပြီးဝယ်ထားတာ)၊ ပြီးတော့ နှမ်းပျစ်၊ ကျောက်ဖရုံယို၊ အမြဲစားနေတဲ့ cheese Slice၊ နောက်ပုလင်းအဖြူနဲ့က တစ်ကူးတစ်က အမေရိက ကပို့ပေးတဲ့ ပဲမှုန့်။
နောက်တစ်ဆင့်မှာတော့...ပေါ့ပေါ့လေးတွေဘဲထားတော့တယ်.. လေးလွန်းလို့ ကျိုးခါနီးနေပြီ...
Garden ပေါင်မုန့်ကြမ်း၊ ပန်းခြောက်ထုပ်၊ ရေညှိ (sushi လုပ်စားဖို့)၊ ပြီးတော့ ကြက်သွန် ဖြူ နီကို blender နဲ့ တစ်ခါထဲမွှေပြီး ထည့်ထားတာ..ချက်တဲ့အခါ အဆင်သင့်ဖြစ်နေအောင်... (ပျင်းတာ...ပျင်းတာ)

နောက်တစ်ဆင့်မှာတော့... ကျွတ်ကျွတ်အိတ်ထဲမှာ.. မက်မန်းသီး၊ အချဉ်ထုပ်၊ မရမ်းယို၊ ဇီးထုတ်၊ အစုံ။ ကီဝီသီး၊ ကြက်ဥ အဖြူ၊ အညိုက နောက်မှာ
အောက်ဆုံးဗုံးထဲက အကန့်မှာတော့ ဟင်းသီးဟင်းရွက် ၀ယ်သမျှကိုထည့်ပါတယ်။ ဒီနေ့တော့ ဂေါ်ဖီတစ်လုံး၊ ငရုတ်သီး၊ နံနံပင်၊ ပဲတီပေါက်၊ ကြက်ဟင်းခါးသီးတစ်လုံးနဲ့ ခရမ်းချဉ်သီး တွေရှိပါတယ်။ ဒီနေ့ဈေးပိတ်တော့ ဈေးမသွားရဘူး။
ကဲ..နောက်တစ်ခြမ်းကိုဆက်ကြည့်ရအောင်...

အပေါ်ဆုံးအတန်းမှာ LUPAK Butter , Salted & Unsalted တွေများကြီး..၀ယ်ထားတယ်.. အဲဒါ တစ်ခါတစ်လေညဖက်ဗိုက်ဆာရင် ပေါင်မုန့်နဲ့ စားတာလေ..
နောက်တစ်တန်းမှာတော့ ယိုပေါင်းစုံ၊ အုန်းယို၊ မြေပဲယို၊ Blueberry၊ အစုံ..အဲဒါ ပေါင်မုန့်နဲ့စားဖို့ ဆိုဘဲ...
ဘေးမှာတော့ ပုလင်းလေးသုံးလုံး..ဘာလဲသိလား... ဆီတိုဖူး.... ဒီမှာမရှိဘူး... အဲဒါ ပူပူ က ၀ယ်လာတာ..
နောက်တစ်တန်းမှာတော့ ပူပူ လေဆိပ်က ၀ယ်လာတဲ့ ၀ိုင်တစ်ပုလင်းရှိတယ်.. ကူးကူးမသောက်ဘူးနော်.. ပလတ်စတစ်တောင်မဖွင့်ရသေးဘူး..ဒီက custom ရစ်ရင်ပေးမလို့..မရစ်တော့လို့ ပြန်ယူလာတာ.. ပြီးတော့ ဧည့်သည်လာရင်တိုက်တဲ့ buko juice ၊ ကူးကူးလဲအရမ်းကြိုက်တယ်..အုန်းစိမ်နုနုလေးအရည်..အဖတ်လေးတွေလဲပါတယ်။ ကျန်တာကတော့ရေဗူးတွေ.. နဲ့ Cheese butter တစ်ပုလင်း။
အောက်ဆုံးမှာ တော့..cheese အခဲလိုက်တွေပါ... ၅တုံးလောက်ရှိမယ်.. Christmas တုန်းကသူများလက်ဆောင်ပေးထားတာတွေ... မစားနိုင်လို့ အဲဒီမှာဘဲထည့်ထားလိုက်တယ်။ ပြီးတော့ Sprite တစ်ဗူး၊ ပန်းသီး ဖျော်ရည်ဗူးကြီးတစ်ဗူး နဲ့.. ရေဗူးလေးတစ်လုံး ( donut's ဆိုင်ကလက်ဆောင်ပေးလိုက်တာ)

အပေါ်ဆုံးမှာတော့ ရေခဲလေးတွေလုပ်ထားတယ်.. ပြီးတော့ အသားငါးတွေထားတယ်.. ရေခဲမုန့်တွေလဲထားတယ်...

နို့ဗူး အပြင်ရောက်နေတာ.. ပူတင်းလုပ်တာလေ..ဒါကြောင့်..
ဖျော်ရည်ဗူးလေးကတော့..အပင်စိုက်ပြီးမောလို့သောက်တာ...
ဒါတွေကတော့ ရေခဲသေတ္တာထဲက ပစ္စည်းတွေပေါ့... မှန်ဗီရိုထဲကဟာတွေနောက်နေ့ဆက်မယ်...ဟီးဟီး...

Comments

  1. ဟီး
    ဥဥရေခဲသေတ္တာဟောင်းလောင်းကြီးကိုလဲဓါတ်ပုံရိုက်ဦးမယ်
    ခင်တဲ့
    ဥဥ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...